ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၃)

အပိုင်း(၁)မှအပိုင်း(၁၁)ထိ(ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၉)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၀)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၁)

အပိုင်း(၁၂)

အပိုင်း(၁၂)မှအဆက်

ထိုထဲမှ အံအားသင့်​ဆုံးဖြစ်​​နေသူမှာ ​သူဇာ အ​ဒေါ် ​ဒေါ်ချို​လေးပင်​။မိမိတူမ​လေး၏ အ​ခြေအ​နေအား မြင်​​တွေ့ရချိန်​မှာ​တော့ ဘာမျှမ​ပြောတတ်​​အောင်​ ဖြစ်​​နေပါ​တော့သည်​။

``တူမ​လေး... တူမ​လေး  အ​ဒေါ့်ကိုမမှတ်​မိ​တော့ဘူးလားကွယ်​ တူမ​လေးငယ်​ငယ်​ကတည်းကထိန်း​ကျောင်းလာတဲ့ အ​ဒေါ်ပါ လုပ်​ပါဦးးဆရာမတို့ တစ်​ခုခု​တော့မှား​နေပြီ သူစိမ်း​လူ​တွေ​တော့ သိ​နေတယ်​ အ​ဒေါ့်ကိုကျ​တော့မမှတ်​မိ​တော့ဘူး ဟုတ်​လား ရက်​စက်​လိုက်​တာ ကံကြမ္မာရယ်​"​ဒေါ်ချို​လေးခမျာမှာ​တော့ မိမိရင်​ဘတ်​ကြီးအား ထုကာ ရှိုက်​ကြီးတငင်​ငို​ချလိုက်​သည်။ထိုအခါမှာ​တော့ ငိုသံများကြားရ၍ အခန်းထဲသို့ သူနာပြုဆရာမ​လေးတစ်​​ယောက်​ အ​ပြေးအလွှား​ရောက်​လာ​တော့သည်​။girl-cry-25784396.jpgcredit imagehttps://www.dreamstime.com/royalty-free-stock-image-girl-cry-image25946456

"ဘာဖြစ်​ကြတာလဲရှင့်​ ​ဆေးရုံမှာ အရမ်းဆူဆူညံညံလုပ်​လို့မရပါဘူးရှင့်​ ​ဘေးလူနာ​တွေအ​နှောက်​အယှက်​ဖြစ်​မှာစိုးလို့ပါ ​ကျေးဇူးပြု၍ စည်းကမ်း​လေး​တော့ လိုက်​နာ​ပေးပါ​နော်​ အခုက လူနာက ဘာဖြစ်​လို့လဲရှင့်​"

"လူနာကဘာမှမဖြစ်​ပါဘူးဗျာ အ​နှောက်​အယှက်​ဖြစ်​သွားရင်​​တောင်းပန်​ပါတယ်​"ကြားထဲမှ​နေ၍ ရဲထက်​ဝင်​​ပြောလိုက်​ရသည်​။အ​ခြေအ​နေကိုနားလည်​စပြုမိ​သော ​နေ​သော်​မှ အကင်းပါးစွာ ​ဒေါ်​လေးချို အား အပြင်​သို့ ​ခေါ်ထုတ်​လိုက်​သည်​။

"မင်းတို့​သေချာ ​စောင့်​ကြည့်​ထား​နော်​ နွယ်​ ကိုယ်​ခဏအပြင်​သွားဦးမယ်​​နော်​ ပြန်​လာခဲ့မယ်​"သူဇာ​လေးမှာ ​နေ​သော့်​အားလိုက်​ကြည့်​ရင်း ကုတင်​​ပေါ်ကျန်​ခဲ့​တော့သည်​။

       ~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆေးရုံဝင်းအတွင်း သစ်​ပင်​​အောက်​ဝယ်​ ​ဒေါ်ချို​လေး ​နေ​သော်​​ခေါ်လာခဲ့သည်​။ဒေါ်ချို​လေးမှာ​တော့ မျက်​ရည်​နှင့်​မျက်​စနှင့်​ပင်​။အငိုမတိတ်​နိုင်​​သော ​ဒေါ်ချို​လေးအား ​နေ​သော်​ ရှင်းပြချင်​သည်​။သို့အတွက်​ အပြင်​သို့ ​ခေါ်ထုတ်​လိုက်​ခြင်းပင်​ဖြစ်​သည်​။

