ဟိုး......ရှေးတုန်းက ရွာတစ်ရွာ မှာ မောင်ပုည ဆို လူ လိမ္မာလေးတစ်ယောက်ရှိတယ်။မောင်ပု ညဟာ မိဘ တွေ ပေါ်မှာလဲ လုပ်ကျွေးပြုစု တယ် ရတနာငါးပါးကို လည်းရိုသေ ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါသည် ။
မောင်ပုည သည် တောထဲ မှာနေ့စဉ် ဖခင်နှင့် အတူ ထင်းခုတ် ထွက်တယ်။
တစ်နေ့မှာ ဖခင်ကနေမကောင်းတာနှင့် သူတစ်ယောက်ထဲ ထင်းခုတ်ထွက်လာခဲ့သည်။ သူက အမြဲလိုလို သရဏဂုံ တည်ပြီး ဘုရားဂုဏ်တော် ကို ရွတ်ဆိုနေတတ်ပါသည် ။ သတ္တဝါတွေကိုလည် မေတ္တာ ပို့သ ပေး တတ်သေးသည်။
ထို သို့ ရတနာငါးပါးကို အမြဲတမ်းတပြီး ဘုရားဂုဏ်တော် ကို ပွားများနေတဲ့ မောင်ပုည ကို တောစောင့်နတ်တွေ တောင်စောင့် နတ်တွေက မောင်ပုည ကိုစောင့်ရှောက်ပေးကြသည်။ မောင်ပုည တစ်ယောက်ထဲ ထင်းခုတ်ထွက်လာသော နေ့တစ်နေ့မှာ ငှက်ဝါ လေးတစ်ကောင်ဟာ လေးထိပြီး ဒဏ်ရာ ရကာမပျံနိုင် ဖြစ်နေသည်။ထိုငှက်ဝါတေလးကို မြင်တော့ မောင်ပုညဟာ သနားစရာ ကောင်းလိုက်တဲ့ ငှက်ကလေး ငါ ကယ်ပေးမှဖြစ်မည်ဆို ပြီး ငှက်လေး ရဲ့ဒဏ်ရာကို သက်သာအောင် ကုသပေးလိုက်သည်။
နောက် ရက်တွေလည်း ဖခင် ကို နားစေပြီး သူတစ်ယောက်ထဲ ပဲ တောထဲမှာ ထင်းခုတ်ထွက်လာပြန်သည်။ ခဏအကြာမှာ မောင်ပုည ထင်းခုတ် နားတော့ သူကုပေးခဲ့သော ငှက်ဝါလေးက မောင်ပုည ထိုင်နေသော သစ်ပင်ထက်မှာ နားပြီး "ငါ့ အမွှေးတစ်မွှေးနုတ် မောင်ပုည သူဌေးလုပ် " ဟု သုံးခါ အော်ပြီးတော့ ငှက့်တောင်ပံ တစ်ခု ကို ချွတ်ချ ခဲ့သည်။မောင်ပုညက ငှက် မွှေလေး ကိုကြည့်ပြီး အိမ်သို့ ယူခဲ့ သည်။
ည အိပ်ခါနီးမှာ ဘုရားရှင်ခိုး တရားထိုင် သတ္တဝါတို့ ကိုမေတ္တာပို့ မိဘတွေ လည်း ရှင်ခိုး ကန်တော့ပြီး အိပ်ယာ ဝင်ရန် ပြင်ဆင်ချိန်မှာ ငှက်မွှေးလေးကို သတိရလို့ ထုတ်ကြည့်ပြီး ခေါင်းအုံးအောက်မှာ ထား၍အိပ်ယာဝင်ခဲ့သည်။နောက်နေ့ မနက်ရောက်သော် အိပ်ယာထ စောင်ခေါက်ချိန်မှာ ခေါင်းအုံး အောက်က ငှက်တောင်ပံမွှေးလေး ဟာ ရွှေတောင်ပံလေးဖြစ်သည်ကို မြင်တော့ မိဘ နှစ်ပါးကို သွားပြလေသည်။ ထို ငှက်မွှေးလေးရခဲ့ပုံအကြောင်းရှင်းပြလိုက်လေသည်။တောထဲမှာ မောင်ပုည တစ်ယောက်ထဲ ထင်ခွေး ထွက်တိုင်း ငှက်ဝါလေး ဟာ သူ့ရဲ့ အတောင်ပံ ကိုလာလာပေးသည် နောက်ဆုံးမှာတော့ စိတ်ကောင်းရှိတဲ့မောင်ပုည တို့ မိသားစုလေးဟာ တောထဲမှာထင်ခုတ် ထွက်စရာမလိုတော့ပဲ ငှက်ဝါလေးပေးခဲ့ တဲ့ရွှေတောင်ပံလေးတွေကို ရောင်းပြီချမ်းသာသွားခဲ့သည်။
တကယ်တော့ငှက်ဝါလေး ဟာ တောကိုစောင့်ရှောက်နေသော နတ်မင်းတစ်ပါး ဖန်ဆင်းထားခြင်သာဖြစ်ပါသည်။တောစောင့်နတ်မင်းဟာ မောင်ပုည မေတ္တာ ပို့သမှုတွေကို အကြိမ်ကြိမ် သာဓု ခေါ်နေရတာ အကြွေးတင်နေသလိုဖြစ်နေပြီး စိတ်ကောင်း ရှိပြီ ဘုရားဂုဏ်တော် ပွားများနေတဲ့ မောင်ပုညဆင်းဆင်းရဲရဲ ထင်းခုတ်နေရတာကို မမြင်ရက်တာနှင့် ငှက်ဝါလေး တစ်ကောင်အဖြစ်ဖန်ဆင်းကာ ရွှေတောင်ပံတွေကို ပေးပြီးကျေးဇူးဆပ်လိုက်တာဖြစ်ပါသည်။ ပုံပြင်လေးကတော့ ဒါပါပဲ 'ချမ်းသာလိုသလား' စိတ်ကောင်းထား က ချမ်းသာပါ၏။.............။
HFS-B4
MSC-155
Photo credit facebook