မုလအိ ဘုရား

.IMG_၂၀၁၈၀၆၁၀_၁၈၃၂၀၇_၄၃၆.jpgရန်​ကုန်​က​နေမြဝတီကိုအရင်​သွားပါ..
.
ကရင်ပြည်နယ်ရဲ့ မိုးသားတိမ်တိုက်တွေဝန်းရံထားတဲ့ တောင်တစ်တောင်ပေါ်မှာ လူသူအရောက်အပေါက်နည်းပြီး ထိုင်းနိုင်ငံသားတွေပါ ကိုးကွယ်ကြတဲ့ ဆံတော်ရှင် မုလအိဆိုတဲ့ သမိုင်းဝင်စေတီ ရှိပါတယ်။
IMG_၂၀၁၈၀၆၁၀_၁၈၃၁၄၄_၆၄၉.jpg
အဲဒီဘုရားနှစ်ဆူဟာ ကရင်ပြည်နယ်ရဲ့ တောင်ဘက်စွန်းက မုလရစ်တောင်ပေါ်မှာရှိပါတယ်။ မြ၀တီမြို့ရဲ့တောင်ဘက် ၄၄ မိုင်ခန့်ဝေးတဲ့ ဝေါလေမြိုင်မြို့မရောက်ခင် ဥကရာဇ်ထရွာကနေ မုလအိဘုရားရှိရာ တောင်ပေါ်ကိုသွားတဲ့ လမ်းခွဲရှိပါတယ်။
စုကလိမြို့နယ်သို့ဆိုင်းဘုတ်ကိုမြင်ရမှာဖြစ်ပြီး အဲဒီလမ်းအတိုင်းသွားရမှာပါ။ အဲဒီလမ်းခွဲကနေ ဘုရားရှိရာတောင်ခြေက ၀ိသောထရွာကို ၁၅ မိုင်ခန့်ဝေးပါတယ်။ ၀ိသောထရွာကိုရောက်ရင်တော့ တောင်ပေါ်ကိုတက်တဲ့ 4 wheel, Vigo ကားတွေ ရွာထဲမှာ ငှားလို့ရပါတယ်။ တောင်ပေါ်ကိုအသွားအပြန် ဘတ် ၄၅၀ ၀န်းကျင် ပေးရပါတယ်။ (တစ်ခုသတိထားရမှာက အဲဒီဒေသက မြန်မာပိုင်နက်ဆိုပေမယ့် ထိုင်းဘတ်ငွေသုံးကြတာများပါတယ်။ ထိုင်းဘတ်ငွေဆောင်သွားကြဖို့ပါ။)

ဘုရားရှိရာတောင်ထိပ်ကိုမရောက်ခင် လမ်းခုလတ်မှာ ရေမိုးချိုး ကိုယ်လက်သန့်စင် ခေါင်းဆေးမင်္ဂလာပြုပြီးမှ တောင်ပေါ်ကို ဆက်တက်လို့ရပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး တစ်နေရာစီ ခွဲချိုးရပါတယ်။ ရေကတော့ ကျောက်စက်ရေလို အေးစိမ့်နေတာပါပဲ။

မုလအိတောင်ရဲ့ ထူးခြားချက်ကတော့ -
(၁) တောင်ထိပ်စေတီသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဋ္ဌာပနာပူဇော်ထားရှိခြင်း။

(၂) တောင်ပေါ်တက်လျှင် သက်သတ်လွတ်စားရပြီး အရက်သေစာသောက်စားခြင်း - ယူဆောင်ခြင်းမပြုရ၊ ချိုးဖောက်လျှင် တစ်ခုခုဖြစ်တတ်သည်။

(၃) တောင်ပေါ်တွင် အမျိုးသားဘုရားနှင့် အမျိုးသမီးဘုရားရှိပြီး သပ်သပ်ဖူးမြော်ရသည်။ အမျိုးသားနှင့် အမျိုးသမီးပေါင်းပြီး ဖူးမြော်လျှင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း။ လျှပ်စီးလက်ပြီး မိုးရွာချခြင်း။

(၄) အပြောအဆိုအမူအရာ တစ်ခုခုမှားခြင်း၊ အရက်သေစာသောက်စားခြင်း ပြုလုပ်ပါက တောကောင်ကြီးများ မထင်မှတ်ဘဲ ပေါ်လာပြီး လူကိုအန္တရာယ်ပြုတတ်ခြင်း။

(၅) တောင်ပေါ်သို့ သွယ်တန်းထားသော ရေပိုက်အား အမျိုးသမီးကိုင်တွယ်ခဲ့ပါက တောင်ပေါ်ရေမတက်ခြင်း။
ပြန်လည်တောင်းပန်မှ သုံး၊ လေးရက်ကြာမှ ရေပြန်တက်ခြင်း။

(၆) တောင်အောက် ရေထွက်နေရာသို့ အမျိုးသမီးသွားလာ၍ မရခြင်း။ တကယ်လို့သွားရောက်ခဲ့ပါက ရေထွက်ရှိမှု ခန်းခြောက်၍ ပြန်တောင်းပန်မှ ရေပြန်ထွက်ခြင်း။

(၇) တောင်ထိပ်တွင် သီတင်းသုံးရန် သမာဓိအားမကောင်းသော ရဟန်းများမမြဲခြင်း။

(၈) အရေးကြီး ပုဂ္ဂိုလ်များ လာရောက်ဖူးမြော်လျှင် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းမရှိပါက တောင်ထိပ်မရောက်ခင် လျှပ်စီးလက်၍ အချိန်အခါမဟုတ် မိုးရွာချခြင်းတို့ဖြစ်ပါတယ်။

မုလအိ စေတီနှစ်ဆူ (အမျိုးသားဘုရားနဲ့ အမျိုးသမီးဘုရား) ရှိရာမှာ အမျိုးသားဘုရားကို အမျိုးသမီးများ ဖူးမြော်ခွင့်မရှိပါဘူး။ မုလအိစေတီအစစ်ကတော့ တောင်ထိပ်ပေါ်က စေတီဖြစ်ပြီး အမျိုးသမီးဘုရားကတော့ တောင်ပေါ်က မုလအိဘုရားကို အမျိုးသမီးတွေ ဖူးခွင့်မရတော့ တောင်အောက်မှာ စေတီတစ်ဆူတည်ပြီး အမျိုးသမီးဘုရားလို့ ခေါ်ဝေါ်ကြတာပါ။

နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့မှာ ဘုရားပွဲကျင်းပလေ့ရှိပါတယ်။ ထိုင်းနိုင်ငံသားအများအပြားလည်း ကိုးကွယ်ဆည်းကမ်းကြပါတယ်။

မုလအိဘုရားဟာ အမြင့်ပေ ၆၆၀၀ ကျော်ရှိတဲ့ တောင်ပေါ်မှာ တည်ထားလို့ ကျိုက်ထီးရိုးဘုရားထက် နှစ်ဆကျော်မြင့်ပါတယ်။ ကျိုက်ထီးရိုးဘုရားရှိရာတောင်က ပေ ၃၀၀၀ ကျော်သာမြင့်ပါတယ်။ မိုးတွင်းအခါမှာတော့ လမ်းပန်းမသာလို့ လာရောက်ဖူးမြော်သူ ရှားပါးပါတယ်။ တိမ်တောင်တိမ်လိပ်တွေကြား သမိုင်းဝင် မုလအိဘုရားကို သွားရောက်ဖူးမြော်ချင်တယ်ဆိုရင် ခုလို လမ်းပန်းသာတဲ့ ရာသီဥတုတွေမှာ သွားရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းချင်ပါတယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now