မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်(Drug Risk Articles)

မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါး အန္တရာယ်

image
google photo
မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုတဲ့ခေါင်းစဉ်ဟာ ကြားရဖန်များလာလို့ ရိုးနေသောခေါင်းစဉ် ထင်မြင်မိတတ်ကြလိမ့်မည်။တကယ်တော့ ဒီခေါင်းစဉ်လေးဟာ ငယ်စဉ်ကထဲကကျောင်းတွင် စာစီစာကုံးပြိုင်ပွဲ ကဗျာပြိုင်ပွဲ ကျပန်းစကားပြောပြိုင်ပွဲ ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်ရာခေါင်းစဉ်ဖြစ်သည်။ ဒီခေါင်းစဉ်လေးဟာ ကျောင်းနေအရွယ် ကလေးဘဝကစလို့ အရွယ်ရောက်လို့ လူ့ဘဝဆိုတဲ့ လမ်းပေါ်ရောက်သည်ထိ တသက်တာ အစဉ်အမြဲ မှတ်သားထားရမဲ့ ခေါင်းစဉ်တခုဖြစ်ပါတယ်။အဘယ်ကြောင့်ဆိုသော် မြန်မာလူငယ်များ ဆိုကထဲက မိမိမျက်လုံးထဲမှာ ပြေးမြင်ကြည့်လိုက်ပါ။ငယ်စဉ် ကလေးဘဝကစလို့ လူငယ်ဆိုတဲ့ စကားရပ်အောက်မှာ ပါလာခဲ့တာ အသက် လေးဆယ်ဝန်းကျင်လောက်ထိ ပါဝင်နေသည်မှာ အသေအချာပင်ဖြစ်သည်။ထိုလူငယ်တွေနဲ့ အနီကပ်ဆုံးရန်သူကား မူးယစ်ဆေးဝါး
အန္တရာယ်ပဲ ဖြစ်ပါတယ်။လူငယ်ဘဝတလျှောက် နံဘေးမှာ ကပ်ပါလာတာ မူးယစ်ဆေးဝါးပါ ။ညှို့ယူမှုပုံစံ အမျိုးမျိုးနဲ့ကိုညှို့ယူနေတာပါ။တခါယိမ်းယိုင် သွားလိုက်တာနဲ့ ဘဝတသက်တာ နစ်မြုတ်သွားမှာပါ။
image
google photo
လူငယ်ဆိုကထဲက ကျောင်းမှာပင်ဖြစ်စေ အပြင်လောက
မှာပင်ဖြစ်စေ အပေါင်းအသင်းတွေနှင့် နေထိုင်လေ့ရှိတာ သဘာဝပင် ဖြစ်ပါသည်။ထိုအပေါင်းသင်းတွေသည် စိတ်နေပုံစံ အမျိုးမျိုးရှိကြ
သည်။လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပေါ့။ထိုသို့ အပေါင်းသင်း တွေနဲ့ နေထိုင်ပြီဆိုကထဲက လူငယ်အလျှောက် စူးစမ်းချင်စိတ်ဆိုတာ ဖြစ်ပေါ်လာသည်။ထိုစူးစမ်းချင်စိတ်ရဲ့ နောက်မှာ မိမိပတ်ဝန်းကျင် အ ပေါင်းသင်း သူငယ်ချင်း စတာတွေနဲ့ ထိတွေ့နေရသည်။အကောင်းရှိသလို အဆိုးကလဲ ရှိနေလေသည်။အကောင်းထက် အဆိုးဘက်မှာ ပို၍ပျော်မွှေ့ တတ်ကြသည်က များလေသည်။ရပ်ကွက်ထဲ လူကြီးအချို့ ကို ကြည့်ကာ အားကျအတုယူ တတ်ကြသည်။သူငယ်ချင်း ပခုံးလေး
ဖက် စီးကရက်လေး လက်မှာညှတ်လို့ ရီမောပျော်ရွှင်စွာ စကားတွေ ပြောသွားလျှင် အထာကျတယ်မိုက်တယ်ဆို လိုက်ကြည့်တတ်တာကလေးဘဝပင်ဖြစ်သည်။အတုမြင် အတတ်သင် ဆိုတာပါပဲလေ။
image
google photo
ကိုယ်လဲ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ အထာဖမ်းပြီး စီးကရက်လေး လက်ကြားညှတ် စကားပြောရတာ အဟုတ်ကြီးထင် နေတတ်ကြသည်။ထိုမှနေစကာ လူအလစ် ဆေးလိပ်သောက်တတ် လာသည်ကအစပြုကြသည်။တနှစ်ပြီးတနှစ် အသက်ကလေးက ကြီးလာလျှင် ပို၍ပင် ရဲတင်းလာကြသည်။လူငယ်နှင့် မူးယစ်ဆေး အန္တရာယ်ကထိုအချိန်မှစ၍ လူငယ်တွေ ဘဝထဲ ဝင်ရောက်လာသည် ဆိုပါက မမှားနိုင်ပါ။ ယောကျာ်းလေး အများစုသည်ကား ထိုဘဝကိုဖြတ်သန်း ကြဘူးမယ်ဟု ထင်မိပါသည်။ကျောင်းနေအရွယ် ယောက်ျားလေးများသည် မိဘ
