အတိတ်အားတူးဆွခြင်း

မေ
facebook မှာ ဘာသတင်းထူးတွေများပါမလဲလို့
‌ကြည့်နေရင်းက မေ့ရဲ့ profile ပုံးလေးနဲ့တွေ့လိုက်လို add လိုက်တယ်။ မေ လက်ခံလိုက်တယ် ခဏလောက်နေတော့ မေ့ရဲ့ပို့စ်တစ်ချို့ကိုတွေရတယ်။ wallထဲကိုနည်းနည်းပတ်ကြည့်လိုက်တယ်။ လှလိုက်တာမေရယ်။ သတိရလိုက်တာ။
facebook မှာ သတိရတဲ့အကြောင်လေးသွားပြောမိတယ်။ နောက်နေ့မှာကိုယ့်ကို block သွားတယ်ထင်တယ်။ ကိုယ်သတိတောင်မထားမိလိုက်ဘူး။ သူ့ပုံလေးတွေ timelineမှာမတွေ့ရတော့လို့ သူ့အကောင့်လေး လိုက်ရှာမိမှ ကိုယ့်ကို block ထားမှန်းသိတယ်။ ကိုယ့်ကို အာ့လောက်တောင် မုန်းမိနေပြီလားမေ။
ဟိုးးးးး တစ်ချိန်တွေကို ပြန်တွေမိတိုင်း ရင်၌
လွမ်းမိပါတယ်မေရယ်။ မင်းရဲ့ရယ်မောသံလေးတွေက
ကိုယ့်ကို ကြည့်နူးစေခဲ့မိတာပါမေ။ တစ်စိမ်းယောကျာင်္လေးတွေနဲ့စကားပြောနေတာမြင်မိရင်
သဝန်တွေတိုခဲ့ရတာပါမေ။ မေဟာ အင်္ကျီအဖြူရောင်ထဲ အမဲရောင် အစက်ပြောက်လေးတွေနဲ့ ဝတ်စားဆင်ယင်ခဲ့တာ မျက်စိထဲစွဲမြဲနေမိတုန်းပါမေ။ မေလက်လေးကို နန်းလိုက်တိုင်း
ရွှေဝါဆပ်ပြာနံ့လေး သင်းနေတာကို လိုချင်နေမိတုန်းပါမေ။ ဘာဘဲဖြစ်ဖြစ် ချစ်ခဲ့မိပါသည်။
ရည်းစားဦးဆိုတဲ့ ဂုဏ်ထူးဆောင်ကို ပေးလိုက်တာဟာ နှလုံးသားတစ်ခုလုံးကို ခင်းကျင်းပြသဖို့ပါမေ။ စေလိုရာသွားမယ်ဆိုပေမယ့်ရုပ်သေးရုပ်တော့မဟုတ်ဘူးမေ။ လွမ်းတတ်တယ်။ ဆွေးတတ် ပူပန်တတ်တယ်။ သဝန်တွေလည်းတိုတတ်သေးတယ်မေ။ မေဟာငယ်ရွယ်လှပနေသူတစ်ယောက်ဆိုတော့ မေ့နားက ပုရိသတွေကို မကျေနပ်ဖူး။ မေနဲ့စကားပြောနေတာတွေ မေနဲ့ပတ်သက်ရှက်နွယ်နေတာတွေဟာ ကိုယ်ရဲ့
ညတွေကို သန်းခေါင်ယံအချိန်အထိ ဆွဲယူသွားတတ်ကြတယ်။
ခေါင်းအုံးကိုပါမှာအပ်ပေမယ့် မိုးလင်းခဲ့ရသူပါမေရယ်။
images (20).jpeg

