လေအဝေ့မှာ လွင့်ထွတ်သွားတဲ့ ပွင့်ဖတ်လွှာလေးကို လိုက်ကောက်ရင်း သူမနဲ့ကျွန်တော်ဆုံတယ်...
ဖွင့်မပြောရဲလို့ ကျောင်းစာအုပ်ထဲ ရည်းစားစာလေး ညှပ်ပေးဖူးတယ်...
သူမစိတ်ဆိုးသွားလို့ သူခြံဝန်းရှေ့မှာ နှင်းဆီလွှာလေး သွားထားဖူးတယ်...
အဲ့တာနဲ့ပဲ ကျွန်တော်တို့တွေ ချစ်သူတွေဖြစ်လာကြတယ်...
နေ့လေးတစ်နေ့ အဲ့နေ့က ကဗျာတွေထဲကလို့ ကဗျာမဆန်နေပါ။ ကျေးငှတ်တွေလဲတေးမဆိုနေပါ။ သာမန်ရိုးကြ ခေါက်ရိုးကျိုး နေ့တစ်နေ့ ပင်ဖြစ်ပါတယ်။
"အေး...သား...မင်း Guide တတ်မယ်ဆို ဒီနေ့ညကစပြီး တတ်ရမယ်... ခုကျူရှင်သင်ပြီးရင်ပြန် ရေးချိုး၊ထမင်းစားပြီလို့ နားနားနေနေ နေပြီး (၇)နာရီ အရောက်ပြန်လာခဲ့..."
ဆရာမ ဒေါ်ခင်မာချို၏ အသံဖြစ်ပါသည်။
ကျွန်တော်ဆယ်တန်းတတ်သောနှစ်ကဖြစ်ပါတယ်။ ဆရာမ ဒေါ်ခင်မာချိုသည် ကျွန်တော်တို့ အတန်းပိုင် ဆရာမဖြစ်ပါသည်။ စာအသင်အပြကောင်းသောကြောင့် ကျွန်တော်တို့မြို့လေးမှာ နာမည်ရသော ဆရာမတစ်ယောက်လည်းဖြစ်ပါတယ်။
ထို့ကြောင့် ဆရာမထံမှာ ကျူရှင်တတ်ရုံမက ညဘတ်စာကျတ်ဝိုင်း(Guide) ပါတတ်ရန် ဆရာမအား ခွင့်ပန်တော့ ဆရာမမှ ပြန်လည်ဖြေသော အသံပင်ဖြစ်ပါတယ်။
ဤသို့ဖြင့် ကျွန်တော်တစ်ယောက် ကျူရှင်ပြီးတော့ အိမ်ပြန်၊ ရေချိုး ထမင်းစား၊ ပြီးတော့ Guide ဝင်ရန် ဆရာမ ဒေါ်ခင်မာချို၏ နေအိမ်သို့ ထွတ်လာခဲ့ပါတယ်။
ဆရာမ အိမ်ပေါ်တတ်လိုက်တော့ ကျူရှင်တတ်တုန်းက သူငယ်ချင်းများတင်မက တခြားကျောင်းမှ ကျောင်းသား/သူ တစ်ချို့ကိုပါမြင်တွေ့ရပါတယ်။ (ဆရာမ၏ အသင်အပြ ကောင်းမှုကြောင့် လာရောက်တတ်ရောက်ခြင်းဖြစ်ကြောင်း ပြောပြ၍ နောင်တွင် သိရှိခဲ့ပါသည်။)
ကျွန်တော်တို့ကျောင်းသူ/ကျောင်းသား တစ်စု အသီးသီး ထိုင်ခုံလွတ်တွေမှာ ကိုယ်စီဝင်ထိုင်လိုက်ကြပါတယ်။ ခဏနေတော့ ဆရာမရောက်လာပြီး ယနေ့ည ကျတ်ရမည့် ဘာသာရပ်မှ စာတစ်ပုဒ်ကို ရှင်းပြပါတယ်။ ပြီးလျင် ကျတ်ရန်ပြောပြီး၊ ရလျှင် သူမထံ အလွတ်စာလာပြန်ရန်ပြောပါတယ်။
ထိုချိန်မှ စ၍ ဆရာမ၏ အိမ်တွင် ကျောင်းသူ/ကျောင်းသားများ၏ စာကျတ်သံများဖြင့် ဆူညံနေလေတော့သည်။