"ဘယ်​လိုဖြစ်​ရတာလဲ ​မောင်​​နေ​သော်​ရယ်​ ဒါအန်​တီတူမ သူဇာမဟုတ်​ဘူး သူဇာအမူအရာ​တွေမဟုတ်​​တော့ဘူး အန်​တီနားမလည်​နိုင်​​တော့ဘူးကွယ်​ အန်​တီ့ကိုတစ်​ခုခု​ပြောပါဦး"​ဒေါ်ချို​လေးတစ်​​ယောက်​ အရူးတစ်​​ယောက်​ပမာ ​နေ​သော်​အား လှုပ်​ကာရမ်းကာ​မေး​တော့သည်​။

"ဒီလိုပါ အန်​တီ ကျွန်​​တော့်​အထင်​ ........."​နေ​သော်​စကားအား ​ခေတ္တရပ်​လိုက်​သည်​။

"မင်း အထင်​ ဘာလဲ​ပြော​လေကွယ်​"

"ကျွန်​​တော့်​အထင်​ သူ​ဇာ အသုံးချခံ​နေရပြီထင်​ပါတယ်​အန်​တီနားလည်​​အောင်​ ရှင်းရှင်း​ပြောရရင်​ သူဇာကိုယ်​ထဲမှာရှိ​နေတဲ့ ဝိညည်​ဟာ ​ကျွန်​​တော့်​ချစ်​သူရဲ့ ဝိညည်​ပါ"

"ဘာာ!!!မင်းဘယ်​လို​ပြောလိုက်​တာ ငါနားမလည်​လို့ ထပ်​​ပြောပါဦး ဘာ​ပြောလိုက်​တယ်​"

"ဟုတ်​တယ်​ အန်​တီကျွန်​​တော့်​ချစ်​သူကနွယ်​ပါ သူဆုံးသွားတာ (၃)နှစ်​ရှိပါပြီ အဲ့ဒါ သူမှသူ အစစ်​" ထိုစကားနား​ထောင်​ပြီးချိန်​မှာ​တော့ ​ဒေါ်ချို​လေးမှာ မိမိကိုယ်​ကိုမထိန်းနိုင်​​တော့ဘဲ အရုပ်​ကြိုးပြတ်​ လဲကျသွားပါ​တော့သည်​။not_breathing_by_gilraen_ar_feiniel-d4f6ux4.jpgcredit imagehttps://finisternis.deviantart.com/art/Not-Breathing-267378952

"​အန်​တီ အန်​တီ ရရဲ့လား"​နေ​သော်​ လျင်​မြန်​စွာဖြင့်​ ​ဒေါ်ချို​လေးအား လဲမကျ​စေရန်​ ထိန်းထားလိုက်​ရသည်​။ထို့​နောက်​ ထိုင်​ခုံတန်းလျားတွင်​ ထိုင်​​စေခဲ့လိုက်​သည်​။

"အန်​တီ ဘယ်​လို​ပြောရမှန်းမသိ​တော့ဘူးကွယ်​ ကံတရားကိုပဲ အပြစ်​ပုံချရမလား လူကိုပဲအပြစ်​တင်​ရမလား မသိနိုင်​​တော့ဘူး ကွယ်​ ငါ့တူမ​လေး ကံရယ်​ဆိုးလွန်း​ပါလား အဲ့ကံကြမ္မာဆိုး​တွေသာ ​ဝေခွဲခံယူလို့ရရင်​ အန်​တီ အားလုံးကိုခံယူလိုက်​ချင်​တယ်​ကွယ်​ အခု​တော့...အီး...ဟီး...ဟီး...ဟီး"​ဒေါ်ချို​လေးမှာ ​ပြောကာဆိုကာဖြင့်​ မျက်​ရည်​များ အတားအဆီးမရှိစီးကျလာကာ ထပ်​မံငိုပွဲဆင်​​တော့သည်​။နေ​သော်​လည်း ဘယ်​လိုနှစ်​သိမ့်​ရမှန်းမသိဖြစ်​သွားသည်​။

"ကျွန်​​တော်​ ဒီကိစ္စကို ​ပြေလည်​​အောင်​​ဖြေရှင်းနိုင်​ပါတယ်​ ဒါ​ပေမဲ့ အချိန်​အတိုင်းအတာတစ်​ခု​တော့ လိုပါလိမ့်​မယ်​ အဲ့အတွက်​ အန်​တီ့တို့ဘက်​က ခွင့်​ပြု မပြုဆိုတာ လိုအပ်​ပါလိမ့်​မယ်​"​နေ​သော့်​စကား​ကြောင့်​ ​ဒေါ်ချို​လေး အားတက်​သွားသ​ယောင်​ရှိကာ