ပတ်ဝန်းကျင်အမြင်မှာ မေ့ကို ရည်းစားများသူ
ရှုပ်ပွေသူလို့ ခေါင်းစဉ်တွေ အမျိုးမျိုးပေးကာ
နှိန်ချတဲ့စကားလုံးတွေက ကိုယ့်သိမ်ငယ်စိတ်ကို လောင်မြိုက်စေတယ်မေ။ ပတ်ဝန်းကျင်ဆိုတာ တစ်ကယ့်ကို ကြောက်စရာကောင်းပါတယ်မေ။ မေဟာ မေ့စိတ်မှာ ဘယ်လောက်ဘဲ ဖြူစင်ပါတယ်ပြောပြော ပတ်ဝန်းကျင်အမြင်မှာ ပတ်ဝန်းကျင်က မေ့ကို မကောင်းဘူးလို့ ပြောနေကြရင် မေဟာ လေလွင့်သူတစ်ယောက်လို့ မှတ်သားခံရပါတယ်မေ။ ပတ်ဝန်းကျင်က မေ့ကို လူကောင်းပါလို့ ဝိုင်းသမုတ်ပေးရင် မေဟာ လူကောင်းတစ်ယောက်ဖြစ်သွားလိမ့်မယ်မေ။ ပတ်ဝန်းကျင်နဲ့ကင်းပြီး နေလို့မရဘူးမေ။ ပတ်ဝန်းကျင်ကိုဂရုစိုက်ရမယ်။ ပတ်ဝန်းကျင်ကို အလေးထားရမယ်မေ။ မိုးခါးရေသောက်တဲ့ပုံပြင် မေကြားဖူးမှာပေါ့။ မိုးခါးရေတွေရွာကျတဲ့အချိန် တစ်ရွာလုံးနီးပါး မိုးခါးရေတွေသောက်မိပြီးရူးကုန်ကြတယ်လေ။ မိုးခါးရေမသောက်မိလို့ကျန်နေတဲ့သူတစ်ယောက်လည်း
အဲရွာမှာရှိတယ်။ လူကောင်းဆိုလို့ သူတစ်ယောက်ထဲဘဲကျန်တော့တယ်။ အဲဒီအချိန်က ကျန်လူတွေအားလုံးက သူတို့ကိုယ်သူတို့လူကောင်း မိုးခါးရေမသောက်မိခဲ့တဲ့သူကို အရူးပါလို့
ဝိုင်းစွတ်စွဲကြတယ်လေ။ အဲလူက သူအရူးမဟုတ်ပါဘူးလို့ အတွင်တွင်ပြောဆို ငြင်းဆိုနေပေမယ့် တစ်ရွာလုံးကဝိုင်းဝန်းပြောဆို သမုတ်ကြလို့သူဟာ အဲဒီမှာ အရူးတစ်ယောက်အဖြစ် မှတ်သားခံစေခဲ့ရတယ်။ ပတ်ဝန်ကျင်မှာ ကိုယ်ဟာအမှန်တရားဘက်ကရှိတယ်ဆိုတာကို
ချပြဖို့လိုတယ်။ အဲဒီအမှန်တရားဟာ ပတ်ဝန်းကျင်လက်ခံဖို့လည်းလိုတယ်မေ။ ပတ်ဝန်းကျင်မပါဘဲ မင်းနေထိုင်သွားမှာမှမဟုတ်တာ။
ပတ်ဝန်းကျင် လက်ခံဖို့ဆိုတာ လိုတယ်မေ။
ဘာဘဲဖြစ်ဖြစ်မေ့ကိုချစ်တယ်။ ဘယ်လိုဘဲ မေ့မကောင်းကြောင်းတွေပြောနေပေမယ့်
ကိုယ်တစ်ယောက်ထဲဘဲ ကြိတ်ခံစားခဲ့တယ်မေ။ ကိုယ့်ချစ်ခြင်းတွေဟာ မေ့အတွက် လက်ဆက်ချိုမြနေဦးမှာပါမေ။ အိပ်မက်တွေ ဆက်မက်နေဦးမှာပါလေ ။ ကို
်အိပ်မက်တွေက မနိုးထပါရစေနဲ့ ။
images (19).jpeg

MSC-164
Author @nannhtike
photo google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center