အတန်ကြာကြာ စာကျတ်ပြီးလို့ စာရသော်လည်း မည်သူမျှ ဆရာမထံ စာသွားပြန်သူ မတွေ့ရသေးပေ။ ထို့ကြောင့် ကျွန်တော် ထိုင်နေရမှ ဆရာမထံ စာသွားပြန်ရန်ထလိုက်တော့ မိန်းကလေးတွေဘတ်မှ တစ်ယောက် မတ်တတ်ရပ်လိုက်သည်ကို ဂရုပြုမိလိုက်ပါတယ်။ထို့ကြောင့် ကျွန်တော် နေရာမှာပြန်ထိုင်လိုက်ပါတယ်။
သူမ စာပြန်ပြီး တော့မှ ကျွန်တော် ဆရာမထံ စာသွားပြန်လိုက်ပါတယ်။
တိုက်ဆိုင်မှု တစ်ခုလို့ပင်ယူဆ လိုက်ပါတယ်။
နောင်နေ့တွေ တွင်လည်း ဆရာမထံ ပထမဆုံး စာလူ့ဆိုရန် သူမနှင့်ကျွန်တော် အမြဲ တိုက်ဆိုင်နေပါသည်။
ထိုတိုက်မှု့တွေကြောင့် သူမသည် ကျွန်တော့်နှလုံးသား တစ်နေရာတွင် မသိမသာလေး တွယ်ကပ်လာပါတော့သည်။
သူမနဲ့ ကျွန်တော်က ကျောင်းခြင်း မတူပေ။ သို့သော် သူမ သူငယ်ချင်းမှ တဆင့် သူမ၏ ခင်မင်မှုကို ရခဲ့ပါသည်။ ထိုနေ့က အပျော်ဆုံးနေ့တွေတောင် စံချိန်တင်ခဲ့၏။
သူမ၏ ရည်သံလေးကို ခိုးချစ်နေမိသည်။ သူမ၏ စကားသံလေးကို အမြဲကြားချင်နေမိသည်။ သူမနှင့် တွဲလျှောက်မိတိုင် ရင်ခုန်သံတွေ ပြုတ်ကျနေမိသည်။ သူမ သိအောင် မည်သို့ကြိုးစားရမည်မသိ။ ဖွင့်ပြောလိုက်လို့ သူငယ်ချင်း ဆိုတဲ့ ရာထူးလေးတောင် ပြုတ်သွားမှာလဲ စိုးရိမ်နေမိသည်။
ထို့ကြောင့် စာကူးဖို့ငှါးထားတဲ့ သူမရဲ့ ကျောင်စာအုပ်လေးထဲ ရည်းစား စာလေး ညှပ်ပေးလိုက်မိတယ်။
နောင်နေ့ရောက်တော့ သူမရဲ့ မျတ်စောင်းဒဏ် သင့်လေတော့သည်။ အရင်လို စကားလဲ မပြောတော့ပေ။ ထိုနေ့တွေတွင် အခြားသူငယ်ချင်းများရှိသော်လည်း ကျွန်တော်ရဲ့ အထီကျန်ခြင်းတွေ ဝင်ရိုးစွန်းသို့ရောက်ခဲ့လေသည်။
ထို့ကြောင့် သူမရဲ့ ခြံရှေ့မှာ နှင်းဆီပန်းလေ အရဲစွန့်၍ သွားထားခဲ့သည်။ကံကောင်း၍လားပင် မသိ ထိုနှင်းဆီပန်းလေအား သူမရရှိသွားခဲ့သည်။
ထိုနှင်းဆီ ပန်းလေးကြောင့် သူမ ၏ မျတ်စောင်းဒဏ်မှ ကင်းလွတ်ခဲ့ပါသည်။
ထိုနှင်းဆီ ပန်းလေးကြောင့် ညနေခင်း နေဝင်ချိန်တွေ လှပနေခဲ့ပါသည်။
ထိုနှင်းဆီ ပန်းလေးကြောင့် ဧဒင် ဥယျာဉ် ထဲမှာ ကျေးငှတ်လေးတွေရဲ့ တေးသီသံကို ကြာနေရပါသည်။
အဲ့တာနဲ့ ကျွန်တော်နဲ့ သူမ ချစ်သူတွေ ဖြစ်လာခဲ့ပါတော့သည်။
Images from google.
Author...@KoPhogyan(MSC.041)