ဘာသာပြန်ဆိုရာတွင်-2

795DC2F4-A129-46EA-BA3E-74D68556BDE8.jpeg

ဘာသာပြန်ခြင်းနှင့် ပက်သက်၍ထပ်ဆက်ရမည်ဆိုသော် ပထမဦးဆုံးအနေဖြင့် ဘာသာပြန်မည့် ဘာသာပြန်သူတစ်ယောက်အနေဖြင့် မိမိပြန်ဆိုမည့် မူရင်းဘာသာစကား SL(နိုင်ငံခြားဘာသာစကား)ကိုကောင်းမွန်စွာကျွမ်းကျင်တတ်မြှောက်ရန်လိုပါသည်။ထိုဘာသာရှိ မူရင်းဝေါဟာရများ၊အသုံးများ၊ အတိုကောက်များ၊ဗန်းစကားများ စသည်တို့၏ဆိုလိုရင်းကို သေချာသိရှိနားလည်ရန်လိုပါသည်။

ထိုမှသာ မူရင်းရေးသားသူ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ပြီး မိမိဘာသာပြန်သည့်အခါ စာဖတ်သူနားလည်အောင် ကောင်းမွန်းစွာရေးသားနိုင်လိမ့်မည်ဖြစ်သည်။ကောင်းမွန်သော ဘာသာပြန်ဆိုမှုများလည်းရလာနိုင်မည်ဖြစ်ပါသည်။ဒုတိယအနေဖြင့်ဘာသာပြန်မည့်သူတစ်ယောက်သည် မိမိပြန်ဆိုမည့်မိခင်ဘာသာစကား (TL)အားလည်း ကျေညက်နေရန်လည်းလိုပါသည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ထို့သို့ ကျေညက်ရာတွင်လည်း မိမိမိခင်ဘာသာရှိ စကားပုံများ(proverbs)၊ဆိုရိုးများစသည်တို့ကိုလည်း အထူးသိရှိတတ်မြောက်ထားရန်လည်းလိုပါသည်။ထို့အပြင် မိမိပြန်ဆိုမည့်မိခင်ဘာသာစကား၏ အသုံးကြွယ်ဝမှု စကားလုံးအသုံးအနှုန်းရှားပါးမှုစသည်တို့ကိုလည်းသတိမှုရမည်ဖြစ်သည်။ဥပမာအနေဖြင့်ဆိုရသော်- စာဖတ်သူမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာအုပ်တစ်အုပ်ကို မြန်မာဘာသာသို့ပြန်ဆိုရေးသားမည်ဆိုပါစို့။

ဘာသာပြန်(translate)ဆိုရေးသားမည့် စာဖတ်သူအနေဖြင့် အင်္ဂလိပ်ဘာသာစကားတွင်လည်း ကျွမ်းကျင်စွာသင်ကြားတတ်မြောက်ထားရန်လိုသလို၊အင်္ဂလိပ်ဘာသာစကားတွင်ရှိသည့် အီဒီယံအသုံးများ၊ဗန်းစကားများ၊ဆိုရိုးစကားများကိုလည်းသိရှိထားရန်လိုပါသည်။ထို့အပြင် ပြန်ဆိုရေးသားမည့် မိခင်ဘာသားစကား မြန်မာဘာသာတွင်လည်း ကျေကျေညက်ညက်သိရှိ နားလည်ထားဖို့လိုပါသည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

မြန်မာဘာသာစကားနှင့် ပက်သက်၍ဝေါဟာရအသုံးများကြွယ်ဝရန်လိုအပ်ပြီး ထိုမှသာ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုရေးသားလျှင် မြန်မာတို့၏ နေ့စဉ်လူမှုဘဝနှင့်ဆီလျော်မှုရှိအောင် ဘာသာပြန်နိုင်ကာ စာဖတ်သူ၏နားနှင့်မျက်စိတွင် စကားလုံးထောက်ခြင်း၊ကန့်လန့်ဖြစ်ခြင်းများမှ ဝေးမည်ဖြစ်သည်။ထိုမှသာ မူရင်းဘာသာစကားဖြင့် ရေးထားသည့် ပေးလိုသောအကြောင်းအရာ (message) ကို စာဖတ်သူများထံသို့ လွှဲမှားခြင်းမရှိဘဲပေးနိုင်မည်ဖြစ်ပါသည်။

ဆက်ရန်

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

H2
H3
H4
3 columns
2 columns
1 column
Join the conversation now