အောင်​မြင်​မှု့များရရှိဖို့ အချိန်​ကိုတန်​ဖိုးထားကြစို့

image
ဘယ်​အရာကမှ နေထွက်လာတာနဲ့ နေဝင်သွားတာကို တားမရဘူး။ နာရီ လက်တံတွေကို ရပ်တန့်ပစ်လို့ မရဘူး။ ဒီအချိန်ကို ကျုပ်ပြောမှာ မဟုတ်။ ကျုပ်ပြောမယ့် အချိန်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အချိန်... ရွေ့လျားနေတဲ့ အချိန်... ဖြစ်လာတဲ့ အချိန်... ဖြစ်နေတဲ့ အချိန်... တက်လာတဲ့ အချိန်... ပြန့်ကား ကျယ်ပြော လာတဲ့ အချိန်... ဒါတွေကိုသာ ပြောမှာ ဖြစ်တယ်။ဒီအချိန်ဟာ ဆင့်ကဲတိုးတက်မှုရဲ့ တစိတ်တဒေသ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ဆင့်ကဲ တိုးတက်လာ မှုဟာ အချိန် ဖြစ်တယ်။ ရုပ်ပိုင်း ဆိုင်ရာ ဆင့်ကဲ တိုးတက်မှုမှာ လူသားတွေဟာ ပြီးဆုံးပြီလို့ ပြောရမှာ ဖြစ်တယ်။ သုံးချောင်း မြောက်လက်၊ လေးချောင်းမြောက် လက် ထွက်စရာ မလိုအောင် ချောမွတ် အဆင်ပြေနေပြီးပါပြီ။စိတ်ပိုင်းဆိုင်ရာ ဆင့်ကဲ တိုးတက်မှုကတော့ အခု စူးစမ်းနေတဲ့ အချိန် ဖြစ်တယ်။
image
အချိန်ဟာ မျှော်လင့် ချက် ဖြစ်ပါတယ်။ ဒါကို ကျုပ်တို့ အနာဂတ်လို့ ခေါ်တယ်။ ဒါ့အပြင် အချိန်ဟာ ပုံရိပ်တွေလည်း ဖြစ် တယ်။ မနေ့က ပုံရိပ်.. မနှစ်က ပုံရိပ်.. စသဖြင့်တွေဟာ ထပ် တလဲလဲ ပြန်ခေါ်ထုတ်နေတာသည် အချိန် ဖြစ်တယ်။ ဒါကို ကျုပ်တို့ အတိတ်လို့ ခေါ်တယ်။၂ မျိုးစလုံးဟာ ကျုပ်တို့ရဲ့ အတွေး ဖြစ်တယ်။ ၂ မျိုးစလုံး ကပ်မှီနေတာသည် ဆင့်ကဲတိုးတက် လာတဲ့ ဦးနှောက်ထဲမှာ ဖြစ်တယ်။ ဒါ အချိန် ဖြစ်တယ်။
image
နည်းပညာ လောကကြီး တစ်ခုလုံးဟာ တိုင်းတာခြင်းကို ဗဟိုပြု တယ်။ တိုင်းတာခြင်း မရှိခဲ့ရင် ဘာနည်းပညာမှ ရှိလာမှာ မဟုတ်။ပေတံလေးတွေနဲ့ စတိုင်း ကြတယ်။ စိတ်တွေနဲ့ လိုက်တိုင်းကြတယ်။ တိုင်းတာခြင်း... ဒါသည် အလွန် အရေးကြီးတဲ့ အရာ ဖြစ်လာတဲ့ အထိပဲ။ရွက်ဖျင်တဲကလေး ထိုးတာမျိုးက အစ လေယာဉ်ပျံတွေ ဆောက်ဖို့ အထိ လူသားတွေ တိုင်းတာမှု စွမ်းရည် မြင့်မားလာခဲ့ကြတယ်။တစ်ချိန်ထဲမှာ စိတ်ပိုင်း ဆိုင်ရာ တိုင်းတာမှု မှာလဲ... ဒီ ပန်းချီ နဲ့ ဟိုပန်းချီ တိုင်းတယ်။ ဒီကဗျာနဲ့ ဟိုကဗျာ တိုင်းတယ်။ ဒီဆရာကနေ ဟိုဆရာကို တိုင်းတယ်။ဒီလို နှိုင်းယှဉ်မှုတွေဟာ ကျုပ်တို့ရဲ့ စိတ်ပိုင်း ဆိုင်ရာ တိုင်းတာမှု ဖြစ်တယ်။ အတိတ်နဲ့ အနာဂတ်ကို ကိုးကားလေ့ ရှိတဲ့အရာတိုင်း တိုင်းတာမှု ရှိတယ်။
