ကလေးတစ်ယောက် ဆိုင်ထဲဝင်လာပြီး မုန့်လာဝယ်ပါတယ် ကလေးမျက်နှာက မဝံ့မရဲလေးမို့
လက်ထဲကိုင်ထားတဲ့ပိုက်ဆံကို ဦး ခဏ ကြည့်
မယ်နော်လို့ ပြောလိုက်တော့ ဖွဖွလေးကိုင်ထားတဲ့ပိုက်ဆံကို ပေးပါတယ်
ပိုက်ဆံက ကျွန်တော်ထင်ထားသလို စုတ်ပြဲနေပါတယ်
ကလေးတွေဟာ စုတ်ပြတ်နေတဲ့ပိုက်ဆံကို
ဖြန့်ပြီး မပေးကြဘူး အသာအယာလေးကိုင်လာပြီး ပေးတတ်ကြတယ် ဆိုင်ရှင် အတော်များများကလည်း ဈေးဝယ်ရှုတ်တဲ့အချိန်ဆို
ပိုက်ဆံကို ဖြန့်မကြည့်တတ်ကြဘူးလေ
"ဘာလို့ပိုက်ဆံကို ဖြန့်ပြီးမပေးတာလဲသမီး "
" ဟို ဟို ကျောင်းမှာ ဝယ်လို့မရလို့ ဒီမှာလဲ
ဝယ်မရမှာစိုးလို့ပါ "
" ရတာပေါ့သမီရယ် စုတ်စုတ် ပြတ်ပြတ် ပိုက်ဆံပါပဲသမီးရယ်
တရားဝင်သုံးလို့ရတယ်နော် နောက်တစ်ခါ ပိုက်
ဆံအစုတ် ရှိရင် ဦးဆီမှာလာဝယ် ကဲ ဘယ်မုန့်
ယူမှာလဲ ယူသွားနော် "
ကလေးဟာ ၅၀ တန်လေဖောင်းမုန့်လေးယူပြီး
လွတ်လပ်ပေါ့ပါးစွာ ဆိုင်ထဲမှ ထွက်သွားရှာပါတယ်
ဒီကလေး ပိုက်ဆံအစုတ်ကိုင်ပြီး
ဆိုင်ရှင်မရိပ်မိအောင် ဝယ်တတ်ဖို့ မိဘတွေက
သင်ပေးတာလား အဖော်တွေက သင်ပေးတာလား မသိပါ
စုတ်ပြတ်နေတဲ့ အရာတွေဟာ တန်ဘိုးမရှိတော့
ဘူးလို့ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေမှာ
စွဲထင်သွားမှာစိုးသလို တန်ဘိုးနည်းတဲ့ငွေ
စက္ကူ အစုတ်လေးတွေကို ချို့တဲ့သူတွေရဲ့လက်ထဲမှာသာရှိတတ်တာမို့
ငယ်စဉ်ကတည်းက ဘဝနုံချာတဲ့ ကလေးတွေ
ရဲ့စိတ်ထဲကို စုတ်ပြတ်နေရင် သိပ်သုံးလို့ မရတော့သယောင်စကားတွေမရိုက်သွင်းသင့်ပါလို့
တွေးမိ သမျှလေး ရေးကြည့်မိလိုက်ပါတယ်
ခင်ဗျာ
အမှားပါရင် ခွင့်လွှတ်ပေးကြပါ ။
ကျေးဇူးတင်ပါတယ်