စိတ်ရှည်သည်းခံလမ်းကြောင်းမှန်

75BA700F-79C2-4B30-AC5C-97772C4EA7A4.jpeg

လူတိုင်း စာဖတ်သူတိုင်း ဤဆုံးမမှုလေးကို လူကြီးသူမများဆုံးမရာမှ၊တရားဓမ္မများနာယူရာမှ၊စာပေဗဟုသုတများရှာမှီးရာမှ ကြားဖူး၊တွေ့ဖူး၊ဖတ်ဖူးကြလိမ့်မည်ထင်ပါသည်။သို့သော်ငြားလဲ အားလုံးသိကြသည့်အတိုင်းပင် ဤစကားပုံ(proverb)အတိုင်း နာခံလိုက်နာရန်မလွယ်ပါ။လူတိုင်း လူတိုင်းသည် စိတ်ရှည်သည်းခံကြသည်ဆိုစေဦးတော့ မိမိသည်းခံနိုင်သည့်အတိုင်းအတာထက်ကျော်လွန်လာလျှင် သည်းမခံနိုင်တော့ဘဲ ဒေါသအလျောက်ပြုမှုမိကြသည်။

မိမိဒေါသကို မထိန်းချုပ်နိုင်ပဲရှိကြသည်ချည်းပင်ဖြစ်ပါသည်။သို့သော် လိုက်နာဆောင်ရွက်ရန် မလွယ်ကူသော်လည်း လိုက်နာနိုင်လျှင်လည်း အကျိုးကျေးဇူးကားလွန်စွာကြီးမားပါသည်။စိတ်ရှည်မှုကြောင့် အမြတ်အစွန်းရသွားသည့်စီးပွားရေးလုပ်ငန်းများ၊ရှောင်လွှဲနိုင်ခဲ့သည့် ဆုံးရှုံးများ စသည်ဖြင့်အကျိုးများစွာရှိခဲ့သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

သည်းခံနိုင်မှုတို့ကြောင့် ရှောင်တိမ်းနိုင်ခဲ့သည့် ခိုက်ရန်ဖြစ်ပွားနိုင်ခြေများ၊လူမှုရေးနယ်ပယ်တွင် အောင်မြင်မှုများစသည့်ထက်ပို၍ အကျိုးကျေးဇူးများစွာရှိပါသည်။စိတ်ရှည်ခြင်း၊သည်းခံခြင်း(tolerance)သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်သွေး(personal skills)၊အရည်အချင်းများတွင် သာမကဘဲ ဘာသာရေးအရလည်း အဆုံးအမများဖြင့်ပြဋ္ဌာန်းထားပါသည်။

ဗုဒ္ဓဘာသာတွင်လည်း ဂေါတမမြတ်စွာဘုရားရှင်မှ စိတ်ရှည်ခြင်း၊သည်းခံခြင်းနှင့် ပက်သက်၍ တရားဓမ္မများတွင်ဟောပြောပြသဆုံးမထားပြီးသားဖြစ်သည်။စိတ်ရှည်သည်းခံနိုင်မှုမရှိလျှင် မောဟနှင့်ဒေါသဖြစ်လာမည်။မောဟ၊ဒေါသဖြစ်လာခြင်းသည် ဗုဒ္ဓဘာသာအဆုံးအမများနှင့်ပါဆန့်ကျင်သောကြောင့် ဘာသာရေးအရပါမကောင်းပေ။

ထို့ပြင် လူတစ်ယောက်ချင်းဆီ လူတစ်ယောက်ချင်းဆီတိုင်းကိုလိုက်၍ စိတ်ရှည်တတ်ရန် သည်းခံတတ်ရန် ခန္ဓာပါရမီကြီးရန် လိုက်ဟောပြောရန်လည်း မလိုအပ်သကဲ့သို လွယ်လည်းမလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ရှည်တတ်ခြင်း သည်းခံတတ်ခြင်းသည် လူတစ်ဦးချင်းဆီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းကိုလိုက်၍ လူတစ်ဦးနှင့်တစ်ဦးတစ်ယောက် နှင့်တစ်ယောက် ကွဲပြားနေကြဦးမည်ဖြစ်သည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

မည်သို့ပင်ဆိုစေ ပို၍စိတ်ရှည်တတ်ခြင်း၊ပို၍သည်းခံနိုင်ခြင်းသည် ပို၍ရင့်ကျက်ကောင်းမွန်သော လူမှုရေးဆိုင်ရာပတ်ဝန်းကျင်(better community)ကိုသာဖန်တီးသွားမည်ဖြစ်သောကြောင့် ၎င်း၏လမ်းကြောင်းမှန်ပေါ်ရှိကောင်းကျိုးများအသီးအပွင့်များကိုခံစားနိုင်မည်ဖြစ်သည်။MSC မှ members များလည်း စိတ်ရှည်သည်းခံခြင်းဖြင့် လမ်းကြောင်းမှန်ပေါ်တွင်လျှောက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

H2
H3
H4
3 columns
2 columns
1 column
Join the conversation now