ဗြဟ္မာစိုရ်တရား(၄)ပါး

image

ကျွန်တော်ငယ်စဉ်က အဖိုး၊အဖွားဆိုလို့ အဖေ့ဘက်က အဖွားသာ သက်ရှိထင်ရှား မှီခဲ့ပါသည်။ ပွဲတော်ရက်တွေဆို အဖွားသည် အိမ်ကို တကူးတက လာခေါ်တတ်သည်။ ညီအကိုဝမ်းကွဲတွေကိုလဲ ကျွန်တော့်လိုပင် သူအိမ်သို့ ခေါ်ထားတတ်သည်။ထိုကြောင့် ပွဲတော်ရက်တွေဆို အဖွားအိမ်၌ လူစည်ကားနေတတ်၏။

အဖွား၏အိမ်သည် ဧရာဝတီမြစ်ကမ်းနားဘေးတွင်တည်ရှိပါသည်။ မြစ်ဘက်သို့ တံတားရှည်ထိုးထားသောကြောင့် တံတားပေါ်မှနေ၍ ညနေစည်းဆာ ကိုလဲကြည့်နိုင်ပါသည်။

image

သီတင်းကျွတ်လပြည့်ညတစ်ညတွင် အဖွားက ကျွန်တော်တို့မျောက်လောင်းတသိုက်ကို တံတားပေါ်၌ ပုံပြင်များပြောပြနေပါသည်။ စားစရာ လဖတ်နှင့် ရေနွေချမ်း တို့ကိုလည်းပြင်ဆင်ပေးထားပါတယ်။ လမင်းကြီးက ထိန်ထိန်သာနေပါသည်။ မြစ်ပြင်ကိုဖြတ်တိုက်လာသော လေနုအေးကြောင့် ထိုတစ်ညသည် အလွန်တရာ သာယာလှပါသည်။ ပြန်ပြောလျှင်ဖြင့်ထိုအချိန်တွေကို ပြန်လည်လွမ်းဆွတ်မိပါတယ်။

အဖွားသည် လမင်းကြီးကိုကြည့်၍ လမင်းကြီးကအေးချမ်းတယ် ငါ့မြေးတို့ မင်းတို့ကော မအေးချမ်းချင်ဘူးလားလို့လားမေးတယ်။ အေးချမ်းချင်ပါတယ်ပေါ့ ကျွန်တော်တို့အားလုံး ဖြေလိုက်ကြတယ်။ ဘဝမှာအေးချမ်းချင်ရင် ဗြဟ္မာစိုရ် တရား(၄)ပါးကို လက်ကိုင်ထား ကျင့်သုံးရတယ်ငါမြေးတို့လို့ပြောပြီး ရေနွေးကြမ်းတစ်ခွတ်မော့သောက်လိုက်ပာတယ်။

ပြီးတော့မှ ဗြဟ္မာစိုရ်တရား(၄)ပါးဆိုတာက မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ပဲငါ့မြေးတို့ သူတို့မရှိရင်
ဒီလောကကြီးဟာ ပူလောင်နေလိမ့်မယ်။ သူတို့ကဘာတွေလဲလို့မေးတော့ အဖွားက ငါမြေးတို့နားလည်အောင်ရှင်းပြရတာပေါ့။

image

ပထမဆုံး "မေတ္တာ" ဆိုတာဘာလဲဆိုတော့ သူတစ်ပါးကို ကိုယ်ချင်းစာစိတ်ထားပြီး ကိုယ်ပြည့်စုံသလို ပြည့်စုံစေချင်တာ။ ချမ်းသာစေချင်တာ။ ပျော်ရွှင်စေချင်တာပဲ ဖြစ်တယ်လို့ပြောပါတယ်။ အဲ့လိုမှမဟုတ်ပဲ ငါကောင်းစားရင်ပြီးရော တခြားသူဘာဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ ပြည့်စုံခဲ့ရင်တောင် ကောင်းမွန်တဲ့ ပြည့်စုံခြင်းမဖြစ်နိုင်ဘူး ငါ့မြေးတို့ လူတကာရဲ့ မေးငေါ့၊ နှာခေါင်းရှုံခြင်းကို ခံရတတ်တယ်ကွယ့်လို့ ရှင်းပြပေးပါတယ်။

