သင့်​ဘဝတွက်​ စာ​ပေများ

image
လူသားတိုင်းကမ္ဘာကြီးလှပဖို့ လူသားတစ်ဦးဖန်တီးနိုင်တာလေးတော့ လုပ်ပါ လက်လေးနှစ်ချောင်ထောင်လိုက်ပါ အဲဒါငြိမ်းချမ်းရေး သင်္ကေတ ဒီဘက်တိုး ဆက်ဖီရိုက်မလို့ စိတ်အဖြူထည်နဲ့ပြုံးလိုက်ပါ လက်နက်ချ ဒူးထောက်စရာမလိုပါဘူး လက်ဆွဲနူတ်ဆက်ရုံဆို ရပါပြီ ရန်သူတွေကနေ မိတ်ဆွေဖြစ်သွားတာ ဝမ်းသာစရာပါ သင်္ချာတွက် တွက်ရင် ဒါနှစ်ဆမြတ်တာပါ အိမ်တိုင်းရဲ့ဝရံတာမှာ ပန်းပင်လေးတစ်ပင်စီစိုက်ပါ တစ်ကမ္ဘာလုံးက အိမ်ရှေ့မှာ ပန်းလေးတွေပွင့်နိုင်ပြီဆိုတဲ့နေ့ဟာ တစ်ကမ္ဘာလုံးစစ်ပွဲငြိမ်းသွားတဲ့နေ့ပါပဲ မုန်းသူတွေ နည်းပါးပါစေ လူ့ဘဝက တိုတိုလေး ဆုံနေခိုက် လူတွေကို သင့်မြတ်ပါစေ မနာလိုတာဟာ ရှုံးနိမ့်ခြင်းတစ်ပါးပါ အားကျတာဟာ ကြိုးစားလိုမှုပါ ဝမ်းသာဂုဏ်ပြုပေးတာဟာ မိတ်ဆွေစစ်စိတ်ဓာတ်တစ်မျိုးပါ ကလေးတွေ မငိုပါစေနဲ့ သူတို့တွေရယ်ကြပါစေ သူတို့ဆီကနေ လူကြီးတွေပြန်သင်ရင် ပြိုင်တူရယ်ကြမယ်လေ ယှဉ်ပြိုင်တယ်ဆိုတာ တိုးတက်မှုပါ
တိုက်ခိုက်တာဟာ လူယုတ်မာစိတ်ဓာတ်ပါ ရိုင်းရာကနေ ယဉ်ကျေးလာပြီးပြီပဲ ကမ္ဘာကြီးကို အလှမဖျက်ပဲနေကြရအောင်လား လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်လောက်တော့
ကမ္ဘာကြီးကိုကျေးဇူးဆပ်ခဲ့ဖို့ကောင်းတယ် ထင်လို့ပါ။

တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက် တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ကြွက်ကလေးဟာ စိုးရွံ့စွာနဲ့ ခြံထဲကိုဆင်းပြီး တခြားတိရစ္ဆာန်တွေကိုလိုက်သတိပေးပါတယ်။" အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်" လို့အကြိမ်ကြိမ်လိုက်ပြောပါသတဲ့။

ကြက်ဖကြီးဆီရောက်တော့ ကြက်ဖကြီးက " ဟေ့ရောင် ငကြွက် အဲဒါမင်းနဲ့ပဲဆိုင်တယ့့် ငါပူစရာမလိုဘူး" လို့ပြောလိုက်တယ်။ ဒါနဲ့ဝက်ကြီးဆီရောက်ပြန်တော့ ဝက်ကြီးကလည်း " စိတ်မကောင်းပါဘူး ငကြွက်ရာ့ ငါမင်းအတွက်ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး " လို့ ပြောလိုက်ပြန်ပါတယ်။ နွားကြီးဆီရောက်ပြန်တော့လည်း " ဒီမှာ ငကြွက့့် အဲဒါမင်းကိစ္စ့ အဲဒါကို ငါယိုတဲ့ အင်အင်းလောက်တောင် စိတ်မဝင်စားဘူ့း့ ဒိုးတော့ " လို့နှင်ထုတ်လိုက်ပါတယ် ။ ဒါနဲ့ ကြွက်ကလေးဟာ စိတ်ပျက်လက်ပျက်နဲ့ပဲ ဒီထောင်ချောက်ကို သူတစ်ကောင်တည်းဘယ်လို ဖြုတ်ရပါ့လို့ စဉ်းစားနေမိပါတော့တယ်။

