အကျီင်္လေးတစ်ထည်

ဦးကျော်တစ်ယောက် ထုံးစံအတိုင်း ညနေခင်းလမ်းလျှောက်ထွက်ခဲ့ပါသည်။'ရွှေရိုး' ဟူသော လဘ္ဘက်ရည်ဆိုင်လေးဆီသို့။ဒီဆိုင်လေးကတော့ ဦးကျော်ရဲ့နေ့စဉ်နားခိုရာအရိပ်အာဝါသလေး ဖြစ်လို့နေပါပြီ။အသင့်အတင့်ကျယ်ဝန်းပြီးလဘ္ဘက်ရည်အရသာမဆိုးလှသော ဒီဆိုင်လေးကဦးကျော်ရဲ့အကြိုက်ဆိုလျှင်မမှားပါဘူး။

ကာလတာရှည်စွာစွဲမြဲထိုင်နေခဲ့သော ဒီဆိုင်လေးမှာ ခင်မင်စရာမိတ်ဆွေအပေါင်းအသင်းများနှင့်လည်း တွေ့ဆုံရင်းနှီးခဲ့ရသည်။ဦးအောင်မိုး,ဦးကျောက်ထွန်း, ဦးကောင်းစံ ဟူသော မိတ်ဆွေသုံးဦးနှင့်ရင်းနှီးခဲ့ရခြင်းသည်ဒီဆိုင်လေးမှာအမြဲထိုင်ခြင်း၏ရလဒ်တစ်ခု။ထိုသုံးဦးထဲမှ ဦးအောင်မိုးသည်လူပျိုကြီးတစ်ဦးဖြစ်ပြီးစိတ်ရင်းကောင်းသော်လည်း အလွန်စကားများသူဖြစ်၏။သူပြောသောစကားများက ဦးကျော်စိတ်ဝင်စားသောအကြောင်းအရာဖြစ်လျှင် ဦးကျော်အဖို့ နားထောင်ရတာအပန်းမကြီးသော်လည်း စိတ်မဝင်စားသောအကြာင်းအရာမျိုးကိုနားထောင်နေရလျှင် ဦးကျော်အဖို့ လဘ္ဘက်ရည်သာမြန်မြန်သောက်ပြီးအိမ်ပြန်ချင်မိသည်။သူကသိပ်လေရှည်သည်ကိုး။စကားတစ်ခွန်းနှစ်ခွန်းတည်းနှင့် သဘောပေါက်နိုင်သည့် အကြောင်းအရာတစ်ခုကို သူက လေးငါးဆယ်ခွန်းချဲ့ကားပြောနေတတ်ပြီး သိပြီးသားအကြောင်းအရာများကိုလည်း ထပ်ရှင်းပြနေသေး၏။လူပျိုကြီးဦးအောင်မိုး တစ်ပတ်လျှင်နှစ်ကြိမ်မျှသာ လဘ္ဘက်ရည်လာသောက်ခြင်းသည် ဦးကျော်အား ဘုရာပေးသောဆုလဒ်တစ်ခုလို ခံစားမိစေသည်။

ဦးကျောက်ထွန်းကတော့ ဦးကျော်အတွက် အဆင်ပြေသည်။စကားကြောလည်းဦးအောင်မိုးလောက်မရှည်။လူကလည်းရိုးအေးသလို ဦးကျော်နှင့်ဝါသနာ(ဘောလုံးပွဲကြိုက်တာ) ချင်းလည်းတူသည်။ကျောင်းဆရာလုပ်တာချင်းလည်းတူနေတော့ တစ်ခါတစ်လေအလုပ်နဲ့ပက်သက်ပြီးသူ့အခက်အခဲ ကိုယ့်အခက်အခဲ ဆွေးနွေးတိုင်ပင်လို့ရသေးသည်။သူနှင့်ဆိုလျှင်တော့ နေ့တိုင်းလက်ဖက်ရည်ဆိုင်မှာဆုံပါစေဟု စိတ်ထဲမှအခါခါဆုတောင်းမိသည်။သူသည်လည်းတစ်ပတ်လျှင်နှစ်ရက်မျှသာ လဘ္ဘက်ရည်ဆိုင်ကို လာပေသည်။

