Water Bus and Me

image

Image - minkhantnyar

မြန်​မာပြည်​သည်​ ​ရေလမ်း၊ကုန်းလမ်း၊
လမ်းပန်း ဆက်​သွယ်​​ရေး​ကောင်းမွန်​လာသည်​နှင့်​အမျှ သွား​ရေးလာ​ရေး အဆင်​​ပြေ​ချော​မွေ့လာခဲ့ သည်​။ကားလမ်းများသည်​ ယခင်​ကဲ့
သို့ မဟုတ်​​တော့ အရာအားလုံး ပြုပြင်​​ပြောင်း
လဲ​နေပြီ ဖြစ်​သည်​။

ရန်​ကုန်​တွင်​ Bus များ မထသ မှ YBS စတင်​​ပြောင်းလဲအသုံးပြုချိန်​တွင်​ သွား​ရေးလာ​ရေး
အတွက်​ အဆင်​မ​ပြေဖြစ်​ခဲ့​သော်​လည်း ယခု
အချိန်​ကြာလာသည်​နှင့်​ အမျှ အဆင်​​ပြေ​ပြေ
သွားလာနိုင်​ပြီဖြစ်​သည်​။ပြောသံဆိုသံ ​ဝေဖန်​သံများလည်းတိတ်​ဆိတ်​ခဲ့ပြီဖြစ်​သည်​။

YBS Bus များပြုပြင်​​ပြောင်းလဲပြီးသိပ်​မကြာခင်​ (6Oct , 2017) တွင်​ ရန်​ကုန်​တွင်
Water Bus ရန်​ကုန်​မြစ်​​ကြောင်း စတင်​ဖွင့်
လှစ်​ခဲ့ပါသည်​။

image

Image - Ygn water bus page

ကျ​နော်​သည်​ ထိုသတင်းအားဂျာနယ်​တွင်
ဖတ်​ပြီး ပြီးချင်း Water Bus အားသွား
ရောက်​စီးနင်း​လေ့လာချင်​ခဲ့ပါသည်​။
မိမိ​နေထိုင်​​သော​နေရာနှင့်​​ဝေးသည်​က တ​ကြောင်းထို​ဘက်သို့သွား​ရောက်​ရန်​ အခွင့်​မသာခဲ့သည်​က တ​ကြောင်းမ​ရောက်​ဖြစ်​ခဲ့ ။

တရက်​ လမ်း​ကြောင်းသင့်​ရန်​အခွင့်​​ပေါ်လာခဲ့
တော့သည်​။

Water Bus စတင်​​ပြေးဆွဲပြီးသုံးရက်​​မြောက်​​နေ့တွင်​ ​ဖေ​ဖေမှ နယ်​ဆင်းမည်​ ဟုဆိုလာသဖြင့်
ဒဂုံဧရာအ​ဝေး​ပြေးကားဂိတ်​လိုက်​ပို့ပြီးပြန်​အလာ အင်းစိန်​ပေါက်​​တောဝတွင်​ဆင်းကာ Water Bus ဆိုက်​ကပ်​ရာ ဆိပ်​ကမ်းသို့  ​ခြေဦး လှည့်​ဖြစ်​ခဲ့​လေသည်​။

image

Image - minkhantnyar

image

အင်းစိန်​တံကုန်​တံတားထိပ်​တွင်​ဆင်းအပြီး
ဆိပ်​ကမ်းသို့ အသွားတွင်​ကားတစ်​စီးမှ မရှိ၊
ဆိပ်​ကမ်းအထိမနီးမ​ဝေး ရှိသည့်​အ​နေအထား​။ လူသွားလူလာနည်းပြီး လူအ​တော်​ပြတ်​သည့်​​နေရာဟုဆိုရမည်​ဖြစ်​သည်​။ အကယ်​၍ ဆိုက္ကား ငှါးစီးမည်​ဆိုဦး​တော့ ကုန်​တံတားအဆင်းမှ ဆိပ်​ခံတံတားသို့ အနည်း​ဆုံးငါးရာကျပ်​ကုန်​ကျမည်​ဖြစ်​သည်​။ဆိုက္ကားစီးမ​နေ​တော့ဟိုကြည် ဒီ ကြည့်​ ဖြင့်​ ​ချွေတာ​​ရေးစနစ်​သုံးကာ 9693 ဖြင့်​လမ်း​လျှောက်​ခဲ့​လေသည်​။

