Love u Mom!

လွမ်းတယ်မာမီ ……

မိခင်တယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ စေတနာမေတ္တာတွေကို ပိုပြီးသိမြင်လာခဲ့ပြီ ။

သားသမီးမွေးရတာဟာ အသက်နဲ့ရင်းပြီး မွေးဖွားခဲ့ရတာကို စာတွေ video တွေထဲမှာတော့ မိဘကျေးဇူးကြီးမားလှကြောင်း ဖတ်ဖူးခဲ့ပြီးသားပါ ။

သမီး လက်တွေ့မြင်ဘူးခဲ့ရတော့ ပိုပြီးလေးလေးနက်နက် သိမြင်လာခဲ့ရတာပါ ။

စာကျက်နေရင်း ကိုယ်ဝန်ဆောင်အမဝမ်းကွဲက သူဗိုက်နာနေပြီလို့ ပြောရင်း တအိမ်လုံးက မီးဖွားဘို့  ဆေးခန်းကိုသွားရန်စီစဉ်နေကြပါတယ် ။

နာလို့မျက်နှာမဲ့နေတဲ့အမကိုကြည့်ရင်း B Pyae လဲလိုက်မယ်ဆိုပြီး ဆေးခန်းကိုလိုက်သွားခဲ့တာ ဆေးခန်းရောက်တော့ ပြင်ဆင်စရာပြင်ဆင်နေတုန်း ခနအကြာမှာ ခလေးမွေးဖွားဘို့  ခွဲခန်းဆီကို ခေါ်သွားပါတော့တယ် ။

ခွဲခန်းပေါက်ထိ မိသားတစုလိုက်ပို့ကြပြီး ဆရာမများက တံခါးကိုပိတ်လိုက်ကြပါတယ် ။ မွေးခန်းကို မှန်ထဲက မြင်သာအောင် ဆရာမက လိုက်ကာနဲနဲဟ ပေးထားတော့ မွေးခန်းထဲက အမက ဗိုက်နာလို့ အော်လိုက် B Pyae တို့ ကိုကြည့်လိုက် လုပ်နေတော့တာ ။

B Pyae ကို ထားခဲ့ပြီး အခန်းက အနှီးဘာညာပြန်ယူအုံးမယ် ပြင်ဆင်အုံးမယ်ဆိုပြီးထွက်အသွားမှာ အထဲက ဆရာမက အမနားလာမလား ပိုးသတ်အကျီ င်္ဝတ်ဆိုပြီးလာပြောတော့ B Pyae လဲ ယောင်တောင်တောင်နဲ့ ပါသွားတာပေါ့ ။

လက်တွေ့ကလေးမွေးဖွားရတာ မလွယ်ကူပုံကို အဲဒီမှာ စတင်တွေ့ဘူးတော့တာပါဘဲ ။ အမဝမ်းကွဲအော်နေတာကိုကြည့်ပြီး မာမီကိုပြေးမြင်မိပါတယ် ။ B Pyae ကိုမွေးစဉ်ကလဲ ဒီလိုဆိုတာလဲ ခံစားမိလာပါတယ် ။

ဒါကြောင့် B Pyae လေ မာမိမေတ္တာကြီးမားတာကိုလည်း အရင်ထက်ပိုပြီး သိပါပြီ ။ မာမီစိတ်ညစ်အောင်လဲ မလုပ်တော့ဘူးလို့  ဆုံးဖြတ်မိပါတယ် ။

received_335764980302010.jpeg

Love u Mom

@pyaesonekhinkhin

H2
H3
H4
3 columns
2 columns
1 column
Join the conversation now