FIRST AID

သတ္တဝါမှန်သမျှသည် လောကတွင် မိမိ အသက်ရှင် နေထိုင်ရပ်တည်ရေးအတွက် ရုန်းကန်လူပ်ရှားနေကြသည်။
ကျွန်တော်တို့ လူသားများသည်စားဝတ်နေရေး အသက်ရှင် ရပ်တည်ရေးအတွက်သတိတရား ရှိရှိဖြင့်သွားလာကြ
ရပါသည်။
သို့သော်တခါတလေ အကြာင်းမျိုးမျိုးကြောင့် သတိလက်လွတ်ဖြစ်တတ်ကြသည်။ တခါတလေ မမျှော်လင့်ဘဲ
ဘေးအန္တရာယ်ဖြင့်လည်း ကြုံတွေ့ရတတ်ပါသည်။
ဘေးအန္တရာယ်ဆိုရာတွင် အမျိုးမျိုးရှိတတ်ပါသည်။ အကြမ်းအားဖြင့် သဘာဝဘေးအန္တရာယ် နှင့် လူလုပ်ဘေးအန္တရာယ်ဟူခွဲခြားသတ်မှတ်နိုင်ပါသည်။သဘာဝဘေးအန္တရာယ်ဆိုရာတွင် ဥပမာ
ငလျှင်လူပ်ခြင်း၊ဆူနာမီရေကြီးခြင်း၊မီးတောင်ပေါက်ကွဲခြင်း အစသဖြင့်ရှိလေသည်။လူလုပ်ဘေးအန္တရာယ်
ဆိုရာတွင်နေအိမ်များ၊စက်ရုံများမီးလောင်ခြင်း၊တိုက်အိမ်ပြို ခြင်း၊ယာဉ်တိုက်ခြင်း အစရှိသဖြင့်ရှိလေသည်။
သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲရန် မလွယ်ကူချေ။ လူလုပ်ဘေးအန္တရာယ်များသည်လည်းရှောင်လွဲ
ရန်ခက်ခဲသည်။ မိမိကိုယ်တိုင်ကြောင့်ဖြစ်နိုင်သလို၊တစ်ခြားသူများ မတော်တဆမူကြောင့်လည်းဖြစ်နိုင်ပေသည်။
ဘေးအန္တရာယ်များကို တတ်နိုင်သမျှကြိုတင်ကာကွယ် သင့်ပေ သည်။ သဘာဝဘေးအန္တရာယ်အတွက်
ကြိုတင်ပြင်ဆင်မူအားနားနေသော်လည်း လူလုပ်ဘေးအန္တရာယ်ကိုမူသတိကြီးစွာဖြင့် ကြိုတင်ပြင်ဆင်သင့်ပေ
သည်။ဥပမာ-ယာဉ်မောင်းလျှင်ခါးပတ်ပတ်ခြင်း၊ဆိုင်ကယ်စိးလျှင်ဆိုင်ကယ်ကယ်စီးဦးထုတ်ဆောင်းပြီးသတိရှိစွာမောင်းခြင်း၊အမြင့်တတ်လျှင်အသက်က်ာကြိုးစနစ်တကျ တတ်ခြင်းအစရှိသည်များကိုစနစ်တကျဆောင်ရွက်သင့်ပေသည်။
မတော်တဆ ဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်ကာကွယ်ထားသော်လည်းမိမိထံသို့ အချိန်မရွေးကျရောက်နိုင်သည်။ သို့သော် ကြိုတင်စီမံထားခြင်းကြောင့်ထိခိုက်မူနည်းပါးမည်ဖြစ်သည်။

images.jpg![IMG_20170913_065455.jpg]

မတော်တဆထိခိုက်မူတစ်ခုဖြစ်လျှင်ရှေးဦးစွာဒဏ်ရာရသူကိုကုသရမည်။ပြီးမှသာနီးစပ်ရာဆေးရုံဆးခန်းသို့ပို့ဆောင်ကုသရမည်။ထိုသို့ဒဏ်ရာရရှိသူများအချိန်မှီကုသမူပေးနိုင်မှသာ လူနာ၏အသက်အန္တရာယ်မှကာကွယ်နိုင်မည်ဖြစ်သည်။ရှေးဦးစွာပြုစုရသေစာကြောင့် ရှေးဥိးသူနာပြုဟုခေါ်ရပေမည်။
ရှေးဦးသူနာပြုဆိုသည်မှာ မတော်တဆထိခိုက်ရလာသောဒဏ်ရာများနှင့်ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါ သို.မဟုတ် ဝေဒနာကို အခြေအနေ ပိုမို မဆိုးရွားစေရန်နှင့်အလျင်အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် ဆေးရုံ သို.မဟုတ် ဆရာဝန်ထံရောက်သည်အထိ ပြုစုကုသခြင်းကိုခေါ်ပါသည်။
ယခုကာလကဲ့သို့စက်တပ်ယာဉ်များနှင့် သွားလာလူပ်ရှားလူနေမုဘ၀ပုံစံတွင်ရှေးဦးသူနာပြုနည်းကိုလူတိုင်းမတတ်လျှင်တောင်မှတစ်အိမ်တစ်ယောက်တတ်ထားသင့်ပေသည်။ရုတ်တရက်ဖြစ်တတ်သောအစာနင်ခြင်း၊အရိုးကြိုးခြင်း၊မြွေကိုက်ခြင်း၊ယာဉ်တိုက်ခြင်းစသောအခြေအနေအမျိုးမျိုးတို့ကို စနှစ်တကျမပြုစုတတ်ရင် အခြေအနေပိုမို ဆိုးရွားနိုင်ပါသည်။
ဆေးခန်း၊ဆေးရုံမရောက်ခင်အလျှင် လူနာသက်တောင့်သက်သာ အခြေအနေ ပိုမိုမဆိုးရွားမှသာ ကုသမူအဆင်ပြေနိုင်မည်။
ကျွန်တော်တို့ အနီးပတ်ဝန်းကျင်တွင် နေ့စဉ်ဖြစ်တတ်သောအခြေအနေများနှင့် ပြုစုနည်းများကိုဆက်လက်ဖော်ပြပေးသွားပါမည်။
images.jpgIMG_20170913_065455.jpg
![images (2).jpg]

(https://steemitimages.com/DQmTi76L7yc99vFatwAa81uZ1562zJmo47YTkcKLP

4HQC19/images%20(2).jpg)
photo from google

myanmar
Emergency first aid

Msc 102
Hfs 38

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center