ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအမှတ်တရ

ဒီနေ့ မှာ မန်းလေးမြို့ရဲ့ အထင်ကရဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးမှာ စုပေါင်းပြီး အလှူဒါနအဖြစ် သံဃာတော်အပါး ၁၀၀၀ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူကြလေ့ရှိပါတယ် ။ နှစဉ်တိုင်းလှူဒါန်းနေကြတာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သလို သံဃာတော်အပါး ၂၀၀မှ ယနေ့ချိန်ဆို သံဃာတော်ဦးရေဟာ တိုးလာခဲ့ပါပြီ ။

ယခုလိုတိုးလာရခြင်းဟာလည်း လှူဒါန်းသူများပြားလာတာကို သက်သေပြနေသလိုပါဘဲ ။ မည်သည့်ဘာသာမဆို ပေးကမ်းလှူဒါန်းခြင်းသည် ကောင်းသောမင်္ဂလာတပါးပါ ။ ဗုဒ္ဓဘာသာဝင်များရဲ့ အလှူအတန်း များပြားလာတာကိုတွေ့ရတော့ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ ကျမလဲ ကျေနပ်ပီတိဖြစ်ရတာပေါ့ ။

received_217421722161892.jpeg

ကျမမှတ်မိသလောက်က ကျမတို့ မိသားစု တတ်နိုင်သလောက် ယခုလို လှူဒါန်းလာတာဟာ မဟာမြတ်မုနိဘုရားကြီးရဲ့ ဆွမ်းဆန်စိမ်းလှူဒါန်းကုသိုလ်ယူမှုဟာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီရှင် ။

တခြားလှူဒါန်းကြတဲ့ အလှူရှင်အများအပြားနဲ့အတူ မိမိတတ်နိုင်ရာကို ပေါင်းစုလှူဒါန်းရတာဟာ အလွန်ပျော်စရာကောင်းပြီး ပီတိနဲ့အတူ ဂုဏ်ယူမိပါတယ် ။ ကျမတို့ လှူဒါန်းတဲ့ပစ္စည်းများကတော့ ဆန် ၄လုံး ဆပ်ပြာမှုန့် တထုတ် အချိုရည်တလုံးနဲ့ ငွေသား၂၀၀ ကို သံဃာတဦးစီကို လှူဒါန်းပါတယ် ။

received_217421742161890.jpeg

တခြားလှူဒါန်းသူတွေကလည်း ကျမတို့ လိုပါဘဲ သံဃာတဦးချင်းစီအတွက် ခွဲပြီး မိမိတတ်နိုင်တဲ့အချိုးအစားတိုင်း လှူဒါန်းကြပါတယ် ။ တဦးချင်းအလှူကနေ အများစုပေါင်းလိုက်တော့ သံဃာတဦးစီမှာက အလှူပစ္စည်းတွေဟာ နောက်က ကပ္ပိယဒကာများက ကားနဲ့လိုက်သယ်ပေးရတဲ့အထိ များပြားစွာရှိကြပါတယ် ။

ဒီအလှူကိုကြည့်ခြင်းဟာဖြင့် အများစုပေါင်းခြင်းဟာ ညီညွတ်ခဲ့မယ်ဆိုရင် ရရှိလာတဲ့အကျိုးဟာလည်း များပြားလာတာကို သိရပါတယ် ။ စိတ်တူကိုယ်တူနဲ့ လှူဒါန်းကြတဲ့ ယခုဆွ်းဆန်စိမ်းအလှူပွဲဟာ မိမိအသိစိတ်ဓာတ်ဖြင့် စုပေါင်းလှူကြသော ဒါနကုသိုလ်ယူမှုလဲဖြစ်ပါတယ် ။ မည်သူက လှူရမယ် ဘယ်လောက် ဘယ်လိုလှူပါဆိုတဲ့ တိုက်တွန်းနှိုးဆော်ခြင်းမျိုး မည်သူကမှမပြုပါ ။

မွန်မြတ်သောအလှူဒါနဖြစ်တာကြောင့် အလှူရှင်အားလုံးကိုယ်စား ကျမက ဗုဒ္ဓဘာသာဝင်တို့ ၏ ထုံးစံအတိုင်း စတီးမစ်သူငယ်ချင်းများအား ပီတိဖြစ်စေရန်နှင့် ကုသိုလ်ဒါနကိုလည်း အမျှပေးဝေလိုက်ပါတယ်ရှင် ။
နတ်လူသာဓု ခေါ်စေသော်

@pyaesonekhinkhin

MSC 021

steemit တင်ရန် တနာရီအတွင်းအပြီးရေးသည် ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center