နောက်ဆုံးတစ်ယောက်ကတော့ ဦးကောင်းစံ။သူက ထက်မြက်သည်။စည်းစနစ်ကျနသည်။မာနကြီးသည်။လလ္ဘက်ရည်ဆိုင်သို့ တစ်ပတ်လျှင်သုံးရက်မျှ လာတတ်ပြီး ဦးကျော်ကိုတော့ အလွန်ခင်မင်၏။သူနှင့်ဆိုလျှင် လဘ္ဘက်ရည်ဖိုးသူကပဲ အမြဲရှင်းရှင်းသွားသဖြင့် ဦးကျော် သူ့အားအလွန်အားနာ၏။"မပေးပါနှင့် ကျွန်တော်ပေးပါ့မည်" ဆိုလည်းမရ။ "ဦးကျော် ကျွန်တော့်ကိုမခင်တာလား" "ဒီလောက်ပိုက်ဆံလေးနဲ့အားနာမနေပါနဲ့" "ပိုက်ဆံထက်မိတ်ဆွေကောင်းကပိုတန်ဖိုးရှိတယ်" "ဦးကျော်လည်းကျွန်တော့်ကိုအကူအညီပေးဖူးတာအများကြီးရှိတာပဲ" "ဒီလောက်လေးပြန်တုံ့ပြန်တာ ဘာမှမဟုတ်ပါဘူး" "ဒါလေးတောင်မှလက်မခံရင် မိတ်ဆွေကောင်းတွေလို့ မသတ်မှတ်တော့ဘူး" ဟုဆိုသော စကားလုံးများနှင့်ပစ်ပေါက်ကာ သူပဲအတင်းရှင်းသွား၏။စိတ်ကြီးစိတ်မြန်သော သူ့ကိုဦးကျော်လည်းမနိုင်။နောက်ဆုံးသူ့အလိုသာ လက်ခံလိုက်ရသည်။

