ကျွန်တော်ငယ်ငယ်ကတည်းက ဖြစ်ချင်တာဖြစ်အောင်လုပ်သည်။လိုချင်တာရအောင်ယူသည်။ဒေါသလည်းကြီး၏။သို့သော် ကျွန်တော်ငယ်ငယ်ကတည်းက ကိုရင်ဝတ်ချင်ခဲ့သည်။သာသနာ့ဘောင်ထဲအပြီးဝင်ချင်ခဲ့သည်။ကိုရင်ဝတ်ရန် ခွင့်ပြုချက်တောင်းတိုင်း အမေနှင့်အဖေက"သားရယ် အမေတို့အဖေတို့နဲ့နေပါအုံး… သားကငယ်ပါသေးတယ်…အမေတို့နဲ့ နေပြီး ပညာလေးတတ်အောင်သင် ကြီးလာမှသား သာသနာ့ဘောင်ထဲအပြီးဝင်ပါကွယ်…အမေတို့ အဖေတို့ သားကိုမခွဲနိုင်သေးဘူး…အမေတို့အဖေတို့မှာ ဒီသားပဲရှိတာ သာသနာ့ဘောင်ထဲအပြီးမဝင်ပါသေးနဲ့အုံးကွယ်" ဟုတားတက်းသည်။
ကျွန်တော် အစပိုင်းတွင် မိဘစကားကို နားထောင်၍ သာသနဘောင်မဝင်ပဲ နေသည်။သို့သော် ကြာကြာမနေနိုင်။ကျွန်တော့် ဗီဇအရ လုပ်ချင်တာမလုပ်ရလျင် နေမထိ ထိုင်မသာ ဖြစ်တက်သည်။ကျွန်တော် အဖေနှင့် အမေကို ထပ်ခွင့်တောင်းသည် ခွင့်ပြုချက်ကား မရ။ဤသို့ဖြင့် သာသနဘောင်ဝင်ရန်ကိစ္စသည် မှေးမှိန်နေခဲ့ရသည်။
တစ်နေ့ မိသားစုလိုက်ဘုရားဖူးသွားကြရာ မန္တလေးတောင်ပေါ်အရောက် ဘုရားစေတီများကို ဖူးမျှော်ကြည်ညိုရင်း ကျွန်တော်၏ သာသနဘောင်သို့ဝင်လိုသောစိတ်မှာ ပြင်းပြလာပြန်သည်။မိဘများကို ကိုရင်ဝတ်ခွင့်ပြုဖို့ ပြန်တောင်းဆိုသည်။ကျွန်တော်ကို ကိုရင်ပေးမဝတ်ပေးလျင် ကျွန်တော် အိမ်ပြန်မလိုက်တော့ကြောင်း အနီးရှိဘုန်းကြီးကျောင်းတွင် ဘုန်းကြီးကျောင်းသားအဖြစ် နေခဲ့မည်ဖြစ်ကြောင်းပြော၍ ဂျစ်တိုက်သည်။အဖေနှင့်အမေက အမျိုးမျိုးဖျောင်းပြသည်။ချော့ပြောသည် ချောက်ပြောသည်။ ကျွန်တော်လက်မခံခဲ့။နောက်ဆုံးတွင်အဖေက ပြောမရသည့်အဆုံး လက်လျှော့လိုက်သည်။အမေကတော့ ငိုနေလေပြီ။အဖေက"ကောင်းပြီ…မင်းကိုအိမ်ပြန်ရောက်ရင် တန်းပြီးဝတ်ပေးမယ်…"
"ဟင့်အင်း အခုမှမဝတ်ကရင် သားအိမ်ပြန်မလိုက်ဘူး"
နောက်ဆုံး အဖေသည် အနီးရှိ ဘုန်းကြီးကျောင်းသို့ ကျွန်တော့်အား ခေါ်သွားသည်။ဘုန်းဘုန်းကို ဖြစ်ကြောင်း ကုန်စင်လျှောက်ထားပြီး ကိုရင်စည်းပေးခဲ့သည်။ထိုသို့ဖြင့် ကျွန်တော်ကိုရင်ဖြစ်သွားသည်။အဖေသည် ဘုရားဖူးအပြန်လာပြီး အိမ်ရောက်သောအခါတွင် ကျွန်တော့အား ကိုရင်ထွက်ရန် ထပ်ပြောသည် မရ။အဖေသည် ပြောမရသည့်အဆုံး ကျွန်တော့အား စာသင်တိုက်တစ်ခု သို့အပ်နှံပေးခဲ့သည်။
စာသင်တိုက်သို့ ရောက်သောအခါတွင်လည်း ခဏခဏ အပြစ်ပေးခံရသည်။အရိုက်ခံရသည်။အကြောင်းမှာ ကိုရင်အချင်းချင်း စကားများတိုင်း လက်သီးစွမ်း ပြတက်သည်။ညနေခင်း ကိုရင်များနှင့် ကျောင်းသားလေးများ ဘောလုံးကန်ကြရာတွင်လည်း အညစ်ခံရလျင် လက်သီးစွမ်းပြတက်သည်။ကျောင်းထဲတွင် ရန်ဖြစ်လျင် ကျွန်တော်မှာ ပင်တိုင်စံ ဖြစ်နေ၍ အခြားသူ နာမည်သာ မေးရသည်အထိ ဖြစ်လာသည်။စာပေနှင့်ပတ်သက်၍ တစ်ခါမှ အရိုက်မခံ ခဲ့ရ။ကျောင်းထိုင်ဆရာတော်သည် ကျွန်တော်၏ မဟုတ်မခံတက်မှု နှင့် ဒေါသဖြစ်လျှင် စိတ်မြန်လက်မြန် လုတ်တက်သည့် အကျင့်ကို ပြင်ရန် ရိုက်၍ တစ်မျိုး ချော့၍ တစ်ဖုံ ဆုံးမသည်။ဆုံးမတုန်း ခဏသာ ကျွန်တော် သည့်ခံနေတက်လေသည်။
တစ်နေ့ ကျောင်းသားနှင့် ကိုရင် ဘောလုံးကန်ရာတွင် ကျွန်တော်သွင်းသောဂိုးကို မဝင်ဘူးဟု ကျောင်းသားများဘက်မှငြင်းကြလေသည်။ကျွန်တော် သည့်ခံသည်။နောက်တစ်ခါ ကျွန်တော်ဂိုးသွင်းသောအခါတွင်လည်း မဝင်ဟု ငြင်းပြန်သည်။တစ်ဂိုးမှ နှစ်ဂိုးဖြစ်လာသောအခါ ဗီဇအရ စိတ်တိုလာပြန်သည်။ဘောလုံးပွဲ ဆက်၍ကန်နေသည် သို့သော် စိတ်ကတော့ အတော်ပင် တိုနေလေပြီ။တစ်ကြိမ် ကျောင်းသားနှင့် ကျွန်တော် ဘောလုံးယှဉ်လုရာ ကျောင်းသားဘောလုံးရသွားသည်။ကျွန်တော် စိတ်တိုတိုနှင့် နောက်မှလိုက်၍ ခြေထိုးသည်။ခြေထိုးခံလိုက်ရသော ကျောင်းသားမှာ"အား…"ဆိုသော အသံနှင့်အတူ လဲကျသွားသည်။
ဆက်ရန်……
photo credit google
MSC-224