နောက်ဆုံးဗိုလ်လုပွဲမဖြစ်ဖို့ ကွင်းလယ်လူဂါဘီဆုတောင်း

image

ယူရိုပါလိဂ်ဗိုလ်လုပွဲက ဂရေ့ဇ်မန်းနှင့် အက်သလက်တီကိုအတွက် နောက်ဆုံးဗိုလ်လုပွဲမဖြစ်ဖို့ ကွင်းလယ်လူဂါဘီဆုတောင်း

အက်သလက်တီကိုကွင်းလယ်လူ ဂါဘီက ယနေ့ညတွင် လိုင်ယွန်၌ မာဆေးအသင်းနှင့်ရင်ဆိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဂရေ့ဇ်မန်းနှင့် အက်သလက်တီကိုအသင်းအတွက်နောက်ဆုံးဗိုလ်လုပွဲမဖြစ်စေရန်ဆုတောင်းတောင်းသွားခဲ့သည်။ ဂရေ့ဇ်မန်းမှာ ရာသီကုန်တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်သတင်းထွက်ပေါ်ပြီး ယခုနှစ်ရာသီက ဂရေ့ဇ်မန်းအတွက် အက်သလက်တီကိုကစားသမားဘ၀နောက်ဆုံးရာသီဖြစ်ဖွယ်ရှိနေသည်။ ဂရေ့ဇ်မန်းမှာ အသင်းအတွက်အလွန်အားထားရသူတစ်ယောက်ဖြစ်ပြီး၊ ပွဲစဉ်များအပေါ်တွင်အာရုံစိုက်လေ့ရှိခြင်းကြောင့် ယူရိုပါလိဂ်ဖလားက ဂရေ့ဇ်မန်းအတွက်အလွန်အရေးပါနေသည်ဟုလည်းပြောသွားခဲ့သည်။ ထို့အပြင် ဂရေ့ဇ်မန်းမှာ အမှတ်ပေးချန်ပီယံဆုကိုရယူလိုနေသည်ဟုလည်းပြောကြားသွားခဲ့ပြီး ဂရေ့ဇ်မန်းအတွက်နောက်ဆုံးရာသီ မဖြစ်စေရန်ဆုတောင်းနေကြောင်းနှင့် ဂရေ့ဇ်မန်းမှာ မိမိတို့အသင်းအတွက် လိုအပ်သည့်ကစားသမားတစ်ယောက်ဖြစ်သည်ဟုပြောသွားခဲ့သည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now