ဘာသာပြန်ဆိုရာတွင်-Final

EFD8A880-816E-4D56-9E93-044B9B332538.jpeg

ဘာသာပြန်ခြင်းနှင့်ပက်သက်၍ နောက်ထပ်သိရှိနားလည်ထားရမည့် အချက်မှာ မိမိဘာသာပြန်မည့် ပညာရပ်၊နယ်ပယ်နှင့် ပက်သက်၍ကျွမ်းကျွမ်းကျင်ကျင်သိရှိနားလည်ထားရန်ပင်ဖြစ်ပါသည်။နိုင်ငံခြားဘာသာမှ မိမိပြန်ဆိုမည့် အကြောင်းအရာမှာ နည်းပညာ၊ဗဟုသုတများ နှင့် အသက်မွှေးဝမ်းကြောင်း အတတ်ပညာဆိုပါက အဆိုပါ ပညာရပ်၊နယ်ပယ်များတွင် ပရိုဖက်ရှင်နယ်(professinal)ကျကျသိရှိနားလည်ရန်ပင်ဖြစ်ပါသည်။

ဤသည်မှာ ဘာသာပြန်(translation) နှင့်ပက်သက်၍ ဆရာကြီးဦးဝန်၏ အကြံပြုချက်တစ်ချက်ပင်ဖြစ်ပါသည်။ဥပမာအားဖြင့်-စာဖတ်သူ ဘာသာပြန်မည့်အကြောင်းအရာမှာ ကားနှင့်ပတ်သက်သည့်နည်းပညာအကြောင်းအရာ ဆိုပါစို့။ဘာသာပြန်မည့် စာဖတ်သူ အနေဖြင့် အဆိုပါ ကားနှင့်ပက်သက်သည်တွင် နှိုက်နှိုက်ချွတ်ချွတ်သိရှိထားရန်လိုအပ်သလို အဆိုပါ ပညာရပ်နှင့် ဆိုင်သည့် ဝေါဟာရများ၊အဓိပ္ပာယ်များကို မိမိပြန်ဆိုမည့် မူရင်းဘာသာသို့ကောင်းစွာပြန်ဆိုနိုင်ရန်လိုပါသည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ထိုမှသာ မူရင်းပညာရပ်၊အကြောင်းအရာများလွှဲမှားခြင်းမရှိဘဲ စာဖတ်သူများကို ပညာအရာပေးနိုင်မည်ဖြစ်ပါသည်။ထို့အပြင် ဘာသာပြန်ခြင်းနှင့်ပက်သက်၍ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားဒရမ်မာဇာတ်လမ်းတွဲများ စသည်တို့ကို အတွဲလိုက် ဘာသာပြန်ခြင်းများလည်းရှိပါသည်။ ထိုသို့ ဘာသာပြန်ရာတွင် သက်ဆိုင်ရာဇာတ်လမ်း၏ ဇာတ်လမ်းသွားကို အသေအချာသိရှိထားရန်လည်းလိုအပ်ပါသည်။

အဆိုပါ ဇာတ်လမ်းနှင့်ပက်သက်၍ လိမ့်ပတ်လည်စွာသိရှိထားရန်ဖြစ်ပါသည်။ထို့အပြင် အချို့နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများသည် ယခင်ထွက်ရှိဖူးသည့် ဇာတ်ကားများဖြင့် ဇာတ်လမ်းပိုင်းအချိတ်အဆက် ရှိလေ့ရှိရာ အဆိုပါယခင်ကရုပ်ရှင်ဇာတ်ကားများပါ စေ့စေ့စပ်စပ်သိရှိထားရန်လိုပါသည်။ထိုမှသာ ရုပ်ရှင်ဇာတ်ကားများဘာသာပြန်ရာတွင်၊နိုင်ငံခြားဇာတ်လမ်းတွဲများဘာသာပြန်ရာတွင် အချိတ်အဆက်မိမိဖြင့် မျက်ခြေမပြတ်စေဘဲ ဘာသာပြန်နိုင်မည်ဖြစ်သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

ဘာသာပြန်ခြင်းဟူသည် တိုင်းပြည်တစ်ပြည်၊လူမျိုးတစ်မျိုး၏ အမျိုးသားရေးအနေဖြင့်အရေးကြီးသည့် အရာဖြစ်သည်။ကောင်းမွန်စွာဘာသာပြန်နိုင်ခြင်းမှ မိမိဘာသာ၊မိမိစာပေတွင် မရှိသေးသည့် ကိစ္စများ၊အကြောင်းအရာများ၊ဘာသာရပ်များ၊နည်းပညာများကို မျှဝေပေးနိုင်ခြင်းကြောင့် မိမိဘာသာ၊မိမိစာပေ၊မိမိလူမျိုး နှင့် မိမိတို့နိုင်ငံကို မြှင့်တင်ပေးရာရောက်ပါသည်။ ဘာသာပြန်ခြင်းကိစ္စကို ပိုမိုချီးမြှောက်ခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကိုဖန်တီးတည်ဆောက်နိုင်ပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

H2
H3
H4
3 columns
2 columns
1 column
Join the conversation now