ကိုယ့်ဘဝကောင်းဖို့အတွက် ရှင်းပြစ်ရမယ့် အချက် (၈) ချက်

ကိုယ့်ဘဝကိုပိုကောင်းအောင်ပြောင်းလဲချင်တယ်
ချမ်းသာချင်တယ်
အောင်မြင်ချင်တယ်
ကိုယ်ပန်းတိုင်ချတဲ့အတိုင်း ကိုယ့်ဘဝကိုဖြတ်သန်းချင်တယ် ဆိုရင်
.
အရင်ဆုံး ကိုယ့်အခုဘဝထဲမှာ ကိုယ်ရှင်းပြစ်ရမယ့်အချက်ကို သိရမှာပါ
အဲ့ဒါမှ ကိုယ့်ဘဝအောင်မြင်မှုထားဖို့အတွက် နေရာအလွတ်ရှိမှာပါ
.
.
(1) အကြောင်းပြချက်ကိုရှင်းထုတ်ပါ
.
ဒီနေ့ထိ သင့်ဘဝရှေ့ဆက်မတိုးတက်တာ ဘာကြောင့်လဲ ...
အရင်းမရှိလို့ ၊ အချိန်မရှိလို့ ၊ ကိုယ့်ကိုကူညီပေးမယ့်သူမရှိလို့ ၊ အခွင့်အရေးမရှိလို့ ၊ ပညာအရည်အချင်းနဲလို့ ၊ ကိုယ်တက်ခဲ့တဲ့ကျောင်းမကောင်းလို့ ၊ စသဖြင့် အကြောင်းပြချက်တွေကြောင့်ပါ
.
အကုန်လုံးက အကြောင်းပြချက်တွေပါပဲ !!!!
.
ဘာဖြစ်လို့လဲဆိုတော့
အကယ်၍ ဒီကမ္ဘာပေါ်မှာ သင့်လိုမျိုးပြဿနာရှိပြီးတော့ သူတို့က အောင်မြင်နိုင်တယ်ဆိုရင် ဆိုလိုတဲ့သဘောက သင်လဲအောင်မြင်ရမှာပဲလေ
.
Earl Nightingale ကပြောဖူးပါတယ်
.
“ ကိုယ့်ဘဝရလာဒ်က ကိုယ်အပေါ် 100% သက်ဆိုင်ပါတယ်
ဒါပေမဲ့ အောင်မြင်တဲ့သူကပဲ ဒီစကားကိုလက်ခံပါတယ်”
.
ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ အကြောင်းပြချက်အားလုံးကိုရှင်းထုတ်ပြစ်လိုက်ပါ ပြီးရင် ဘဝက အရင်ထက်ပိုပြီးတော့ကောင်းလာမှာ အာမခံပါတယ်
bold
(2) perfect အားလုံးပြီးပြည့်စုံမှလုပ်မယ်ဆိုတဲ့စိတ်ကို ရှင်းပြစ်ရမှာပါ
.
အကယ်၍သင်အကုန်လုံး အဆင်သင့်ဖြစ်တဲ့ရက်ကို စောင့်ပြီးမှ အရာတစ်ခုကိုစလုပ်မယ်ဆိုရင် ဒီဘဝမှာ သင်ဘာမှလုပ်ရမှာ မဟုတ်ဘူးလို့ ပြောရဲပါတယ်
.
ပြီးပြည့်စုံခြင်းဆိုတာက ကိုယ့်ကိုဖျက်ဆီးမယ့် ရောဂါပိုးတစ်မျိုးလိုပါပဲ
.
ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ကို ဘာမှလုပ်လို့မရအောင်သူက ဖျက်ဆီးနိုင်လို့ပါ
.
တကယ်ပြောရမယ်ဆိုရင် ကိုယ့်ဘဝထဲမှာဖြစ်ပေါ်လာတဲ့အရာမှန်သမျှ ကိုယ်အဆင်သင့်မဖြစ်တဲ့ချိန်မှာဖြစ်လာတတ်ပါတယ်။
.
တချိန်တုန်းက အဆင်သင့်မဖြစ်ပဲ စာမေးပွဲဖြေခဲ့ဖူးမှာပါ
တချိန်တုန်းက ကိုယ်အဆင်သင့်မဖြစ်ပဲနဲ့ အလုပ်ဝင်ခဲ့ဖူးမှာပါ
တချိန်တုန်းက အရည်အချင်းအကုန်အဆင်သင့်မဖြစ်ပဲနဲ့ စီးပွားရေးစခဲ့တဲ့သူရှိမှာပါ
.
ဒါပေမဲ့ အဲ့ဒီအရာတွေကို ကျော်ဖြတ်လာနိုင်ခဲ့ပြီ မဟုတ်လား ?
.
ဒါကြောင့်ကိုယ့်တန်ဖိုးရှိတဲ့ အချိန်ကို မဖြုန်းတော့ပါနဲ့
ဘဝဆိုတာ ( စလုပ်ရမယ် - ကျရှုံးမယ် သင်ယူမယ် ပုပြင်မယ်နောက်တစ်ခါပြန်စမယ်)
ဒီလိုပဲ စက်ဝိုင်းလိုမျိုးဖြစ်နေမှာပါ
.
.
ဒါကြောင့် ကိုယ့်ဆီမှာရှိတဲ့ Perfectionist ကိုရှင်းပြစ်နိုင်မယ်ဆိုရင် ကိုယ့်ဘဝပိုပြီးတော့ကောင်းလာမှာပါရှင့်
.
.
3 ကြောက်စိတ်ကိုရှင်းပြစ်ပါ
.

  • မျက်နှာပျက်မှာဆိုးတယ်
  • သူများငြင်းပျယ်ခံရမှာကိုဆိုးတယ်
  • အရှက်ကွဲမှာကြောက်တယ်
  • သူများအမြင်ကြည့်မကောင်းမှာဆိုးတယ်
  • ကျရှုံးဖို့ကြောက်တယ်
  • သူများကိုယ့်ကိုမထောက်ခံမှာဆိုးတယ်
    .
    လူတိုင်းမှာအကြောက်တရားဆိုတာရှိကြပါတယ်
    .
    ဘာဖြစ်လို့လဲဆိုတော့
    .
    လူဆိုတာဖြစ်လာရင် နန်းတို့က ကိုယ်လွတ်ရုန်းပေးနိုင်တဲ့ အရည်အချင်းရှိပါတယ်
    အရင်ခေတ်ကတည်းက နန်းတို့အစားအစာအတွက် တိရိစ္ဆာန်တွေကိုဖမ်းရတယ်
    ပြီးတော့ တခြားတိရိစ္ဆာန်တွေရဲ့ အစားအစာတွေမဖြစ်အောင်လဲ ကိုယ်လွတ်ရုန်းရပါတယ်
    .
    ဒါကြောင့် အကြောက်တရားဆိုတာက နန်းတို့လူတွေကိုအခုထိမျိုးမတုန်းအောင် ကူညီပေးတဲ့အရာလေးတစ်ခုဖြစ်ပါတယ်
    .
    ဒါပေမဲ့ အဲ့ဒီအကြောက်တရားကြောင့် ကိုယ့်ဘဝအောင်မြင်မှုကိုမတားဆီးစေပါနဲ့
    .
    အောင်မြင်တဲ့သူက အကြောက်တရားမရှိဘူးလို့ပြောတာမဟုတ်ပါဘူး
    ဒါပေမဲ့ သူတို့ကဘယ်ချိန်မှာ ကြောက်သင့်လဲ ၊ ဘယ်ချိန်မှာမကြောက်သင့်လဲဆိုတာ သူတို့တွေသိတယ်
    .
    4 အားလုံးထိန်းချုပ်ရမယ်ဆိုတဲ့စိတ်ကို ရှင်းပြစ်ရပါမယ်
    .
    နန်းတို့အရာရာတိုင်းကိုထိန်းချုပ်လို့မရပါဘူး ၊ တချို့အရာတွေလဲ နန်းတို့ထိန်းချုပ်လို့မရပါဘူး ၊ တချို့အရာတွေလဲ နန်းတို့ထိန်းချုပ်လို့ရတယ်
    .
    အဲ့ဒါကြောင့် ကိုယ့်ဘဝထဲမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာကိုပဲ အလေးထား focus လုပ်သင့်ပါတယ်
    ဥပမာ ကိုယ့်ကိုကိုယ်ထိန်းချုပ်လို့ရပါတယ် ၊ ကိုယ့်ရဲ့ခံစားချက်feeling ၊ ကိုယ်ပြောတဲ့စကားလေးတွေကို ကို focus လုပ်ရပါမယ်
    .
    အကယ်၍ ကိုယ်က ကိုယ်မဟုတ်တဲ့အရာတစ်ခုခုကို ထိန်းချုပ်ဖို့လုပ်တယ်ဆိုရင် ကိုယ်စိတ်ဆင်းရဲယုံတင်မက တခါတလေ ကိုယ့်ကိုမထိန်းချုပ်နိုင်ဘူးလို့ခံစားရပြီးတော့ သူများကိုထိန်းချုပ်ချင်စိတ်ရလာပါတယ်
    .
    .