နေ့လည်​ခင်းအချိန်​ဖြစ်​​တော့ ​နေကလည်းပူ အရိပ်​ကလည်းမရှိ ​ချွေးတပြိုက်​ပြိုက်​ထွက်​ကာ
ဆိပ်​ခံတံတား​ရောက်​​တော့လူအ​တော်​ဟိုက်သွား သည်​ 😥😥

image

ထိုမှခနတဖြုတ်​နားပြီး လက်​မှတ်​ဝယ်​ခဲ့သည်​။ လက်​မှတ်​ခ 300kyt နှင့်​ဆယ့်​နှစ်နာရီခွဲ အချိန် သာမှီ ခဲ့ သည်​။လက်​မှတ်​အ​ရောင်းဌာနမှာအနေ အထား ကျပြီး သန့်​ရှင်းသတ်​ရပ်​သည်​ခရီးသည်​ များ​စောင့်​ရန်​ခုံတန်းများသူ့​နေရာနှင့်​သူအစီစဉ်​တကျ ။ Ticket အ​ရောင်းဌာန​ဘေးတွင်​ထမင်း ဘူးများ​ရောင်းချ​ပေးသည့်​ဆိုင်​တဆိုင်​ဖွင့်​လှစ်​ထားသည်​(ထိုစဉ်​ကဆိုင်​မှာဖွင့်​လှစ်​စ ထမင်း ဘူးနှင့်​​ရေသန့်​ဗူးသာရ​သေးသည်​။) ဆိုင်​မှာသန့်​ရှင်းသပ်​ရပ်​ပြီးစားချင်​စဖွယ်​ဖြစ်​ပါသည်​။ စားပွဲများချခင်း ထားပြီး ရန်​ကုန်​မြစ်​အလှကို ကြည့်​ရူ့ ခံစားရင်း စား​သောက်​နိုင်​​သော​နေရာဟုဆိုလျှင်​မမှား​ပေ။

ဆိပ်​ခံတံတားကို သန့်​ရှင်းသပ်​ရပ်​​စွာခေတ်​နှင့်​အညီလုပ်​ထားပြီး ဝန်​ထမ်းများဆက်​ဆံ​ရေး
မှာလည်း အဆင်​​ပြေ​ချော​မွေ့ ၍ခရီးသွားများ
အတွက်​ စိတ်​ချမ်းသာစရာတစ်​ခုပင်​ဖြစ်​သည်​။

image

Image -minkhantnyar

နာရီဝက်​ခန့်​​စောင့်​ဆိုင်းပြီး ​ပြေးဆွဲမည့်​ ယာဉ်​ဆိုက်​ကပ်​လာပါသည်​။အဆင်းခရီးသယ်​များ
အား​စောင့်​ဆိုင်းပြီး အတက်​အတွက်​ တန်းစီ ​လက်​မှတ်​ပြကာ စစ်​​ဆေး​ရေး​နေရာမှ ယာဉ်​​ပေါ်သို့ တက်​​ရောက်​ရပါသည်​။ယာဉ်​​ပေါ်မတက်​ရမှာစိုး၍လား၊ ထိုင်ခုံမရမှာစိုး ၍ပဲလား အတင်း ကာ​ရောတိုး​ဝှေ့ ​နေသူများကို​တွေ့ခဲ့ရပါသည်​။

စည်းကမ်းမရှိသူများကား မည်​သို့ပင်​​ကောင်း
အောင်​ပြုလုပ်​​ပေးထား​သော်​လည်း မရှိကြစမြဲ .....

image

Image - minkhantnyar

ဆက်​လက်​​ရေးသားပါဦးမည်​ ..

@minkhantnyar(MSC - 048)
Photo - credit

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center