"E-commerce လုပ်ငန်းနဲ့ အောင်မြင်ကျော်ကြားသူ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ကိတ် မောရစ်"

လွန်ခဲ့သော ၁၈နှစ် ၁၉၉၉ခုနှစ်

Kate Morris သည် Australia နိုင်ငံ Tasmania မြောက်ပိုင်းက Launceston ဆိုတဲ့မြို့မှာကြီးပြင်းခဲ့ သူလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် သူမအသက်၂၁ အရွယ် Monash University မှာ Bachelor of Business တက်နေရင်းနဲ့ Clarins အလှကုန်ပစ္စည်းအရောင်းကောင်တာမှာ အချိန်ပိုင်းအလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။

အရောင်းကောင်တာမှာ အလှကုန်ပစ္စည်းလာဝယ်တဲ့ အမျိုးသမီးတွေ ကို အလှကုန်အကြောင်းတွေ ရှင်းပြပေးံရင်း သူမ အကြံဥာဏ်တစ်ခု ရခဲ့တယ်။ ထိုခေတ်အချိန်အခါက ရေပန်းစားနေတဲ့ အလှကုန်တွေကို မဂ္ဂဇင်းဂျာနယ်တွေမှာ ရွှန်းရွှန်းဝေအောင် ကြော်ညာကြပေမယ့် ဝယ်ယူချင်ရင် ပစ္စည်းရှိတဲ့ကောင်တာ ကို ကိုယ်တိုင်အရောက်လာပြီးဝယ်ယူရတယ်။ နယ်မြို့လေးတွေမှာ နေထိုင်သူတွေအတွက်တော့ မဂ္ဂဇင်းဂျာနယ်ထဲက အလှကုန်ပစ္စည်းတွေ ဝယ်ယူဖို့ မြို့ကြီးပြကြီးရောက်မှသာ ဝယ်ယူလို့ရနိုင်တယ်။

သူမ အလုပ်ထွက်လိုက်ပြီ

သူများနဲ့ မတူ ထူးခြားဆန်းသစ်တဲ့ အကြံဥာဏ်ရခဲ့ပြီး
အကောင်အထည်ဖေါ်ဖို့ အလုပ်ကထွက်ခဲ့ပါတယ် ။
ကိုယ်ပိုင် Websiteနဲ့ Online shopping တည်ထောင်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ် ။
သူမ လုပ်ငန်းစဖို့ အတွက် အရင်းအနှီးကို ဘဏ်ကနေရယူဖို့ ကြိုးစားခဲ့ ပေမယ့် ဘယ်ဘဏ်ကမှ အသက်၂၁ အရွယ်ကောင်မလေးကို ယုံကြည်ပြီးချေးငွေ မထုတ်ပေးခဲ့ပါဘူး။ သူမ မိဘတွေကလည်း လခစားဝန်ထမ်းတွေဖြစ်တာကြောင့် အရင်းအနှီးမထုတ်ပေးနိုင်ခဲ့ပါဘူး။ သူမမှာ ပေါင်နှံစရာပစ္စည်းလဲမရှိ နောက်ဆုံးတော့ သူမရည်းစားရဲ့ ဖခင်ဆီသွားပြီး တောင်းတောင်းပန်ပန် နဲ့ $12000 ချေးယူခဲ့ရတယ်။

၂၀၀၀ ခုနှစ်မှာ လုပ်ငန်းစတင်လေပြီ

Online shopping တစ်ခုစတင်တာဟာ ယခုခေတ်အချိန်အခါလိုချောချောမွေ့မွေ့ လုပ်နိုင်တာမျိုးမဟုတ်တာတော့ အသေအချာပင်။ သူမချေးငွေ ရခဲ့ပြီး Adorebeauty.com.au ကို ကိုယ်တိုင်တည်ထောင်ကာ လူသိနည်းသေးတဲ့ Brand တံဆိပ် (၂)မျိုးကိုသာ စတင်ရောင်းချနိုင်ပါတယ်။ အဲဒီအချိန်အခါက အင်တာနက်အသုံးမတွင်ကျယ်သေးတဲ့ အချိန်ဖြစ်ပြီး Brand တချို့ ကသာ Website ကနေကြော်ညာပေမယ့် ထိရောက်မှု မရှိခဲ့ပါဘူး။ အင်တာနက်ဆိုတာကလည်း ဖုန်းလိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ယက်အနေအထားပဲ ရှိသေးတာပါ။

စိန်ခေါ်မှုတွေ ရင်ဆိုင်ရချိန်

သူမလုပ်ငန်းစပြီ ဆိုတာနဲ့ အလှကုန်လုပ်ငန်းတွေကို အဆက်အသွယ်ချိတ်ဆက်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ လည်းမရှိသေးတာကြောင့် အရမ်းပင်ပန်းခက်ခဲခဲ့ရတယ်။
သူမှာရဲ့ လုပ်ငန်းကို ဂိုဒေါင်တစ်ခုထဲမှာ Computerတစ်လုံးနဲ့ စတင်ခဲ့တယ်။ Website ကြီးကြပ်တာဟာမလွယ်ပါဘူး အချိန်ပြည့် အသစ်တွေ ပြောင်းလဲမှုတွေ ကိုယ်တိုင်ပဲလုပ်ခဲ့တယ် အလုပ်သမားငှားခ$140 ပေးဖို့မတတ်နိုင်ခဲ့လို့ပါ။

