မှတ်သားစရာများ

image
အချိန်အခါမရွှေး လူ့ဘဝကြီးမှာ တိုးလည်း တိုးတက်နိုင်တယ် ဆုတ်လည်းဆုတ်ရှုပ်နိုင်တယ် မြင့်လည်းမြင့်သွားနိုင်တယ် နိမ့်လည်း နိမ့်ကျသွားနိုင်တယ် လူကောင်းနဲ့လည်း တွေ့နိုင်တယ် လူဆိုးနဲ့လည်းတွေ့နိုင်တယ် ဒါပေမယ့် လူ့လောကကြီးမှာ ကောင်းဆိုးနှစ်တန် ကံစီမံရာ ခံကြရတယ် ကံကောင်းဘို့ အရေးကြီးတယ် ကံဆိုတာ တစ်ခြားမဟုတ်ပါ မိမိလုပ်နေသော အလုပ်ပါ မိမိဘာမှမလုပ် ဘာမှ ဖြစ်မလာဘူး တိုးတက်အောင် မိမိဘယ်လိုလုပ်မလဲ မိမိယုတ်နိမ့်တာ ဘာကြောင့်လဲ မိမိဆက်ဆံပေါင်းသင်းနေတာ ဘယ်လိုလူလဲ လူဆိုးလား လူကောင်းလား မိမိအသိဆုံးဖြစ်ပါလိပ်မယ် ဘာကြောင့် ယုတ်နိမ့်ရာမှ တိုးတက်ခဲ့ရသလဲ တိုးတက်ရာမှဘာကြောင့် ယုတ်နိမ့်သွားရသလဲ ဦးတည်ချက်က မိမိပေါ်မူတည်နေပါတယ် ဘယ်သူမပြု မိမိမှု့ပါ လူမိုက်တို့သည် အချစ်ကို တမ်းတ၏။ထို့ကြောင့် သူတို့တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ဟူ၍မရှိဘဲ ချစ်သူများ ရှာ၍သာ နေရ၏။လူတော်များသည် အချစ်ကို ငြင်းပယ်ကြ၏။ အထီးတည်းနေခြင်းဖြင့်သာ ကျေနပ်ကြ၏။သို့ဖြစ်၍သူတစ်ပါးအား မှီခိုအားကိုးရမည့်အချိန်သို့ ရောက်သောအခါတွင်မူ ဒုက္ခကို ခံစားရလေ၏။ပညာရှိများမှာမူ အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်ြး ငင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။လူမိုက်တို့သည် ရမက်နှင့် ချစ်ခြင်း၌သာ အညံ့ခံကြ၏။ထို့ကြောင့် မကြာခဏ ပူဆွေးသောက ရောက်ရ၏။လူတော်များသည် ချစ်ခြင်းနှင့် ကင်းလွတ်အောင် ကြိုးစားကြ၏။သို့သော် မိမိကိုယ်ကို ချစ်ခြင်းနှင့်မူ လုံးထွေးရုန်းကန်နေရ၏။ပညာရှိများမှာမူ မိမိ၏ ချစ်ခြင်းကို ဖွံ့ဖြိုးစေ၏။ဖြစ်ရိုးဖြစ်စဉ် အချစ်မှ အချစ်စစ်သို့ လည်းကောင်း၊အချစ်စစ်မှ လွှမ်းခြုံဖြန့်ကြက်သော အချစ်သို့ လည်းကောင်း၊လွှမ်းခြုံဖြန့်ကြက်သော အချစ်မှ ပကတိ သန့်စင်သော အချစ်သို့ လည်းကောင်း ဖွံ့ဖြိုးစေ၏။
image
ဤနည်းဖြင့် ပျော်ရွှင် ချမ်းမြေ့မှုကို ရှာတွေ့ကြ၏။ပညာရှိ သူသည် ဆန့်ကျင်ဘက်မလုပ်ဘဲ၊မာနထောင်လွှားခြင်းလည်း မရှိဘဲ၊တည်ငြိမ်သောစိတ်ကိုထား၍ ဂုဏ်ပြိုင်ခြင်း၊နိုင်ထက်စီးနင်း ပြုမူခြင်းလည်း မရှိဘဲ မိမိကောင်းစွာ သိသောအချက်ကိုေ ပြောဆိုရာ၏။တစ်ဖက်သားက ကောင်းမွန်စွာပြောဆိုသော စကားကိုလည်း ဝမ်းမြောက်ဝမ်းသာလက်ခံရာ၏။ကောင်းမွန်စွာ ပြောဆိုခြင်း မဟုတ်သည့် တိုင်အောင်ကြိမ်းမောင်းခြင်း မပြုရာ။သူတစ်ပါးအား ချုပ်ခြယ်ခြင်းကိုလည်း မပြုရာ။စကားအနည်းငယ် ချွတ်ချော်သွားသည်ကိုလည်း အပြစ်မယူရာ။အကိုးအကားတွေများစွာ ရွတ်၍လည်း မလွှမ်းမိုးရာ။ယုတ္တိယုတ္တာပြု၍လည်း မဖိနှိပ်ရာ။အမှန်အမှား ရောထွေးနေသော စကားကိုလည်း မပြောရာ။ပညာတကယ်တတ်သူက ဘယ်တော့မှ မဆဲဘူး ဒါပေမယ့် စကားလုံးလေးများနဲ့ သေအောင် ရိုက်သတ်တတတ်သည်။ပညာရှိက အမျက်ဒေါသကို လူသိအောင် ထုတ်မပြတတ်ဘူး ဒါပေမယ့် လုပ်ရပ်မှန်ကန်မှု နှင့်
သက်သေပြတတ်သည်။ပညာမဲ့က ဆဲလည်းဆဲတတ်ပြီး ဟောင်ဖွာဟောင်ဖွာ လုပ်တယ်လေ ဒါပေမယ် သင်္ကြန် အမြှောက်လို အသံကျယ်ပြီး လူမလေးစားပါဘူး။လူလိမ္မာ အမျက် အပြင်မထုတ်သလို ပညာရှိက အမျက်ကို လူမြင်အောင် မပြတတ်ဘူး။ ဒါပေမယ့် တုန့်ပြန်မှုတိုင်းက ပညာသားပါပြီး စကားတစ်လုံးက လူတစ်ယောက်၏ဘ၀ကို များစွာ သက်ရောက်မှုရှိတယ်။ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်သလို ပညာရှိတို့ တုန့်ပြန်ခံရရင်လည်း လူမိုက်ဆယ်ယောက်ထက် ပိုကြောက်စရာကောင်းပါတယ်။တကယ်တော့ ပညာရှိ ဆိုတာ အကောင်းအဆိုးကို ခွဲခွားသိမြင်သလို တုန့်ပြန်သင့်သည်ကိုလည်း အဆင့်အတန်းရှိစွာ တုန့်ပြန်တတ်ပြီး ဥပက္ခာပြုတော့မယ်ဆိုရင်လည်း ဟောင်ဖွာဟောင်ဖွာမလုပ်ဘဲ ပြတ်သားစွာ လစ်လျူ ရှုတတ်ကြသည်။ပညာမဲ့သူ အယောက်တစ်ရာက သင့်ကိုမုန်းတီးနေတာထက် ပညာရှိ တစ်ယောက်က သင့်ကို လစ်လျူ ရှုပြီး ဥပက္ခာပြုသွားမှာကို ပို၍သတိပြုသင့်ပါသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now