    ဒါကြောင့် အရာအားလုံးကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့ စိတ်ကိုရအောင်ရှင်းပြစ်ပါ ။ ဒါမှ ဒီတစ်ကမ္ဘာက ပိုပြီးနေချင်စရာကောင်းလာလိမ့်မယ်
    .
    .
    5 Mindset အဟောင်းတွေကို ရှင်းပြစ်ပါ
    .
    သင်အခုဒီနေ့အခြေအနေထိရောက်အောင် တချို့သောအတွေးအခေါ် ၊ Mindset တွေက ခေါ်ဆောင်လာတာပါ
    .
    ဒါပေမဲ့ အကယ်၍ ကိုယ်ဒီဘဝပန်းတိုင်က အခုလက်ရှိထက်အရမ်းဝေးတယ်ဆိုရင် ကိုယ်အရင်က Mindset အဟောင်းတွေကို ရှင်းပြစ်ရမယ်
    .
    ဥပမာ - ကိုယ့်ပန်းတိုင်က မြို့ထဲသွားချင်တယ် ၊ ဒါပေမဲ့ ကိုယ့်ရဲ့
    အိတ်ထဲမှာ မြို့ထဲကိုပါသွားလို့မရတဲ့ ပစ္စည်းရှိတယ်ဆိုရင် ၊ ဒီပစ္စည်းကိုပါရင် ဝင်ခွင့်မရဘူးဆိုရင် ပြီးတော့ အဲ့ဒီ ပစ္စည်းက သင့်အတွက်အရေးကြီးတဲ့ ပစ္စည်းမဟုတ်ပါဘူးဆိုရင် သင်က အဲ့ဒီပစ္စည်းကိုပြစ်လိုက်ရမှာပါပဲမဟုတ်လား
    .
    ကိုယ်ဖြစ်ချင်တဲ့သူ ၊ ကိုယ်သူ့လိုမျိုးအောင်မြင်ချင်တဲ့သူကိုကြည့်လိုက်ပါ ။ သူတို့ဆီမှာ သင်နဲ့မတူတဲ့ mindset တစ်ချို့တွေရှိတယ် ။
    .
    အဲ့ဒီ mindset ကိုရအောင်ယူပါ
    ကိုယ့်ဆီဝင်လာအောင်လုပ်ပါ
    ဒါမှ ကိုယ့်ဘဝကရှေ့ဆက်တိုးတက်မှာပါ
    .
    .
    (6 ချက်ချင်းအောင်မြင်ချင်တဲ့စိတ်ကို ရှင်းပြစ်ပါ
    .
    အခုချက်ချင်း ချမ်းသာချင်တဲ့ စိတ်ခံစားချက် feeling
    ဒီနေ့အိပ်ပြီး မနက်မိုးလင်းလာတာနဲ့ ချမ်းသာချင်စိတ်ကိုရှင်းပြစ်ပါ
    ဒါပေမဲ့ အဲ့ဒီအရာတွေကနန်းတို့လူတိုင်းကြိုက်တဲ့အရာတွေဖြစ်ပါတယ်
    .
    အကယ်၍ လူတွေက အဲ့ဒီခံစားချက်ကိုမကြိုက်ဘူးဆိုရင်
    နန်းတို့ငယ်ငယ်ကတည်းကနေ အခုထိ ထီတွေအဲ့လောက်ထိရောင်းရတာလဲ
    .
    ဒါပေမဲ့ တကယ်ဘဝထဲက အောင်မြင်မှု က အရာနှစ်ခုနဲ့အမြဲလဲရပါတယ်
    အဲ့ဒါကတော့ နန်းတို့ရဲ့ ကြိုးစားမှုနဲ့ ပေးဆပ်မှုပါပဲ
    .
    ဒီအရာနှစ်ခုက အောင်မြင်တဲ့သူတိုင်း ပေးချေရတဲ့အရာလေးနှစ်ခုဖြစ်ပါတယ်
    .
    ဒါပေမဲ့ ကိုယ်ကမပေးချင်ဘူးဆိုရင်တော့ နေ့တိုင်းမအိပ်ချင် မနက်ဖြန်မိုးလင်းလာရင် ချက်ချင်းအောင်မြင်ပါစေ ၊ ချမ်းသာပါစေလို့ဆုတောင်းရမှာပါ
    .
    အကယ်၍ ကိုယ်က အဲ့ဒီခံစားချက်ကိုပေးချေတယ် ပြီးတော့ ကြိုးစားမှုနဲ့ပေးဆပ်တယ်ဆိုရင် အောင်မြင်မှုက သင့်ဆီကိုရောက်လာပါလိမ့်မယ်
    .
    .
    (7) အဆိုးဖက်တွေးတဲ့ အတွေးကို ရှင်းပြစ်ပါ
    .
    အဆိုးဖက်မြင်တတ်တဲ့သူ ၊ သူများအကြောင်းအတင်းပြောတတ်တဲ့သူ တွေအားလုံးကကောင်းကောင်းကြည့်မယ်ဆိုရင် အားလုံးက လူကောင်းတွေပါပဲ
    .
    ဒါပေမဲ့ သူ့ဘဝထဲမှာ အကြောင်းအရာလေးတစ်ခုကြောင့် သူဒီနေ့လိုဖြစ်နေတာပါ
    .
    အဓိကအကြောင်းအရာက အကောင်းဘက်ပဲတွေးတွေး ၊ အဆိုးဘက်ပဲတွေးတွေး အားလုံးက ရေရှည်ကုရမယ့်ရောဂါဖြစ်ပါတယ်
    .
    အကယ်၍ ကိုယ်က အကောင်းဘက်တွေးတယ် ၊ သူတစ်ယောက်က အဆိုးဘက်တွေးတတ်တယ်ဆိုရင် နှစ်ယောက်လုံးပေါင်းလိုက်ရင် ကိုယ်ကသူ့ရောဂါမကပ်ရင် သူကကိုယ့်ရောဂါကိုကပ်မှာပါပဲ
    .
    ဒါပေမဲ့ များသောအားဖြင့်က အဆိုးဘက်ပါသွားတာများတဲ့အတွက် ကိုယ်ကကိုယ့်ကိုကိုယ်အဆိုးဘက်မတွေးဖို့ကြိုးစားတဲ့အပြင် အဆိုးဘက်မြင်တဲ့သူကို ဝေးအောင်ရှောင်တာအကောင်းဆုံးပါပဲ
    .
    အကယ်၍ သင်အဆင်ပြေကောင်းလာတယ်ဆိုရင် သူကလဲနောက်ကျရင် သင့်နောက်ကိုလိုက်လာမှာပါပဲ
    .
    .
    (8) မငြင်းရဲတဲ့စိတ်ကိုရှင်းပြစ်ပါ
    .
    လူအများစုက အမြဲတမ်း Say Yes လုပ်ရမယ်လို့ထင်တတ်ကြတယ်
    အဲ့ဒါမှ ကိုယ့်ကိုလူကြိုက်မယ် ၊ စေတနာရှိတဲ့သူဖြစ်မယ် ။ လူကောင်းတစ်ယောက်ဖြစ်မယ်လို့မြင်ကြမှာပါ
    .
    .
    ဒီလိုနဲ့အားလုံးက Say Yes လုပ်ပြီးတော့ ကိုယ့်ကိုကိုယ်ဦးနှောက်ကိုက်အောင်ဖြေရှင်းရပါတော့တယ် ။ ဒီလိုနဲ့သူများအကြောင်းတွေလိုက်ရှင်းပြီးတော့ ကိုယ့်အကြောင်းတောင်စဉ်းစားချိန်မရှိဘူးဖြစ်တတ်ပါတယ်
    .
    သင်လိုချင်တဲ့ဖြစ်ချင်တဲ့အရာတိုင်းကို သင် Say Yes လုပ်လို့ရတယ် ။ ဒါပေမဲ့ သင့်မလိုချင်တဲ့အရာဖြစ်လာတယ်ဆိုရင် သင်ငြင်းပိုင်ခွင့်ရှိတယ် ။ Say No လုပ်လို့ရတယ်။
    .
    အဲ့လိုလုပ်လို့ကိုယ့်တကိုယ်ကောင်းဆန်တယ်ဆိုတာမဟုတ်ဘူး။ ကိုယ်ဘယ်သူ့ကိုမှ သွားပြီးတော့ နှိုင်းယှဉ်စရာမလိုပါဘူး
    .
    ဒီအပိုင်းမှာ သင်က အတွေးအခေါ်တွေကို အသစ်ပြင်ဆင်နိုင်တယ်ဆိုရင် သင့်ဘဝက ဒီထက်ပိုပြီးတော့အဆင်ပြေပါလိမ့်မယ် ။ ပြီးတော့ သင်လိုချင်တဲ့ပန်းတိုင်ပိုအမြန်ဆုံးရောက်အောင် လျှောက်လမ်းနိုင်မှာပါ။
    .FB_IMG_1516016324796.jpg
    ချစ်တဲ့သူ ၊ ကြိုက်တဲ့သူကို ဗဟုသုတကောင်းကောင်းလေး မျှဝေလိုက်ကြပါအုံးနော်
    လူတိုင်းဘဝမှာပိုပြီးတော့ တိုးတက်လာမှာပါFB_IMG_1516016363406.jpg
    @phyozaw12
H2
H3
H4
3 columns
2 columns
1 column
Join the conversation now