အင်တာဗျူး မှာ သူမပြောခဲ့ဖူးတယ်
"ကျွန်မလုပ်ငန်းစလုပ်တဲ့ ပထမ၂ နှစ်အတောအတွင်းမှာ လုပ်ငန်းအတွက်ငွေကြေးမလုံလောက်ခဲ့ဘူး။ ကျွန်မမှတ်မိသေးတယ် ၂နှစ်အတွင်းကျွန်မဖို့ အဝတ်အစားတောင် မဝယ်နိုင်ခဲ့ပါဘူး " " ကျွန်မ မိဘတွေကစီးပွားရေးနောက်ခံအင်အားလည်းမရှိ စီးပွားရေးနဲ့ ပက်သက်ပြီး အမြော်အမြင်လည်းမရှိကြပါဘူး။ မိဘတွေကအစပိုင်းမှာ ယုံကြည်မှု နည်းပါးခဲ့ပေမယ့် ကျွန်မစိတ်အားထက်သန်ရာကို လုပ်ဆောင်ဖို့တော့ အားပေးခဲ့ပါတယ်။"

image

#ေ အာင်မြင်မှု လမ်းစ

အောင်မြင်မှုလမ်းစ

လုပ်ငန်းစပြီး ၆ နှစ်အကြာမှာ Estee Louder ကုမ္ပဏီက သူမWebsite ကို ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်စေဖို့ သဘောတူခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Woolworths ကသူမလုပ်ငန်းထဲ ရှယ်ယာ၂၅% ထည့်ဝင်ခဲ့တယ် ။အဲဒီအချိန်မှာ သူမဟာ အရမ်းစိတ်လှုပ်ရှားပြီးပျော်ခဲ့ရတယ်။ စီးပွားရေးလုပ်ငန်းသဘောကို နားလည်လာပြီဖြစ်တာကြောင့် လုပ်ငန်းကရရှိတဲ့ အမြတ်ငွေတွေကို Woolworths မှာ ရှယ်ယာပြန်ထည့်ဝင်ပြီးတိုးပွားအောင်ကြိုးစားခဲ့တယ်။ ၂၀၁၂ နဲ့ ၂၀၁၃ မတိုင်ခင်အချိန်ထိ လုပ်ငန်းလည်ပတ်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့ရတယ်။

ကြိုးစားမှု ရဲ့ ရလာဒ်

ဒီနေ့ ဒီအချိန်မှာ Kate ရဲ့ Website ဟာ ဝင်ရောက်ကြည့်ရှူသူသန်းချီရှိပြီး အလှကုန်ပစ္စည်းအမျိုးအစားပေါင်း၈၀၀၀ကျော် ရောင်းချလျက်ရှိပါတယ်။
နာမည်ကြီး Brand တံဆိပ်တွေဖြစ်တဲ့
Clarins , Benefit , Ke'rastse , SK-II , Lancome တို့ကို ရောင်းချပေးရင်း သူမရဲ့ တစ်နှစ်စာ ဝင်ငွေ သြဇီဒေါ်လာ ၂၅သန်းထိ ရှိလာပြီးဖြစ်ပါတယ်
။သူမရရှိတဲ့ငွေတွေကိုလည်းအကျိုးရှိအောင်အသုံးချသူလည်းဖြစ်ပါတယ်။ နည်းပညာလောကမှာ သူမငယ်ရွယ်စဉ်ကလို ရည်မှန်းချက်ကြီးကြီးမားမားထားပြီး ကြိုးစားနေတဲ့ လူငယ်မိန်းကလေးတွေ အတွက်ပညာရေးထောက်ပံ့ဖို့ Women in Tech Scholarship ကို တည်ထောင်ခဲ့ပါသေးတယ်။
အောင်မြင်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ဆုတွေနဲ့ သူမရဲ့လုပ်ငန်းလည်းဆုတွေရရှိခဲ့ပါတယ် ။

Business Innovation Award
Telstra Business Women's Award in 2014
Deloitte Asia Pacific Tech Fast 500
Deloitte Tech Fast 50 Australia
Smart Company Smart 50

အခုဆိုရင် Adore beauty ဟာ Estee Louder Companyမှ ထောက်ခံသဘောတူပေးမှု နှင့်အတူ Australia နိုင်ငံရဲ့ နံပါတ်တစ် E-commerce လုပ်ငန်းအဖြစ်ခိုင်မာစွာ ရပ်တည်နေပါတယ်။

Kate သည် ဘဝကို သုညမှ စခဲ့ရသော်လည်း
စိတ်ဓာတ်မကျ ကြံ့ကံ့ ခံကြိုးစားခဲ့သူ
Comfort zone မှာမနေပဲ စိန်ခေါ်မှုတွေကို
ရင်ဆိုင် ရပ်တည်ခဲ့သူ
ဇွဲ လုံ့လ ဝီရိယတို့ဖြင့် မဆုတ်မနစ်ကြိုးစား
အားထုတ်ကာ အောင်မြင်မှု ကိုအရယူနိုင်ခဲ့သူအဖြစ်
စံနမူနာယူထိုက်သော ပုဂ္ဂိုဟ်တစ်ဦးဖြစ်လာပါတယ်

Reference from google;
https://herbusiness.com/profile/kate-morris/
http://www.mamamia.com.au/adore-beauty-founder/

နန်းခမ်းသီရိဦး @nangkhamthiri
19.8.2017
Photo credit.
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now