မြတ်​မိဘ

imagephoto credit google image
မင်္ဂလာပါ steemit မိတ်​​ဆွေတို့ ကိုယ်​စိတ်​နှလုံးကျမ်းမာရွှင်​လန်းကြပါ​စေလို့ နှုတ်​ခွန်းဆက်​လိုက်​ရပါတယ်​။ကျွန်​​တော်​​ရေးချင်​တဲ့​ဆောင်းပါး​လေး က​တော့ မြတ်​မိဘ(သို့)မိဘ​ကျေးဇူး ကြီးမားပုံအ​ကြောင်းပဲဖြစ်​ပါတယ်​။
မိဘ​တွေဟာ သားသမီး​တွေအ​ပေါ်မှာ​ကျေးဇူးတရားကြီးမားရခြင်းမှာ အသက်​ရှင်​လူလား​မြောက်​​အောင်​ဂရုတစိုက်​​စောင့်​​ရှောက်​​ပေးခြင်း၊ နို့ချိုတိုက်​​ကျွေး​မွေး​စောင့်​​ရှောက်​​ပေးခြင်းနဲ့​လောကကြီးရဲ့ အ​ကောင်းအဆို အမျိုးမျိုးကို သိမြင်​​အောင်​ပြသ​ပေးခြင်းတို့​ကြောင့်​ ဖြစ်​ပါတယ်​။
မိဘဆိုတာ လူပီသယဉ်​​ကျေး​အောင်​ သင်​ပြ​ပေးတဲ့ ပထမဆုံးဆရာဆိုလည်း မမှားပါဘူး။ဒါ​ကြောင့်​ လက်​ဦးဆရာဖြစ်​တဲ့ မိဘရဲ့​ကျေးဇူးတရား​တွေကိုမ​မေ့သင့်​၊မ​မေ့အပ်​ပါဘူး။ ဒီက​နေကြုံ​တွေ့ရတဲ့ လူ့​လောကအသိုင်းအဝိုင်းထဲမှာ ဝင်​​ရောက်​ခွင့်​ ရခြင်းကလဲ မိဘ​ရဲ​ကျေးဇူး တရား​ကြောင့်​ပဲ ဖြစ်​ပါတယ်​၊
ကျွန်​​တော်​တို့​တွေ မိဘ​ကျေးဇူးဆပ်​ရာမှာ​လောကနည်းဖြင့်​​ကျေးဇူး ဆပ်​ခြင်းနှင့်​ ဓမ္မနည်းနဲ့​ကျေးဇူးဆပ်​ခြင်းဆိုပြီး နှစ်​မျိုးရှိတယ်​လို့​လေ့လာမှတ်​သား ဖူးပါတယ်​။လောကနည်းဖြင့်​ မိဘ​ကျေးဇူးကို ဆပ်​ရာတွင်​ အလုပ်​အ​ကျွေးပြုစု​ပေးခြင်း၊ရာထူးအာဏာ​​ပေးခြင်း၊​လောကီပစ္စည်း ဥစ္စာနဲ့ပြည်​​အောင်​ပြုလုပ်​​​ပေးရုံဖြင့်​ အကြွင်းမဲ့​ကြေ​အောင်​ မဆပ်​နိုင်​ဘူးလို့လည်း​လေ့လာမှတ်​သားဖူးပါတယ်​။
ကိုယ်​ကျင့်​သီလမရှိတဲ့ မိဘကို ကိုယ်​ကျင့်​သီလရှိလာ​အောင်​၊သဒ္ဒါတရားမရှိတဲ့မိဘကို သဒ္ဒါတရားရှိလာ​အောင်​၊စွန့်ကြဲ​ပေးကမ်​​ကောင်းမှု ပြုရမှာကို နှ​မြောတွန့်​တိုတဲ့ မိဘကိုစွန့်ကြဲ​ပေးကမ်း လှူ ဒါန်းတတ်​လာ​အောင်​၊ပညာညဏ်​မရှိတဲ့ မိဘကို ပညာညဏ်​ရှိလာ​အောင်​ ဓမ္မနည်းနဲ့​ကျေးဇူးဆပ်​ရင်​ အကြွင်းမဲ့​ကျေပါတယ်​လို့ မှတ်​သား​လေ့လာဖူးပါတယ်​။
မိဘ​သေခါမှ မိဘ​ကျေးဇူးကိုမဆပ်​လိုက်​ရဘူးဆိုပြီး ရင်​ထုမနာဖြစ်​​နေမဲ့အစား မိဘရှိစဉ်​က သဒ္ဒါတရားထက်​သန်​​အောင်​၊တရားအသိညဏ်​ ရှိလာ​အောင်​၊တရားသီလ​စောင့်​ထိန်းတတ်​​အောင်​ လုပ်​​ဆောင်​​ပေးကြဖို့ လိုအပ်​လှတယ်​လို့ ထင်​ပါတယ်​။
တစ်​ချို့ဆို မိဘနှစ်​ပါးအရွယ်​ကြီးရင့်​ အိုအမ်းမစွမ်းဖြစ်​လာတဲ့အခါ ကိုယ့်​မှာပြုစု​စောင့်​​ရှောက်ဖို့ စွမ်းနိုင်​ပါလျက်​နဲ့ မပြုစု၊မ​စောင့်​​ရှောက်​ပဲ မလုပ်​​ကျွေးသူ၊မိဘကို ရိုင်းရိုင်းစိုင်းစိုင်းပြုမှု​ပြောဆိုသူ​တွေဟာ သူယုတ်​မှာ​တွေဖြစ်​သလို ထိုသို့မပြုမူမဆက်​ဆံမိ​အောင်​လည်း အသိတရား​လေးနဲ့ သတိပြု​နေထိုင်​ကြရမှာ ဖြစ်​ပါတယ်​။
မိဘ​တွေရဲ့​ကျေးဇူး​မေတ္တာဟာ ကြီးမားလှတာ​ကြောင့်​ တမလွန်​ဘဝ​ရောက်​​နေ​သော်​လည်း ရည်​စူးပြီး မကြာခန​ကောင်းမှု ကုသိုလ်​ပြု​​​ပေးကြရပါတယ်​။ရည်​စူးကုသိုလ်​ပြုသူက သီလ​ဆောက်​တည်​လျက်​ သီလရှိသူအားလှူဒါတန်းပြီးအမျှအတန်း​ပေး​ဝေကြခြင်းဖြင့်​ အကျိုးရှိ​နေမဲ့​နေရာ​ရောက်​ခဲ့ရင်​လည်း အကျိုးရှိ​စေခြင်းဖြင့်​ မိဘများကို​ကျေးဇူးဆပ်​သင့်​တယ်​လို့ မှတ်​သားဖူးပါတယ်​။
တကယ်​​တော့ မိဘ​တွေဟာ သားသမီး​တွေ အ​ပေါ်မှာ​မေတ္တာတရား အလွန်းကြီးမားလှပါတယ်​။ထို့​ကြောင့်​မိဘ​တွေရဲ့​ကျေးဇူးတရားကို သားသမီးများက​ကျေးဇူးသိပြီး၊​ကျေးဇူးဆပ်​နည်း နှစ်​မျိုးလုံးဖြင့်​​ကျေးဇူးဆပ်​နိုင်​မဲ့ သားသမီးများဖြစ်​​အောင်​ ကြိုးစားရင်း........တိုက်​တွန်းနှိုး​ဆော်​လိုက်​ရပါတယ်​။
MSU-028

H2
H3
H4
3 columns
2 columns
1 column
Join the conversation now