which sanitizer spray or gel you use

Covid-19 ​ရောဂါကို ကာကွယ်ဖို့ ခင်ဗျားတို့ ဘာတံဆိပ် အရက်ပျံ spray သို့မဟုတ် gel ကို

သုံးကြပါသလဲ ကျွန်​တော်လည်း ဘာသုံးရမလဲ မသိဘူး။ နားလည်း သိပ်မလည် ပါဘူး။

​ကြောက်တာနဲ့ ဟို​နေ့က shop.com.mm က​နေ guard ဆိုတဲ့ တံဆိပ်နဲ့

အရက်ပျံ spray ဆိုတာ​လေးကို ဝယ်လိုက်လို့ မ​နေ့က လာပို့တယ်။ spray က ၁၂၀၀ ကျပ်

​ပေးရတယ် shop.com.mm က ​ပြောတာ​တော့ flash sale ဆိုလား ဒါ​ကြောင့်မို့

၁၂၀၀ ကျပ်က ​လျှော့​စျေးတဲ့ ဒါ​ပေမဲ့ ပို့ခက ၉၉၅ ကျပ် ဒီ​တော့ ၂၂၀၀ ​ပေးလိုက်ရတယ်

လာပို့တဲ့ ပစ္စည်း ပုံ​လေး တင်​ပေးလိုက်တယ်။

6me4n5.jpg

အစစ်လား အတုလားလည်း မသိ ပိုးကို တကယ် သတ်နိုင်လားလည်း မသိပါဘူး

အခု covid-19 ​ဖြစ်လာမှ ​ပေါ်လာတဲ့ တံဆိပ်​တွေ ထင်တာပဲ

လက်ကို ဖြန်းကြည့်​တော့ ​ချော်ချွတ်ချွတ် ဖြစ်တယ်။ ခဏ​နေကျ ​ခြောက်သွားပါတယ်။

အနံ့ကြီးက အရမ်း​မွှေးတာ​တော့ မကြိုက်ဘူးဗျ ကုလား​ရေ​မွှေးကျ​နေတာပဲ
ဒါက
အရက်ပျံ အနံ့​တော့ ဘာမှ မရဘူး။ အနံ့က မတရား​မွှေး​နေလို့လား​တော့ မသိ။

ကျွန်​တော်​တော့ shop.com.mm ကို အားကိုးယုံကြည်ပြီးပဲ ဝယ်လိုက်ရတာ။

Shop.com.mm က ပစ္စည်းအတု ပိုးတကယ်မ​သေတဲ့ product ​တော့ မ​ရောင်း​လောက်ပါဘူး

ဆိုပြီး​တော့​​ပေါ့ ခင်ဗျားတို့​တော့ ဘာတံဆိပ် သုံးကြလဲ ကျွန်​တော်လည်း ဘာတံဆိပ် ဝယ်ရမှန်းမသိတာနဲ့

​တွေ့တဲ့ ​နောက်တံဆိပ် တစ်ခုလည်း မှာထား​သေးတယ် Dr Li တဲ့ အဲဒါက​တော့ လာမပို့​သေးဘူး

တကယ် ပိုးမ​သေးတဲ့ spray ​တွေကို ထုတ်လုပ်ပြီး လိမ်​ရောင်းမယ်​တော့ မထင်ချင်ဘူး

တကယ်လို့ လိမ်​ရောင်းခဲ့ရင်​တော့ အ​မေစု​ပြောသလို ဒါက ယုတ်မာတာပဲ

​နောက် Dr Li ဆိုတဲ့ တံဆိပ်နဲ့ ပစ္စည်းလာပို့မှ ထပ်တင်ပြဦးမယ် ဒါပါပဲဗျာ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center