image
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာတွေ ရှိကြပါတယ်။ ၂ မျိုးစလုံးမှာ ကျုပ်တို့ဟာ နေရာ တွေ ရှားလာခဲ့ကြပြီ။ရွာတွေကနေ ပြည့်လာတဲ့အခါ မြို့ဖြစ်လာခဲ့ပြီ။ မြို့တွေကနေ ပြည့်လာတဲ့အခါ ခွဲထွက်ကြရင်း နိုင်ငံ တွေ ဖြစ်လာခဲ့ပြီးပြီ။ ဆက်လက်တိုးပွားလာတဲ့ လူဦးရေတွေ အတွက် အိမ်တွေ ဟာ သေးလာခဲ့ပြီးပြီ။တိုက်တွေမှာ ပြည့်လာခဲ့ပြီးပြီ။ ဆိုတော့ နယူးယောက်... လန်ဒန် ပဲရစ်စ် စတဲ့ ဒေသတွေဟာ ပြည့်ကြပ် လာတဲ့အခါ နေရာအတွက် အမြဲ တိုက်ပွဲဝင်နေရမှုတွေ ဖြစ်လာခဲ့ကြပါပြီ။ကျုပ်နဲ့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သိပ္ပံပညာရှင်တွေ။ သူတို့တွေ အကြာကြီး စမ်းသပ်ခဲ့ကြတယ်။ ကြွက် ကလေးတွေနဲ့... ကြွက်ကလေးတွေကို နေရာ ကျဉ်းကျဉ်း လေးထဲမှာ အကောင်တွေ အများကြီး စုပြုံထားကြည့်လိုက်တဲ့ အခါ ဘာတွေ ဖြစ်လာသလဲ။ ကြွက်တွေဟာ ဖောက်ပြန်လာကြတယ်။ကိုယ့် ကလေးကိုယ် ပြန်စား လာတယ်။ အချင်းချင်း သတ်ဖြတ်ကြတယ်။ ဒါတွေ အားလုံးဟာ နေရာ ကျပ် နေတဲ့ လူသားတွေ လုပ်တဲ့ အလုပ်တွေနဲ့ အတူတူ မဟုတ်လား။လူတွေမှာ ရုပ်ပိုင်းဆိုင်ရာ တင်မကတော့ဘူး။စိတ်ပိုင်းဆိုင်ရာ နေရာပါ ရှားပါးလာခဲ့ကြပါပြီ။ဗဟုသုတ တွေနဲ့ ပြည့်လျှံလာခဲ့ကြတယ်။အကြောက်တရားတွေနဲ့ ပြည့်လျှံလာခဲ့ကြတယ်။ပူပန်မှု တွေ... ပို လိုအပ် မှုတွေ... အာဏာတွေ စသဖြင့် မဆုံးနိုင်အောင် ထပ်ဖြည့်လို့ လူသားတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ မှာလည်း နေရာတွေ ရှားပါးလာခဲ့ကြပါပြီ။ဘာလို့ ရှားလာသလဲ။ တိုင်းတာကြလို့ ရှားတယ်။ မနေ့ကထက် ပိုတော်ချင်တယ်။ ဒီကနေ့ထက် ပိုရောက်ချင်တယ်။ သိပြီးတာထက် ပိုသိချင်တယ်။ ဒီလို အတိတ်နဲ့ အနာဂတ် ဆိုတဲ့ အချိန် ကို တိုင်းတာမှုတွေဟာ နေရာ ရှားပါးမှု ဖြစ်လာစေတယ်။နေရာ ရှားပါးတဲ့အခါ လွတ်လပ်မှု ပျောက်ဆုံးတယ်။ ဒါ့ကြောင့် လွတ်လပ်မှု လိုလားရင် ရှင်းလင်းဖို့ လိုအပ်တယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now