"မင်းက ဘယ်​လိုလုပ်​​ပေးမှာမို့လဲ ငါတူမ​လေးရဲ့ ဝိညည်​ကိုပြန်​​ခေါ်​ပေးမလို့လား စဉ်းစားပြီးမှလည်း​ပြောပါဦး ပြီး​တော့ မင်းက ဘာကိုခွင့်​ပြုချက်​လိုချင်​တာလဲ အန်​တီနားလည်​​အောင်​​ပြောစမ်းပါ"

"ကျွန်​​တော်​ အန်​တီ့ကိုရှင်းရှင်း​လေး​ပြောပါ့မယ်​ အန်​တီ့တူမ သူဇာကိုကျွန်​​တော့်​အိမ်​မှာ​ခေါ်ထားချင်​တယ်​... ဒါကလည်း အခုအ​ခြေအ​နေကိုသုံးသပ်​ပြီးကျွန်​​တော်​​ပြောရတာပါ ကျွန်​​တော့်​မှာဘာစိတ်​မှမရှိပါဘူး" ​နေ​သော်​၏အ​ဖြေ​ကြောင့်​ ချက်​ချင်းဆိုသလို​ဒေါ်ချို​လေး မျက်​နှာတစ်​ချက်​ကွက်​သွား​သော်​လည်း ​အ​ခြေအ​နေတစ်​ခု​ကြောင့်​လက်​ခံရန်​အ​ကြောင်းဖန်​လာခဲ့ပြီမဟုတ်​ပါလား။

"မင်းက ဘယ်​လိုစီစဉ်​ထားလို့လဲ အန်​တီ့တူမက အပျို စစ်​စစ်​​နော်​ ပြီး​တော့ မင်းအိမ်​​ခေါ်ထားရင်​ ​ဘေးပတ်​ဝန်းကျင်​နဲ့ မင်းအသိုင်းအဝိုင်း​တွေကဘယ်​လိုထင်​ကြမလဲ လက်​​ရောခံပါ့မလား"​ဒေါ်ချို​လေးစကား​ကြောင့်​ ​နေ​သော်​တစ်​ချက်​​တွေ​ဝေသွားသည်​။ထို့​နောက်

"ဒါက​တော့ ကျွန်​​တော်​မဖြစ်​ ဖြစ်​​အောင်​လုပ်​ရမှာ​ပေါ့ ကျွန်​​တော့်​အိမ်​မှာ​တော့ အ​ဒေါ်ကြီးတစ်​​ယောက်​ရှိပါတယ်​ သူနဲ့ထားလို့အဆင်​​ပြေပါတယ်

အဲ့ထက်​စိတ်​ချ​စေချင်​ရင်​​တော့ အန်​တီပါ လာ​နေ​ပေးလိုက်​​ပေါ့ ကျွန်​​တော့်​ဘက်​က ဘာအခက်​အခဲမှမရှိပါဘူး"

"​အေး​လေ မင်းဘက်​က အဆင်​​ပြေရင်​​တော့ အန်​တီဘက်​ကလည်း လိုက်​​လျော​ပေးရမှာ​ပေါ့ ဒါ​ပေမဲ့မင်းအိမ်​​တော့ အန်​တီလိုက်​မ​နေနိုင်​ဘူး အန်​တီ့အိမ်​မှာက အန်​တီ့အမျိုးသားနှင့်​ က​လေး​တွေရှိ​သေးတယ်​  တ​နေ့တစ်​​ခေါက်​​တော့ လာကြည့်​မယ်​ ​နောက်​ဆုံးအန်​တီ မင်းဆီက ဂတိတစ်​ခု​တောင်းချင်​တယ်​ မင်း အန်​တီ့တူမကို မှဲ့တစ်​​ပေါက်​​တောင်​ မစွန်း​စေနဲ့​နော်​ အဲ့ဒါ​တော့ ဂတိ​ပေးခဲ့"

"စိတ်​ချပါ အန်​တီ ကျွန်​​တော့်​ဂုဏ်​သိက္ခာကိုလည်း  အစွန်းထင်းမခံနိုင်​ပါဘူး အဲ့အတွက်​ဂတိ​ပေးပါတယ်​"

"ဟုတ်​ပြီ​လေ ဒါဆိုလည်း ​အခန်းကိုပြန်​ကြတာ​ပေါ့  ငါ့တူမ မင်းကို​မျှော်​နေ​တော့မယ်​"ထို့နှင့်​ ​ဒေါ်ချို​လေးနှင့်​ ​နေ​သော်​တို့နှစ်​​ယောက်​ ​ဆေးရုံ​ပေါ်သို့ တက်​သွားခဲ့ကြ​တော့သည်​။

ဆက်​လက်​​ရေးသားပါဦးမည်​။



Author by @nandasai(MSC.076)






H2
H3
H4
3 columns
2 columns
1 column
Join the conversation now