မြန်မာစာပေ၏အားနည်းချက်

မြန်မာစာပေ၏အားနည်းချက်
image
စာပေမြင့်မှလူမျိုးတင့်မယ်ဟူသောစကားသည် သေသေချာချာတွေးကြည့်လေမှန်လေဖြစ်ပါသည်။ စာပေဆိုင်ရာ ဆရာကြီးများအားလုံးကလည်း မြန်မာစာပေကို ချစ်မြတ်နိုးကြပြီး၊တန်ဖိုးလည်းထားကြသည်။ သို့သော် တန်ဖိုး ထားနေရုံမျှဖြင့် မြန်မာစာပေသည် သူ့အလိုလိုတန်ဖိုးတက်လာမည်မဟုတ်ဟု ကျွန်တော်မြင်သည်။ ထို့ကြောင့် မြန်မာစာပေကို တန်ဖိုး တက်လာစေမည့်နည်းလမ်းများရှာကြံနိုင်ရန် မြန်မာစာပေ၏ အားနည်းချက်များကို ဦးစွာ ရှာဖွေသင့်သည်ဟု ကျွန်တော် မြင်ပါသည်။မြန်မာစာ၏ အားနည်းချက်များအားလေ့လာရန် ကမ္ဘာသုံးဘာသာ စကားဖြစ်သည့် အင်္ဂလိပ်ဘာသာစကားဖြင့် နှိုင်းယှဉ်ကြည့်ပါသည်။
(၁) အင်္ဂလိပ်စာပေတွင် ဗျည်း ၂၆ လုံးဖြင့် အသံအားလုံးထွက်ဆိုနိုင်ပြီး မြန်မာစာသည် ဗျည်း ၃၃ လုံးဖြင့်မလုံ လောက်သဖြင့် သဝေထိုး၊သေးတင်၊ချောင်းငင်၊ဟတိုး၊လုံးကြီးတင်၊ယပင့်၊ယရစ်စသော သရအကူအသံ များဖြင့် ဖြည့်စွတ်ထားရခြင်း။
(၂) ပါဠိဘာသာ၏လွမ်းမိုးမှုကြောင့် ပါဌ်ဆင့်များပါ ပါရှိနေသဖြင့် အသံရှုပ်ထွေးခြင်း။
(၃) လက်နှိပ်စက်ခေတ်က စက်ရဲ့သဘောတရားအရ အရေးပုံစံမဟုတ်ဘဲ မယရစ်အစား ယရစ်မ `မြ’ ဟုရေးသားရသည်ကို Zawgyi Font တီထွင်သည့်အခါ လက်နှပ်စက်မူအတိုင်းတီထွင်မိခြင်း။
(၄) Unicode Font, Myanmar3 Font, Myanmar2 Font,များတွင် လက်နှိပ်စက်မူမှခွဲထွက်၍ လက်ရေး မူအတိုင်း မယရစ်မြ ရေးနိုင်လာသော်လည်း Google, Facebook စသည့်စာမျက်နှာများတွင် Zawgyi ၏လွှမ်းမိုးမှုကိုမကျော်လွန်နိုင်ခြင်း။
(၅) Zawgyi Font သည် ယခုအချိန်အထိ mobile Phone များတွင် အလွယ်တကူထည့်သွင်းနိုင်သော်လည်း၊ Unicode Font သည် အလွယ်တကူ Keyboard ကအစမရနိုင်ခြင်း။
(၆) အင်္ဂလိပ်မှမြန်မာ၊ မြန်မာမှအင်္ဂလိပ်စာပိုဒ်များအလိုက် ဘာသာပြန်သည့်အခါတွင်လည်း ရှုပ်တွေးသည့် မြန်မာစာကို စက်ကနားလည်ရန်ခက်ခဲစေသဖြင့် တိကျသော ဘာသာပြန်စနစ်ကိုမရရှိနိုင်ဖြစ်နေပါသည်။
(၇) Google စာမျက်နှာများတွင် Unicode Font ဖြင့် ကောင်းစွာမပေါ်သေးခြင်းစသောပြဿနာများသည် မြန်မာစာပေသာမက မြန်မာနည်းပညာများဖွံ့ဖြိုးတိုးတက်မှုကိုပါ အဟန့်အတားဖြစ်နေစေပေသည်။
image
တရုတ်၊ဂျပန်တို့သည် Computer တွင် သူတို့ဘာသာစကားဖြင့် Window တင်နိုင်သည့် အချိန်တွင် ကျွန်တော် တို့မြန်မာစာကို Computer နားလည်အောင်မလုပ်နိုင်သေးရုံမျှမက တရားဝင် Window ကိုပင် ဝယ်ယူသုံးစွဲရန် မတတ်နိုင်သေး သည့်အခြေအနေလည်းဖြစ်ပါသည်။ နောက်ပိုင်းတွင် Program တစ်ခုကို မြန်မာဘာသာဖြင့် ရေးသား နိုင်သည့်အဆင့် Web page တစ်ခုကို မြန်မာဘာသာဖြင့် အစအဆုံးရေးသားနိုင်သည့်အဆင့်များစွာကို ဖြတ်သန်းရ ပါဦးမည်။
image
လက်ရှိမြန်မာစာလုံးဗျည်း ၃၃ လုံးကို လိုအပ်သလိုပြောင်းလဲပေးရပါဦးမည်။ ယနေ့မြင်တွေ့နေရသည့် မြန်မာစကား လုံးများကလည်း သရေခေတ္တရာခေတ်လောက်မှယနေ့အထိ အဆင့်ဆင့်ပြောင်းလဲလာခြင်းသာဖြစ်ကြောင်း သိနား လည် ထားသင့်သည်။ Zawgyi font အသုံးပြုခြင်းမှ Unicode အသုံးပြုနိုင်ရန်နောက်ပိုင်းထွက်ပေါ်လာမည့် Phone များတွင် ထည့်သွင်းထားနိုင်ရန်ညှိနှိုင်းစီစဉ်ရမည်။ Facebook ,Google စသည့် internet စာမျက်နှာများတွင် မြန်မာစာကို Unicode font ဖြင့်ရှင်းလင်းလွယ်ကူစွာဖတ်ရှုနိုင်ရန်ညှိနှိုင်းစီစဉ်ပေးရမည်။ Play Store တွင် Unicode font, Unicode keyboard များ အလွယ်တကူ Free download ရယူနိုင်ရန်စီစဉ်ထားပြီး Root မလိုပဲ မည်သည့် Phone မဆို လူတိုင်းအလွယ်တကူ install လုပ်နိုင်ရန်စီစဉ်ပေးရမည်။
image
ယခုကျွန်တော်တင်ပြနေသောအကြောင်းအရာများသည် ခပ်ပေါ့ပေါ့ ပုံတင်ပြနေသည်မှန်သော်လည်း အမှန်တော့ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်သူများမှခံယူနားလည်ထားကြမှသာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် စာပေ မြင့်၍လူမျိုးတင့်ပြီးဂုဏ်ယူစရာမြန်မာဖြစ်လာနိုင်မည်ဟု ကြိုတင်မှန်းဆရေးသားတင်ပြလိုက်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
MSC 010
Photo - Google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now