image

ဒုတိယတရားဖြစ်တဲ့ "ဂရုဏာ" ဆိုတာကတော့ ကိုယ့်အောက်ကလူ၊ ကိုယ့်ထက်ငယ်တဲ့သူတွေအပေါ် သနားကြင်နာတတ်ရမယ်လို့ပြောပါတယ်။ကိုယ့်အောက်ကလူ ကိုယ့်ထက်ငယ်တဲ့သူတွေက ကိုယ်အနိုင်ကျင့်ရင် ကျင့်သလိုခံရတတ်တယ်။ အဲ့လိုမလုပ်ရဘူး။ လုပ်ခဲ့ရင် အမုန်းတရားတွေပွားတတ်တယ်။ သူတို့ကိုဖေးမရမယ်၊ ဒုက္ခတွေကို တတ်နိုင်သလောက် ကူညီရမယ် အဲ့တာဆို မြေးတိုစိတ်မှာ အေးချမ်းမှုတွေ အလိုလိုပိုင်ဆိုင်လာလိမ့်မယ်ကွယ့်လို့ ပြောပြပေးပါတယ်။

image

တတိယဖြစ်တဲ့ "မုဒိတာ"ဆိုတာကတော့ ကိုယ့်အထက်ကလူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူတွေကို ကြည့်ပြီး သူတိုကတော့ ပြည့်စုံနေလိုက်တာ၊ ချမ်းသာနေလိုက်ကြတာလို့ မနာလိုစိတ်မမွေရဘူး။ အဲ့စိတ်က မြေးတို့ရင်ထဲကို ပူလောင်နေစေလိမ့်မယ်။ သူတိုရဲ့ ကံ၊ ဉာဏ်၊ ဝီရိယကြောင့် ပြည့်စုံ ချမ်းသာနေကြတာ အားရစရာပါလား၊ ငါတို့လဲကြိုးစားရင်ဖြစ်ရမယ်လို့ စိတ်ကောင်းလေးမွေပြီး မုဒိတာပွားနေမယ်ဆို မြေးတို့စိတ်လေးတွေ အေးချမ်းနေလိမ့်မယ်လို့ စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။

image

နောက်ဆုံးဖြစ်တဲ့ "ဥပေက္ခာ" ဆိုတာကတော့ သတ္တဝါတွေဟာ မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ ကံအားလျော်စွာ ဖြစ်နေကြတာပဲလို့ ဘက်မလိုက်ပဲ နှလုံးသွင်းတတ်ရမယ်လို့ပြောပါတယ်။ ခုကောင်းတာလုပ်ရင် နောက်ကောင်းကျိုးခံစားရမယ်။ မကောင်းတာလုပ်ရင်တော့ တူညီတဲ့ မကောင်းကျိုးပြန်ခံစား ရတတ်တယ်ငါမြေးတို့လို့ပြောပါတယ်။ လောကဓံဆိုတာ မြစ်ရေလိုပဲ တတ်လိုက်ကြလိုက်နဲ့ပေါ့ တတ်တဲ့အချိန် ပျော်ရွှင်နေရပေမယ့်လို့ ကျတဲ့အချိန်ကြ ငိုကြွေးရတတ်တယ်။ လောကဓံပြောင်းလဲတိုင်း လိုက်နေမယ်ဆို ငါ့မြေးတို့စိတ်တွေ ပူလောင်ရလိမ့်မယ်။ ဥပေက္ခာ သဘောလေး နှလုံးသွင်းနေမယ်ဆိုရင်တော့ လောကဓံကို ခံနိုင်ပြီး ငါမြေးတို့စိတ်တွေ အစဉ်အေးချမ်းနေလိမ့်မယ်ကွဲ့လို့ ပြောပြီး ကျွန်တော်တို့ မြေးအဖွားတသိုက် အိပ်ယာဝင်ကြပါတော့တယ်။

အားလုံးကိုကျေးဇူးတင်ပါသည်။

Author...@Phogyan

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center