ဆရာတစ်ယောက် နဲ့ ပရလောက(၉)

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက် နဲ့ ပရလောက(၉)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇

math_teacher1-640x295.jpg
Credit to google image

ပရလောကသားနဲ့ လက်တွေ့ကြုံတဲ့အချိန်မှာ သရဲမကြောက်တတ်တဲ့ ကျွန်တော် ဘာဖြစ်သွားပါသလဲ။

စမြင်တွေ့လိုက်တဲ့ အချိန်မှာတော့ ကျွန်တော့်ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပါသေးတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလိုပရလောကသားကို တစ်ကြိမ်မြင်ဖူးခဲ့ပေမယ့် အခုလို ထင်ထင်ရှားရှားပုံစံမျိုးမဟုတ်ခဲ့ပါ။ အခုဟာက တော်တော်လေးထင်ရှားပါတယ်။ ဒါပေမယ့် ကျွန်တော့်လက်ထဲမှာလည်း ဝါးတုတ်ရှိနေတယ့်အပြင် တွေ့ကြုံရတဲ့ပရလောကသားကလည်း မိန်းကလေးငယ်လေးဖြစ်တဲ့အတွက်ကြောင့် ကြောက်ရွံ့ထိတ်လန့်မှုအနည်းငယ် လျော့လာပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ခေတ္တခဏအတွင်းဖြစ်ပျက်မှုတွေပါ။ စာနဲ့ရေးပြနေရလို့ ကြာတယ်ထင်ရပေမယ့် သိပ်ပြီးအချိန်မကြာပါဘူး။ ဒီအချိန်မှာ ပရလောကသား မိန်းကလေးငယ်လေးရဲ့ လက်တစ်ဖက်မြောက်တက်လာပြီး ကျွန်တော့ဆီကိုလား၊ ကျွန်တော်နောက်ဖက်က ရေကန်ကိုလားမသိ လက်ညှိုးထိုးပြတဲ့ပုံစံလုပ်ဆောင်ပါတယ်။

white-lady.png
Credit to google image

အဲဒီအချိန်မှာ တိုက်ဆိုင်စွာပဲ ကျွန်တော့်နောက်ဖက် ရေကန်ကြီးထဲက ငါးပွက်တဲ့အသံတွေ တော်တော်ကျယ်လောင်စွာထွက်လာပါတယ်။ ကျွန်တော် ချက်ချင်းပဲ သိချင်စိတ်ပြင်းပြလာပြီး ဆိုင်ကယ်မှာညှပ်ထားတဲ့ ဓာတ်မီးကိုဖြုတ်ပြီး ရေကန်ကြီးထဲကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်ပါတယ်။ ဓာတ်မီးကလင်းလို့ တော်ပါသေးတယ်။ ဒါပေမယ့် ရေကန်ကြီးရဲ့ ရေမျက်နှာပြင်က ပုံမှန်အနေအထားပါပဲ။ ထူးခြားမှုမရှိပါဘူး။ ဒါနဲ့ ကျွန်တော် မိန်းကလေးငယ်လေးရှိတဲ့နေရာကို ပြန်လှည့်ပြီး ဓာတ်မီးနဲ့ထိုးကြည့်လိုက်ပါတယ်။ ဟုတ်ကဲ့ ကြားဖူးနေကြဇာတ်လမ်းတွေလိုပဲ မိန်းကလေးငယ်လေး နဂိုနေရာမှာ မရှိတော့ပါဘူး။ ကျွန်တော် အဲဒီမိန်းကလေး တစ်နေရာရာများပုန်းနေသလားလို့ ဓာတ်မီးနဲ့ နေရာအနှံ့လိုက်ထိုးပြီး ရှာပါသေးတယ်။ ဘယ်နေရာမှ မတွေ့တော့ပါဘူး။

20170828_08_33_50.jpg
Credit to google image

ကျွန်တော် အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုက တော်တော်ပြောရခက်ပါတယ်။ မကြောက်ဖူးလားဆိုတော့လည်း တစ်စုံတစ်ခုကိုကြောက်တဲ့စိတ် အနည်းငယ်ဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် အမလေး၊ အဘလေး တ,ပြီး အော်ဟစ်ထွက်ပြေးရလောက်တဲ့အထိလည်း တုန်လှုပ်ခြောက်ခြားမှုမရှိပါ။ ဘုရားစာတွေ ရွတ်ဖတ်ဖို့လည်း သတိမရမိပါ။ အဲဒီ ပရလောက,က မိန်းကလေးငယ်လေးဟာ ကျောင်းသူလေးဖြစ်နိုင်တယ်ဆိုတဲ့အတွေး ဆရာတစ်ယောက်ရဲ့ ခေါင်းထဲဝင်သွားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ ကျောင်းသူလေးက ဘယ်သူလဲ၊ မကျွတ်လွတ်သေးတဲ့ ပရလောကသားဖြစ်နေတာလား၊ ဒီရွာကပဲလား၊ တခြားရွာကလား၊ ဒီရေကန်ကြီးနဲ့ ဘယ်လိုပတ်သက်နေတာလဲ စသဖြင့် အတွေးတွေ ခေါင်းထဲဝင်လာပါတယ်။ ကျွန်တော်သင်ကြားဖူးတဲ့သူတွေထဲတော့ ဒီမိန်းကလေးကို မမြင်ဖူး၊မသင်ဖူးဘူးလို့ ထင်ပါတယ်။

1200px-Lake_Bled_from_the_Mountain.jpg
Credit to google image

ကျွန်တော် အတွေးတွေနဲ့ ဗျာများနေတဲ့အချိန်မှာ ခုနက တိတ်ဆိတ်ငြိမ်သက်သွားတဲ့ ငါးပွက်သံတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။ ကျွန်တော် ကန်ဘောင်ဘေးကိုပြေးသွားပြီး ဓာတ်မီးနဲ့ထိုးကြည့်လိုက်ပါတယ်။ ရေထဲမှာ ပလုံစီပူဖောင်းလေးတွေ အတော်များများထနေတာကို တွေ့ရပါတယ်။ တခြားထူးခြားချက် မတွေ့ပြန်ပါဘူး။ ကျွန်တော် အတွေးတစ်ချက် တွေးမိပြန်ပါတယ်။ ဒီ မိန်းကလေးငယ်လေးဟာ ကျောင်းသူလေးဖြစ်နိုင်တယ်၊ ရေကန်ကြီးထဲမှာ တစ်စုံတစ်ခုသောအကြောင်းအရာကြောင့် ဘဝပြောင်းသွားတဲ့သူဖြစ်နိုင်တယ်။ ကျောင်းသူဆိုတော့ ဆရာတစ်ယောက်ကို ချစ်ခင်လို့၊ အားကိုးလို့ အကူအညီတောင်းတာ ဖြစ်နိုင်တယ်လို့လည်း တွေးမိပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

မနက်ဖြန် ဇာတ်သိမ်းပိုင်းဆိုပေမယ့် ကြိုက်တဲ့နံပါတ်က ၁၁ ဆိုတော့ အပိုင်း ၁၁ မှပဲ သိမ်းခွင့်ပြုပါခင်ဗျာ။

@mgmgkse

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center