Made in Myanmar ဆိုလျှင်

image
မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံကြီးကို ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်စေလိုသည်။ နေ့စဉ်ဖတ်မှတ်လေ့လာခဲ့သော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် နည်းပညာထုတ်ကုန်မရှိ ဆန်စပါး၊ သားငါး၊ အထည်အလိပ်နှင့် သယံဇာတထုတ်ကုန်တွေသာရှိသည်၊
နည်းပညာထုတ်ကုန်မရှိသည့် နိုင်ငံတစ်ခုသည် အမြဲတစေ သူတပါးထက်နောက်ကျ ကျန်ရစ်နေမည်သာဖြစ်လေသည်။ ဤကိစ္စအတွက် အိုးကမပူစလောင်းပူ ဆိုချင်ဆို မိမိမှာနေ့စဉ်စိတ်ဆင်းရဲနေမိသည်၊ နည်းပညာထုတ်ကုန် ၊နည်းပညာထုတ်ကုန်၊ နည်းပညာထုတ်ကုန် ဘယ်ကများရမည်နည်း ဘယ်လိုများလုပ်ရမည်နည်း ဘယ်လိုစတင်၍ မြန်မာ့နည်းပညာကို တစ်ခေတ်ဆန်းစေမည်နည်း။
နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အဆန်များ စဉ်ဆက်မပြတ်ထွက်ပေါ်နေကြသည်၊ အထူးသဖြင့် Robot များ၊ Drome များ gadget အမျိုးစုံ ထွက်ပေါ်နေကြရာ မိမိတို့နိုင်ငံမှ တိုင်းတပါးသားတို့၏ ထုတ်ကုန်များကို သုံးစွဲသည့်နည်းပညာကိုသာ လေ့လာနေကြရာ မိမိတို့ဝင်ငွေရရှိနိုင်စရာထက် ထွက်ငွေပေးအပ်ရန်သာတတ်သလိုဖြစ်နေသည်။ သူတို့က Software တွေမျိုးစုံထုတ်လုပ်ကြပြီး ကျွန်တော်တို့က ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ဝေးစွ သုံးတတ်အောင်ပင်မနည်းလိုက်ပြီး သင်ယူနေကြရသည်။ ငွေရှာနည်း နည်းပညာများအလိုအရ ငွေကိုမရှာနိုင်ပဲ အသုံးပဲတတ်သူတို့သည် သေချာပေါက်ဆင်းရဲ လိမ့်မည်သာဖြစ်သည်၏ အမှန်လည်း ကျွန်တော်တို့မှာ ဆင်းရဲတွင်းကမတက်သေး။ နည်းပညာထုတ်ကုန်ကုန်တစ်ခုခု စတင်နိုင်မှာသာ လမ်းကြောင်းမှန်ပေါ် ရောက်လာလိမ့်မည်ဟုမိမိထင်မြင်မိပါသည်။
သို့နှင့် ကျွန်န်ုပ်သည် နည်းပညာထုတ်ကုန်တစ်ခုခု စတင်ထုတ်လုပ်နိုင်ရန် အသေးအဖွဲတစ်ခုခုက စတင်သင့်သည်ဟု တွေးမြင်မိသည့်အလျောက် Mobile ဖုန်း ဓာတ်ခဲ၊ Memory card၊ ဖုန်းကာဗာ စသည်တို့ကိုစဉ်းစားမိသည် ဖြစ်ရာ ဦးစွာ Memory card တွေဘယ်လိုထုတ်လုပ်ထားသလဲဆိုတာ သိချင်လာသည်၊ သို့ဖြင့် web browser များနှင့် youtube တို့တွင်လေ့လာကြည့်ရာ သူ၏ တည်ဆောက်ထုတ်လုပ်ပုံမှာ သိပ်ခဲယဉ်းပုံမရ သဖြင့် ထပ်မံ၍ စေ့စေ့စပ်စပ်လေ့လာပြန်ရာ နောက်ဆုံးတွင် Memory card ပြုလုပ်သည့်စက်များဝယ်ယူရရှိနိုင်ကြောင်း တွေရသည်၊ တစ်ချို့စက်များဆိုလျှင် မြန်မာကျပ်ငွေဖြင့် သိန်းသုံးလေးဆယ်ဝန်းကျင်ဖြင့် ရရှိနိုင်ကြောင်းတွေ့ရသည် ။ ဒါဆိုရင်တော့အဆင်ပြေပါပြီ၊၊ သိန်းသုံးလေးဆယ် ပြုတ်သွားချင်သွားပါစေ စတင်နိုင်ဖို့ကြိုးစားကြည့်ချင်လာပါသည်။ Memory card လေးများထွက်လာပြီဆိုရင် Made in Myanmar Memory card ဖြစ်ပြီ။ Memory card အောင်မြင်လျှင် ဓာတ်ခဲ size မျိုးစုံ၊ ဖုန်းကာဗာမျိုးစုံ နောက်တော့ အားသွင်းကြိုး၊ နားကြပ်စသည်ဖြင့် ထုတ်လုပ်သွားမည် ။တဖြည်းဖြည်းမှသာ နည်းပညာများဝယ်ယူ၍ ကိုယ်ပိုင် ဒီဇိုင်းဖြင့်ဖုန်းများထုတ်လုပ်သွားတော့မည်။
စဉ်းစားကြည့်တော့ အားရှိစရာပါ၊ သို့သော် Made in myanmar အကြောင်းစဉ်းစားကြည့်သည်၊
Made in myanmar ဟု တပ်ဆိပ်ကပ်လိုက်လျှင် ဝယ်မည့်သူရှိပါ့မလား။ဒီအတွေးက ကျွန်တော့်ကို အတော်ခေါင်းစားစေသည်၊ ကျွန်တော်တို့ထက်နည်းပညာအစစသာလွန်သည့် တရုတ်ပြည်ထုတ်ပစ္စည်းတွေပင်လျှင် Made in china ဆိုလျှင် လူအများကအထင်သေးလှသည်။
Made in Myanmar ဆိုလျှင်ကိုယ့်နိုင်ငံသား များပင်ဝယ်ယူမည်မဟုတ်။သို့ဖြစ်၍ Made in japan ဆိုပြီးသွားတတ်လို့လည်း မဖြစ်သေး။
ဂျပန်တို့သည် Made in Japan ဆိုပြီးကမ္ဘာကအထင်ကြီးလေးစားလောက်သည့် ဂုဏ်သိက္ခာကို အလွယ်တကူရလာခဲ့သည်မဟုတ် တစ်ချိန်တစ်ခါက မြင်မက်ကိုင်ပျက်ဂျပန်ထွက်ဆိုသည့် ကမ္ဘာ့နာမည်ပျက်စာရင်းမှ ယနေ့လိုဖြစ်လာရန် ဆယ်စုနှစ်များစွာကြိုးပမ်းထားခဲ့ခြင်းဖြစ်သည်၊
ဂျပန်ထုတ်ကုန်များကို ကိုးရီးယား၊ ထိုင်ဝမ်၊ ယိုးဒယား၊မလေးရှား၊ ဗီယက်နမ်တို့တွင်ဂျပန်နည်းပညာဖြင့် ဂျပန်တို့ကိုယ်တိုင်ထုတ်လုပ်သည့်တိုင် Made in malaysia, Made in Thai, Made in Singapore ဆိုလျှင် Made in Japan လောက်မကောင်းပါဘူးဟုသာထင်ကြသည်။ Made in Myanmar ဆိုလျှင်...
ကိုင်တောင်ကြည့်ပါ့မလား၊
အားလုံးသော မိတ်ဆွေများ အကြံဉာဏ်ပေးစေချင်ပါသည်။
မင်းစိုးနိုင်
MSC-010

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center