တရားသဘော ပန်းပွင့်ဘဝ

ဒီနေ့တော့ မိမိနေအိမ်အနီးနားမှာ ပွင့်လန်းနေသော
ပန်းများကိုဓာတ်ပုံရိုက်ယူကာ မျှဝေပေးလိုက်ရပါတယ်...

ပန်းလေးတစ်ပွင့် ဖြစ်လာဖို့ကလည်း မလွယ်ပါ။
ပန်းမပွင့်လာခင် သဘာဝဘေး၊ ပျက်စီးစေသော ပိုးကောင်ဘေးများ
ကိုအရင်ဆုံး ကြံ့ကြံခံရင်ဆိုင်ရပါတယ်။ ကံကောင်းစွာနဲ့ ဒီဘေး
အန္တရယ်တွေ ကျော်လွန်လာပြီး ပန်းပွင့်ဘဝကို တင့်တယ်လှပစွာ
ရောက်လာပြန်တော့လည်း၊ ပန်းရဲ့ပင်ကိုယ်သဘာဝအလျောက်
မွှေးသောပန်းဖြစ်ပါက သူတို့ကို တယုတယ မွှေးကြူမယ့်သူကို
မျှော်ရပြန်။ မမွှေးပေမဲ့ အလှပန်းလေးဖြစ်ပြန်ရင်လည်း သူတို့ကို
တန်ဖိုးထား နေရာပေးမယ့် သူကိုမျှော်ကြရပြန်တယ်။

ကဲ... အဲ့သလိုမှ မျှော်နေသူတွေ၊ သူတို့ကို တန်ဖိုးထားမယ့်
သူတွေ ရောက်မလာဘူးဆိုရင် သူတို့ဟာ ရင့်ရော်နွမ်းလျှခြောက်
သွေ့ကာ မြေပြင်ပေါ်သို့ကြွေကျကာ ပန်းဘဝ နိဂုံးချုပ်ရပြန်တယ်။ သေချာတွေးကြည့်ပြန်တော့လည်း သူတို့ဘဝနဲ့ ကျွန်တော်တို့
လူသားတွေဘဝ ဘာမှမကွာခြားလှပါဘူးလေ။
ဇာတိ၊ ဇရာ၊ မရဏ ဆိုတာ ကျွန်တော်တို့လူသားတွေ
အလွယ်မ​သွေ ကြုံတွေ့ကြရမှာပဲ။

မြတ်စွာဘုရား... ဘယ်လိုကြောင့် အဘိုးကြီးစကားတွေ
ပြောနေမိပါလိမ့်။
အင်း... တရားဆိုတာက အရွယ်သုံးပါးမရွေး ရှာဖွေသင့်တယ်
မဟုတ်လား။သေခြင်းတရားက အရွယ်သုံးပါးရွေးနေမှာမဟုတ်။
လက်ရှိ ဥပမာပေးလို့အကောင်းဆုံး ကိုဗစ်ရောဂါကိုပဲကြည့်လေ
ချမ်းသာဆင်းရဲ၊ ကြီးလတ်ငယ် မငဲ့ညာပဲ သူ့တာဝန်အတိုင်း
သေခြင်းကို ခေါ်ဆောင်နေတာပဲ။

နုထွတ်ပွင်းလန်းနေတဲ့ ပန်းပွင့်လေးတွေနဲ့ မဆိုင်တဲ့စကားတွေကို
ပြောနေမိတယ်။ ကျွန်တော့ရဲ့ တရားသဘောပါသော
ပန်းပွင့်လေးတွေကို ရှုစားပေးကြပါဦးဗျာ။

img_0.9095740958088935.jpg

img_0.9258244987124656.jpg

ကိုကိုမိုးဟိန်း

KoKoMoeHein

@myanmarkoko

H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency