ဘုရားဂုဏ်တော်
ဗုဒ္ဓဘာသာဝင်တို့ သည် ကံ ကံ၏ အကျိုး ကို ယုံ ကြည်ကြသည် ။ ကျွန်တော်တို့ သည် ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်စံ ဝင်ပြီး နှစ်ပေါင်း များစွားကြာမှ လူဖြစ်ခဲ့ရသည် ။မြတ်ဗုဒ္ဓ အား ကိုယ် တိုင်းမဖူးတွေ့ခွင့်ရခဲ့ ၍ကံဆိုး သည့်ဟု မထင်ပါနှင့် ဗုဒ္ဓ၏ တရားတော် သစ္စာလေးပါးသည် ကျန်နေခဲ့ပါသည် ။ ဗုဒ္ဓ၏ တရားတော် များသည် ယခုတိုင်း နာကြားနိုင်ပါသည် ။ဂရုဏာကြီးမြတ်သော မြတ်စွာဘုရားက လူတွေကို ဒုက္ခ ဆင်းရဲခြင်းမှလွတ် မြောက် စေရန် ကိုယ်တိုင် ဒုက္ခ ခံ၍ ၆နှစ်တိုင်းတိုင်း သံသရာ မှလွတ်မြောက်ခြင်း တရား(သစ္စာလေးပါး)မြတ်တရားကို ကျင့်ကြံ အားထုတ်၍ ငြိမ်းချမ်းခြင်း အမှန် နိဗ္ဗာန် ကို တွေ့ရှိခဲ့သော အမြင့်မြတ်ဆုံး မဟာလူသားဖြစ်သည်။ ကျွန်ုပ်တို့ သည်ဘုရားရှိခိုး တိုင်း ဘုရား တရား သံဃာံ တရားသုံးပါးကို ရှိခိုးကြသည်။ ဗုဒ္ဓဘုရား၏ ဘုန်းတော်ကြီးမြတ်သောဂုဏ်တော်တို့ကို အားရုံပြုရှိခိုးကြပါသည် ။
ဘုရားဂုဏ်တော်၉ပါးသည်
၁။အရဟံ
မြတ်စွားဘုရားသည် လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်သော် အရဟံ ဂုဏ်တော်နှင့် ပြည့်စုံတော်မှုသည်။
၂။သမ္မာသမ္ဗုဒေါ
အလုံးစုံသော တရားကို မဖောက် မပြန် မှန်ကန်သည့်အတိုင်း ဆရာမရှိ မိမိ အလိုလို သိမြင်သောကြောင့် သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား ဟုမည်တော်မှုပါသည်။
၃။ဝိဇ္ဇာစရဏသမ္ပန္နဒေါ
ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါး တို့နှင့်ပြည့်စုံတော် မှုသောကြောင့် ဝိဇ္ဇာစရဏ သမ္ပန္နမည်တော်မှုပါသည်။
၎။သုဂတော
ကောင်းသောစကားကို ပြောဆိုတတ်သောကြောင့် သုဂတ မည်တော်မှုပါသည်။
၅။လောကဝိဒူ
သတ္တလောက ၊ သြကာသလောက ၊သင်္ခါါရလောက ဟုဆိုအပ်သော လောကသုံးရပ် တို့ကို နှံ့စပ်အောင် သိမြင်တော်မှုသောကြောင့် လောကဝိဒူ မည်တော်မှုသည်။
၆။အနုတ္ထရောပုရိသဓမ္မသာရထိ
မယဉ်ကျေးသော လူကြမ်း၊နတ်ကြမ်း၊ဗြဟ္မာကြမ်းနှင့် အသိဥာဏ်မရှိသော တိရစ္ဆာန် တို့ကို ယဉ်ကျေးအောင် ဆုံးမခြင်း၌ အတု မရှိသောပုဂ္ဂိလ်ဖြစ်ခြင်းကြောင့် အနုတ္ထရောပုရိသဓမ္မသာရထိ မည်တော်မှုပါသည်။
.၇။သတ္တာဒေဝမနုသာနံ
လူနတ်ဗြဟ္မာ သတ္တဝါတို့ ၏ဆရာ တစ်ဆူဖြစ်တေယ်မှုသောကြောင့် သတ္တာဒေဝမနုသာန မည်တော်မှုပါသည်။
၈။ဗုဒ္ဒေါ
သစ္စာ လေးပါကိုသိခြင်းကြောင့်ဗုဒ္ဓ ဟုမည်တော်မှုပါသည်။
၉။ဘဂဝါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံခြင်းကြောင့် ဘဂဝါ မည်တော်မှုပါသည် ။