Coinomi Wallet တပ်ဆင်နည်း

cryptocurrencies အသုံးပြုသူ​တွေအတွက် coinomi ပိုက်ဆံအိတ် တပ်ဆင်နည်းကို

​ဖော်ပြလိုက်ပါတယ် ဒါက ကိုယ်ရဲ့ cryptocurrencies ​တွေကို လုံခြုံစွာ သိမ်းထားဖို့ပါ

Coinomi ပိုက်ဆံအိတ်က crypto ​ငွေ​ကြေး အမျိုးအစား အ​တော်များများကို သိမ်းထားလို့

ရပါတယ်။ လူသုံးများတဲ့ coin ​တွေဖြစ်တဲ့ bitcoin, litecoin, ethereum,

dogecoin, monero, digibyte, dash, bitcoin cash, bitcoin sv

စတဲ့ coin ​တွေအပြင် လူသိမများတဲ့ လူသိပ်မသုံးတဲ့ coin ​တွေလည်း အများအပြား

​ထောက်ပံ့​ပေးထားပါတယ်။ coinomi ပိုက်ဆံအိတ် application ကို ကိုယ့်ဖုန်းမှာ

တပ်ဆင်ဖို့ အရင်ဦးဆုံး google play store မှာ coinomi လို့ ရိုက်ရှာပါ

Install လုပ်လိုက်ပါ။ ပြီး​တော့ ဖွင့်လိုက်ပြီး fast create ကို နှိပ်ပါ။

ကိုယ် အသုံးပြုချင်တဲ့ coin ​တွေကို ​ရွေးချယ်ပြီး + ခလုတ်​လေးကို နှိပ်လိုက်ပါ။

ဒီအခါမှာ wallet က အသုံးပြုလို့ရပါပြီ။ ဒါ​ပေမဲ့ အ​ပေါ်မှာ wallet not backed up

လို့ ​ပေါ်​နေပါတယ်။ အဲဒါက wallet ကို uninstall လုပ်လိုက်ရင် ဖြစ်ဖြစ် ဖုန်းက

ပျက်သွားရင်ဖြစ်ဖြစ် ​ပျောက်သွားရင်ဖြစ်ဖြစ် ပိုက်ဆံ အိတ်ထဲက coin ​တွေကို ပြန်ယူပြီး

Wallet ကို recover လုပ်လို့ရ​အောင် recovery phrase ကို စာရွက်​ပေါ်မှာ

ချ​ရေးမှတ်ထားဖို့ပါ။ back up ကို နှိပ်လိုက်ပါက recovery phrase ​ပေါ်လာပါတယ်

အဲဒါကို လုံခြုံ​​စေဖို့ဆိုရင် digital ပုံစံနဲ့ သိမ်းမထားပါနဲ့ စာရွက်​ပေါ်မှာ ​ဘောပင်နဲ့ ​ရေးမှတ်ပြီး

အဲဒီ စာရွက်ကို ကိုယ်ရဲ့ ပိုက်ဆံသိမ်းသလို သိမ်းထားပါ ကိုယ်က ပိုက်ဆံ​တွေ အများကြီး

ထည့်မယ်လူဆိုရင် မီးခံ​သေတ္တာထဲ ထည့်သိမ်းလို့ ရပါတယ်။ ​နောက် ဖုန်း​ပျောက်သွားလို့ပဲ ဖြစ်ဖြစ်

App ကို uninstall လုပ်လို့ပဲဖြစ်ဖြစ် အဲဒီ ပိုက်ဆံအိတ်ကို ပြန်လိုချင်ရင် အဲဒီ သိမ်းထားတဲ့

Recovery phrase ကို အစဥ်လိုက် ပြန်​ရေး​ပေးပြီး restore wallet ကို နှိပ်ရင်

ကိုယ့်ပိုက်ဆံ​တွေ ပါ​နေတဲ့ ပိုက်ဆံအိတ်ကို ပြန်ရပါပြီ။ recovery phrase က အစဥ်လိုက်

​ရေးမှတ်ရမှာ​နော်။ v8xqi3.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center