ပြောင်းလဲချိန်တန်ပြီ

ပြောင်းလဲချိန်တန်ပြီ

မျှော်လင့်ခဲ့ဖူးပါတယ်...

တစ်စုံတစ်ခုတော့ ပြောင်းလဲသွားလိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

နိုင်ငံတကာအဆင့်မဟုတ်တောင် လူရိုသေ၊ရှင်ရိုသေ ပညာရေးစနစ်တစ်ခုကို...


Credit to google image

မျှော်လင့်ခဲ့ဖူးပါတယ်...

အလွတ်ကျက်မှတ်ရတဲ့စနစ် ပျောက်ကွယ်သွားမယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

ပညာရေးအပြောင်းအလဲတစ်ခုမှာ ပညာသင်ယူခြင်းပုံစံ ပြောင်းလဲသွားမယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

စိတ်ကူး၊တွေးခေါ်၊ဖန်တီးခွင့်တွေ ချပြခွင့်ရလိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

မိမိစိတ်ကြိုက် လွတ်လပ်စွာ သင်ကြားခွင့် ရလိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

စိတ်ဓာတ်တွေ ရိုက်ချိုးဖျက်ဆီးခံထားရတဲ့ ကလေးတွေကို ပြုပြင်ပေးနိုင်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

ပညာရေးအရွေ့တစ်ခုမှာ အများစု လိုက်ပါနိုင်လိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

ပညာမျှဝေသူများရဲ့ အရည်အချင်းတွေ တိုးတက်လာလိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

စိတ်ဓာတ်၊စည်းကမ်း၊ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

မျှတတဲ့ ယှဉ်ပြိုင်ခြင်းစနစ်မှာ အားလုံးတန်းတူ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ်လို့...

မျှော်လင့်ခဲ့ဖူးပါတယ်...

မျှော်လင့်ခဲ့ဖူးပါတယ်...

မျှော်လင့်ခဲ့ဖူးပါတယ်...

@mgmgkse

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center