image

လဘ္ဘက်ရည်ဆိုင်သို့ နေ့စဉ်လာတတ်သော ဦးကျော်အဖို့ သူတို့ သုံးဦးထဲမှ တစ်ဦးမဟုတ်တစ်ဦးနှင့်ကား ဆုံမိတတ်၏။ထိုဖြစ်ရပ်ဖြစ်ပွားခဲ့သောနေ့မှား ဦးကောင်းစံနှင့် ဆုံသောနေ့ပင်ဖြစ်၏။ထိုနေ့ကဦးကောင်းစံမှာအလွန်ဖြူစင်သော အကျီင်္လက်ရှည်လေးတစ်ထည်ကို ဝတ်ဆင်၍လာသည်။ဦးကျော်ကပင် သူ့ကိုတွေ့တော့ "ဟ သန့်လို့ခန့်လို့ ဘာလား ဦးကောင်းစံရဲ့" စနောက်လိုက်သောအခါ ဦးကောင်းစံမှာ "ဟဲဟဲ..... ဒါကျွန်တော့်သားနိုင်ငံခြားကပို့လိုက်တဲ့အကျီင်္လေးအစွမ်းကြောင့်ပေါ့ဗျာ" ဟုပြန်ဖြေရင်း လဘ္ဘက်ရည်တစ်ခွက်မှာလိုက်၏။ဖြစ်ချင်တော့ နောက်နားမလှမ်းမကမ်းမှာ အကျီင်္ညစ်ထေးထေးဝတ်ထားသော ကောင်လေးတစ်ယောက်သာ ကြားလိုက်ပြီးအဖျော်ဆရာထံသို့သွားမှာပေး၏။ထိုကောင်လေးမှာလုပ်နေကျ စားပွဲထိုးတော့မဟုတ်။များသောအားဖြင့် မီးဖိုချောင်လို နေရာမျိုးမှာ လုပ်သူဖြစ်ပုံရ၏။ဦးကျော် သူ့အားတစ်ခါတစ်လေမှသာတွေ့ဖူး၏။လဘ္ဘက်ရည်ရသောအခါ ကောင်လေးသည် လဘ္ဘက်ရည်အားဦးကျော်တို့စားပွဲဆီသို့ယူလာပေး၏။ခြေလှမ်းများတစ်လှမ်းချင်း တစ်လှမ်းချင်းနှင့် ဦးကောင်းစံ အနီးသို့ရောက်ရှိလာကာ ဦးကောင်းစံမှာလည်း သူ့ဆီသို့ ချည်းကပ်လာသော ကောင်လေးအား စတင်သတိထားမိလာ၏။လဘ္ဘက်ရည်ခွက်ချပေးရန် ကောင်လေးသည်ဦးကောင်းစံအနားတိုးကပ်လာသည်နှင့်တစ်ပြိုင်နက် ဦးကောင်းစံမှ "ဟာကွာ ဒီလောက်ညစ်ပတ်နေတဲ့ အကျီင်္နဲ့ စားသုံးသူအနားတိုးရလား" "သွားစမ်းကွာ ဝေးဝေးသွားစမ်း" " အကျီင်္ဖြစ်ဖြစ်သွားလဲစမ်းကွာ" ဟုကောင်လေးအားဒေါသတကြီး အော်ငေါက်လိုက်၏။ကောင်လေးကလည်းမခံ ချက်ချင်း "ခင်ဗျား ဘာလဲ" "ချမလား" "လူကြီးမို့လို့ချက်ချင်းဆွဲမထိုးတာ" ဟုပြန်အော်၏။သူတို့နှစ်ယောက်၏ဒေါသတကြီး ရန်ဖြစ်သံများကြောင့် တစ်ဆိုင်လုံးရှိလူများသည် ဦးကျော်တို့စားပွဲဆီသို့ အာရုံစူးစိုက်လာကြသည်။ထိုစဉ်မှာပင် ကောင်လေးထက် အသက်အနည်းငယ်ကြီးဟန်တူသော သင့်တင့်သောအဝတ်အစားဝတ်ဆင်ထားသော ကောင်မလေးနှစ်ယောက်သည် ဦးကျော်တို့စားပွဲဆီသို့ ရောက်ရှိလာပြီး ထို နှစ်ယောက်ထဲမှတစ်ယောက်သည် ဦးကောင်းစံအား စေ့စေ့ကြည့်ကာ "ဒီမှာရှင့် ပြောစရာရှိတော့ပြောရမှာပဲ" "အလုပ်ပြုတ်ချင်လည်းပြုတ်ပစေ" "ဒါကျွန်မမောင်လေး" " ကျွန်မတို့မှာအကျီင်္သန့်သန့်မပြောနဲ့ စားဖို့တောင် အနိုင်နိုင်"ဟုပြောကာ သူ့မောင်လေးအားအခြားနေရာသို့ဆွဲခေါ်သွားတော့၏။ဦးကောင်းစံမှာထိုကိစ္စ ကြောင့် လဘ္ဘက်ရည်ပင်မသောက်တော့ဘဲချက်ချင်းထပြန်သွား၏။ဦးကျော်မှာလည်း ဘာလုပ်ရမှန်းမသိဖြစ်ကာ စိတ်ရှုပ်စွာဖြင့် မိမိရှေ့ကလဘ္ဘက်ရည်ကိုသာ အမြန်ကောက်သောက်လိုက်မိတော့၏။ထိုနေ့သည်ကား ဦးကျော် အိမ်သို့စောစောပြန်သောနေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။

မှတ်ချက်-မိမိဖခင်ပြောပြသောဖြစ်ရပ်တစ်ခုအားဇာတ်ကောင်များ ထပ်ဖြည့်စွက်ကာ ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

photo-google image

MSC-033

Author-Myothuzar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center