အဲဒီညမှာပဲ ကြွက်ထောင်ချောက်က အသံကြားတာနဲ့ လယ်သမားကြီးရဲ့ မိန်းမဟာ ဘာများမိနေမလဲ ဆိုပြီး မှောင်ကြီးမည်းထဲ သွားကြည့်ပါတယ်။ မမြင်မစမ်းနဲ့ ကိုင်လိုက်တဲ့ထောင်ချောက်မှာ မြွေတစ်ကောင်ရဲ့ အမြီးကိုမိနေတာဆိုတော့ ဒေါသထွက်နေတဲ့မြွေက ကိုက်လိုက်ပါရောတဲ့။ ဒါနဲ့ ဆေးရုံရောက်သွားပါတယ် ။ ဆေးရုံကဆင်းလာတဲ့အခါလည်း နေမကောင်းဘဲအိပ်ယာထဲလဲနေပါတယ်။ လယ်သမားကြီးက လူမမာအားရှိအောင် ကြက်စွတ်ပြုတ်လေး တိုက်မှပဲဆိုပြီး ခြံထဲကကြက်ဖကြီးကို ဟာလာလုပ်လိုက်ပါသတဲ့။ ဒါပေမယ့် လူနာက မသက်သာတော့ အိမ်နီးနားချင်းတွေ လာမေးကြတာပေါ့ ။ လာမေးတဲ့ဧည့်သည်တွေဧည့်ခံရအောင်ဆိုပြီး ဝက်ကြီးကိုလည်းဖော်လိုက်ရပြန်ပါသတဲ့။ နောက်ဆုံးတော့ လယ်သမားကြီးမိန်းမဟာ သေသွားပါတယ် ။ဒါနဲ့ ရက်လည်ဆွမ်းသွပ်ဖို့အတွက်နဲ့ နွားကြီးလည်း မာလကီးယား သွားပါလေရောတဲ့။ ကြွက်ကလေးကတော့ ဒီအဖြစ်အပျက်တွေကို စိတ်မကောင်း စွာနဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ရပါတော့တယ်။

သယ်ရင်းလည်း တစ်စုံတစ်ဦး ဒုက္ခရောက်တဲ့အခါ ငါနဲ့မဆိုင်ဘူးလို့မတွေးပါနဲ့။ အားလုံးမှာတာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဘဝလို့ခေါ်တဲ့ ခရီးစဉ်ကြီးထဲမှာ တို့တွေအားလုံး ပါဝင်ပက်သက်နေကြတယ်လေ။ အချင်းချင်း အပြန်အလှန် ဂရုစိုက်ရမယ်။အားပေးကြရမယ်လေ ။ဘဝမှာအောင်မြင်မှုတွေပိုင်ဆိုင်ချင်ရင် သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုသိပါစေ။ဘေးအိမ်ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလဲ။ဘယ်ဇာတ်ကားက ဇာတ်သိမ်းခန်းရောက်တော့မယ်။ဘယ်သူက ဘယ်သူနဲ့ ရည်းစားတွေလေ။ဟိုမင်းသမီးနဲ့ဟိုမင်းသားက ဟိုဒင်းဟိုဟာလေ။အဲ့ကောင်မအကြောင်းပြောပါဦး။ အဲ့နေ့က သူဘာအရောင်ဝတ်လာတာလဲ။ သူဘာကားနဲ့လာတာလဲလူမိုက်တွေက အဲ့လို သူများအကြောင်း စိတ်ဝင်စားစပ်စု အတင်းတုပ်ရင်း အချိန်တွေကိုဖြုန်တီးပစ်ကြတယ်။ ဒီအကြောင်းတွေ သိသွားလို့လည်း သင့်အတွက် ဘာအကြောင်းမှ ထူးမလာပါဘူး။သိထားရမှာက နောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲဘယ်လိုဖြစ်ချင်တာလဲ၊ကိုယ်ဘာအတွက် မွေးဖွားလာတာလဲ၊ကိုယ်ဘာကိုနှစ်သက်တာလဲ ၊ကိုယ်ဘယ်အပိုင်းမှာတော်ပြီး ဘာကိုတတ်မြောက်ချင်တာလဲ၊ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်က ဘာလဲ၊အဲဒီရည်မှန်းချက်တွေလုပ်ဆောင်နိုင်ဖို့ ဘာတွေသိရမလဲ၊ မေးပါ။ ကိုယ့်ကိုယ်ကိုမေးပါ။ အားတိုင်းမေးပါ။ သူအများအကြောင်းစပ်စုတာထက် ကိုယ့်အကြောင်းကိုယ်စပ်စုပါ။ ဒါဆို သင်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ပြီ။"မနက်မိုးလင်းတိုင်း ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကိုမေးပါ၊ သင့်ဘဝကိုသင် အမှန်တကယ်ပြောင်းလဲလာနိုင်လိမ့်မယ်''

ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့ ဘဝမှာ
မိမိကိုယ်မိမိ သိပ်ဘဝင်မမြင့်မိပါစေနဲ့
မိမိကိုယ်မိမိ သိပ်မသိမ်ငယ်မိပါစေနဲ့
လူတယောက်ရဲ့ အနာဂတ်ဟာ
မှန်းဆဖို့ ခက်ခဲလွန်းတယ်
ဘယ်အခြေအနေမှာပဲ ရောက်ရောက်
ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားကို မွေးမြူပါ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ ရဲ့ပိုင်ဆိုင်မှုမဟုတ်ပါဘူး... ကိုယ်ချင်းစာတရား မေတ္တာတရားတွေနဲ့ပြည့်ဝတဲ့ သူ့ရဲ့မြင့်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ဆောင်မှုသာဖြစ်တယ် တစ်နေရာတည်းမှ ရရှိသောဝင်ငွေဖြင့် မစားသုံးပါနဲ့ ။နောက်ထပ်ရင်းနှီးမြှုပ်နှံဖို့ တစ်နေရာစာအတွက်လည်း ကြိုးစားပါ။

မလိုအပ်တဲ့အရာတစ်ခုကို ယခုသင်ဝယ်လိုက်မိရင် မကြာခင်မှာ လိုအပ်တဲ့အရာဝတ္ထုတစ်ခုကို ၀ယ်ယူဖို့ အတွက် ပြန်ရောင်းရနိုင်ပါတယ်။ သုံးဖြုန်းပြီးမှ စုဆောင်းခြင်းကိုမလုပ်ပါနဲ့ ။ စုပြီးမှ သုံးတဲ့အကျင့်ကိုလုပ်ပါ။ သင့်ခြေထောက်နှစ်ချောင်းနဲ့  မြစ်ရဲ့အနက်ကို သွားတိုင်းတာမျိုးကိုရှောင်ပါ။ ကြက်ဥတွေကို ခြင်းတစ်ခုထဲ အကုန်ပေါင်းထည့်ထားသလို မလုပ်ပါနဲ့ ။ ရိုးသားမှုဆိုတာ အကောင်းဆုံးဆုလဒ်ဖြစ်လို့ လူတိုင်းအတွက် သင်မရိုးသားသင့်ပါဘူး။ လူတွေကိုတော့လေးစားပါ၊
ဒါပေမယ့် သူတို့ဝေဖန်တာတွေကိုတော့
သိပ်ဂရုမစိုက်ပါနဲ့။ ဘာလို့တုန်းဆိုတော့
လူတွေရဲ့ဝေဖန်ချက်တွေဟာ တဖက်သတ်ဖြစ်နေတာများတယ်။ တကယ်မှန်ကန်တဲ့
မြင့်မြတ်တဲ့အသိဥာဏ်နဲ့ကြည့်ပြီး မျှမျှတတဝေဖန်နိုင်တဲ့သူဟာ ဒီလောကမှာ အင်မတန်ရှားတယ်။ရန်သူဆိုတာ ရန်သူပီသရင် သိပ်ပြီးတော့ ကြောက်စရာမကောင်းဘူး ဒီလိုမဟုတ်ဘဲ ရန်သူက မိတ်ဆွေယောင် ဆောင်ထားရင်တော့ ကြောက်စရာ အရမ်းကောင်းသွားပြီ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now