ခရီးသွားခြင်းရဲ့ ကုသိုလ်

မဟာမြိုင်တောကြီးအကြောင်းကို ဖတ်ဖူး ကြားဖူးနေသည်မှာ
ကြပြီဖြစ်သော်လည်း ယခုမှပင် ကိုယ်တိုင်ကိုယ်ကျ
ရောက်ခွင့်ကြုံခဲ့ရသည်။
လျှိမြောင်တောင်ကြားဘချောက်ကမ်းပါးများတွင်ပါမကျန်
သစ်ကြီးဝါးကြီးများ ထူထပ်စွာ ပေါက်ရောက်နေသည်ကို
တွေ့ရသည်။ရံဖန်ရံခါ မြက်ခင်းစိမ်းများနှင့် လွင်ပြင်များကိုလည်း တော်ထိပ်ပေါ်မှ လှမ်းမြင်ရသည်
ပြာပုံတောင်ကို ဖြတ်သန်းရသဖြင့် ပြာအတိပြီးသော
တောင်ကြီးကို မြင်ရသည်မှာလည်း အံ့ဖွယ်တစ်ခုပင်။
ကားလမ်းသည်ပင် ပြာမြေသားဖြစ်နေသည်ကိုတွေ့ရသည်။
image
အလောင်းတော် ကဿပ အမျိုးသားဥယျဉ်ကြီးအတွင်းရှိ
ကျောက်တုံးကျောက်တောင်များအကြားတွင် တသွင်သွင်စီးဆင်းလျက်ရှိသော ပုထိုးလုံးချောင်းနှင့် တောင်
တွင်းချောင်းတို့သည် ချင်းတွင်းချောင်းတို့ သည် ချင်းတွင်းမြစ်တွင် ပေါင်းဆုံကြသည်ဟု ဆိုသည်။
အထက်ရွက်ပြတ်ရောနှော တောစို တောခြောက် အောက်ရွက်ပြတ်ရောနှောတောစိုလအင်းတိုင်းတော ထင်းရှူး
တောများ ပေါက်ရောက်ရာ အမြဲစိမ်းသစ်တော အမျိုးအစားဖြစ်ပြီး ကျွန်း ပျဉ်းကတိုး ပိတောက်လသစ်ရာ တမန်လန်း အင်ြ imageကင်း စသည့်သစ်မျိုးပေါင်း ၁၅၀ခန့်
ကြိမ်အမျိုးအစား ၄မျိုးနှင့် အဖိုးတန်ရှားပါး ပရဆေးပင်များ ရာသီအလိုက် ဖူးဖွင့်သည့် တောပန်းများကို တွေမြင်နိုင်ပါသည်
ဆင် ကျားသစ် ပြောင် စိုင် ဆတ် ချေ တောဝက် တောဆိတ်
ဝက်ဝံ တောခွေး မျောက်မျိုးစုံနှင့် တောကြောင်အမျိုးမျိုး အောင်လောင် အောက်ချင်း သစ်တောက်ငှက် ရစ်ငှက်စသည့်
ငှက်မျိုးစိတ်၁၀၀ကျော် လိပ်ပြာမျိုးစိတ် ၂၄၀နှင့် အခွံမာအင်းဆက် (ပိတုန်း)မျိုးများကိုလည်း ထိုဥယျဉ်ကြီးအတွင်း၌ လေ့လာနိုင်သည်ဟု သိရသည်။
သပိတ်ဆေးစခန်းရောက်သည်နှင့် ယာဉ်ရပ်နားစခန်းတွင် မော်တော်ယာဉ်ကို ထားခဲ့ကြရပြီး ရှင်မဟာကဿပ
ရဟန္တာမထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော် ကိန်းဝပ်စံပယ်ရာ
လိုဏ်ဂူတော်သို့ တစ်မိုင်ခန့် ခြေကျင်ခရီးဆက်ကြရမည်ဟုဆိုသည်။ဆင်စီး၍ ခရီးဆက်ရန် image
ကြိုးပမ်းခဲ့ကြတော့လည်း ပရိသတ်များပြားလွန်းလှသဖြင့်
အချိန်ကိုငဲ့ကွက်ကာ နောက်ကျသည့်ခြေထောက် သစ္စာဖောက်
ဟူသော ထုံးကို နှလုံးမူလျက် ခြေကျင်ပင်လျောက်ခဲ့ကြသည်။
တစ်မိုင်ခန့်ခရီးဆိုတော့လည်း ကုန်းတက်ကုန်းဆင်းများ
ရှိသဖြင့် လည်းကောင်း ဆင်များနှင့်ဆုံသည့်အခါ ဘေးကပ်
ရှောင်ရသဖြင့် imageခရီးက သိပ်မတွင်လှပေ။နောက်ဆုံးတွင်မှု
လူအများ စည်ကားလျှက်ရှိသော ဈေးတန်းလေးတစ်ခုကို
ဖြတ်ကျော်ပြီးနောက် စံကျောင်းတော်ကြီးကို ဖူးဖွေလိုက်ရသည်
ကြိတ်ကြိတ်တိုး စည်းကားလျက်ရှိသည့် ဘုရားဖူးပရိသတ်များ
အကြားမှ တိုးဝှေ့ ရင်း ကုန်းမြင့်ပေါ်တွင် တည်ရှိသည့်
စံကျောင်းတော်ကြီးအတွင်းသို့  ဝင်ရောက်ခဲ့ကြသည်။
စံကျောင်တော်တွင်းသို့ ရောက်သည့်နှင့် မြောက်အရပ်သို
ဦးခေါင်းပြုကာ လက်ယာနံတောင်းစောင်းလျက်
ညောင်စောင်းထက်၌ ပရိနိဗ္ဗာန်ပြုတော်မူးဟန် ထုလပ်ပူဇော်
ထားသော ရှင်မဟာကသဿပလရဟန္တာမထေရ်မြတ်ကြီး၏
ရုပ်ကလာပ် ပုံတူ ရုပ်ပွားတော်ကို့လဖူးတွေ့ လိုက်ရသည် ။။။
အာလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့  ကျွန်တောရဲ့
ခရီးသွားမှတ်တမ်းလေးကို အဆုံးသတ်လိုက်ပါတယ်။မိုးဝင်းးးးးးး
@oolay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now