မျက်စိကွယ်ရာတွင် စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာသောဆန္နတခု ကြောင့် စမ်းလုပ်ကြည့်လိုက်သည်။
image
google photo
ထိုစမ်းသပ်မူမှာ ပျော်ရွှင်မိပြီး ထိုပျော်ရွှင်မှုနောက်လိုက်ခဲ့မိကာ တဖြည်းဖြည်း မူးယစ်ဆေး ကျေးကျွန်ဖြစ်လာမည်မှာ မလွဲဧကန်ပါ။ဆေးလိပ်ခိုးသောက်ရာကစလို့ ကွမ်းတစ အရက်လေး နည်းနည်းချ ရဲတင်းလာရာက ဆေးခြောက်ရှူ ဘိန်းချ ဘဝပါပျက်ရ လေသည်က လူမှုပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည်။ ဥပမာတခု ဆိုတာထက် ကျွန်တော့ဘဝ ဖြတ်သန်းစဉ် ကြုံဆုံခဲ့ရမှုလေးကို ဥပမာတခုအနေဖြင့် တင်ပြလိုက်ပရစေ။
image
ကျွန်တော်ဟာ သူငယ်တန်းကနေ လေးတန်းအထိ စာ တော်သူ ကလေးတယောက်ပေါ့။ထိုအချိန်က ကိုယ့်ထက် ကြီးကြီး
ငယ်ငယ် အကုန်ကြောက်တတ်တဲ့ ကလေးတယောက်ပေါ့။ဒါကိုအ
ကုန်လုံးက ဝိုင်းစကျတာ အခြောက်ပေါ့လေ။ဒါတွေကိုအိမ်က မခံချင် မေးကာ ရိုက်ပြန်လျှင်ဖြင့် နာလို့ကာ မျက်ရေကျ အခြောက်ဖြစ်ရ ပြန် လေသည်။ကြာလာသည်နှင့်အမျှ စိတ်မှာခံစားလာရသည်။ဒါနဲ့အနိင်ကျင့်သူ ဟူသမျှ အားတင်းကာပြန်ချ ဒါမှငါ့သားရယ်လို့ ဂုဏ်ယူနေတဲ့ မိဘတွေ သူတို့ကတော့ ချစ်လိုလေ။ဒါပေမဲ့ဒီကလေး တဖြည်းဖြည်းနဲ့ ရဲတင်းလာ လမ်းမှားကို ရောက်ခါနီပြီ။လူစွာဖြစ်တာကို မာန်တွေတက်ကာ စာပေဘက်မှာ မပျော်ပိုက် အပျော်အပါးနောက် လိုက်လာတော့သည်။
image
image
google photo
ဘောလုံးကန် ခြင်းခတ် ကြေးမှတ်တာကတော့ ဆေးလိပ်နဲ့
ကွမ်းယာပါပဲ။ဒီလိုနဲ့ကြီးပြင်းလာ ကိုးတန်းဆိုတာ ရှိခဲ့ပြီပေါ့။စက်ဘီးကို ဖင်ထိုင်ခုန်ဖြုတ် ဖိုက်တာလုပ်ကာ ထန်းရေသောက် ကျောင်း
တက်မှာလဲ မမှန်တော့ပေ။ကိုးတန်းအောင်လို့ ဆယ်တန်းတက် မိဘအရိပ်က စတင်ထွက်ခဲ့သည်။
image
ကျောင်းဆင်းတာနဲ့ ကျူရှင်တက် လွတ်လပ်ချက်က တခြားစီ ဖြစ်၍နေလေသည်။မိဘအရိပ်မှာနေ ခိုးထွက်ရေးက အဆင်မပြေဘူးလေ။ခုများမှာတော့ဖြင့် ကျောင်းဆင်းလို့ ကျူရှင်ဝင် အတန်းမစခင် ခြင်းဝိုင်းဆင်ကာ ဆေးလိပ်ကို ဘူးလိုက်ဆွဲ ကြေးအဖြစ် အမုန်းဆွဲတော့တာပေါ့။
image
ထိုကတဆင့် ရဲတင်းလာ အရက်ဆိုတာ ပါလာလေသည်။camd ဖြုတ်ချိန်မှာ အရက်သောက် စာတွေဘယ်ရောက်သွားပြီလဲ မသိတော့ပါ။ဒီကြားဖွန်ကကြောင် ရောင်တောင်တောင်နဲ့ နေလာကာ တရက်မှာဆေးခြောက်ရ စမ်းသပ်ကာ ချမိတော့သည်။အရက်နဲ့ဆေး နှစ်ပင် လေးနှင့် ဆရာမှန်းမသိ ထထိုးမိတော့ ကျူရှင်ထွက်ရ အိမ်ပြန်ရပါ တော့သည်။မူးယစ်ပြီ ဆိုကထဲက အသိစိတ်က မရှိကြတော့ပါ။
image
ထိုအချိန်မှ မိဘဆုံးမ အသိရချိန်စာတွေသည် နောက်ကျ အခြေခံ မရခဲ့တဲ့ ကျွန်တော် အတော်ကို ပြန်ကြိုးစား အောင်သွားသည်က ကံထူးလှပါသည်။ကုန်ဆုံးခဲ့သော အချိန်များကာ ပြန်ယူ၍မရတော့ပါ။ထို့ကြောင့် ရိုးရိုးမေဂျာသာ ရရှိခဲ့တဲ့ ကျွန်တော် တက္ကသိုလ် စကာတက် အကျင့်ပျက်နဲ့ ပျော်မွေ့ခဲ့ပြန်သည်။တက္ကသိုလ် ကျောင်းသားဘဝ အပြည့်အဝခံယူတာဆိုပြီး သိသိကြီးနဲ့ တခါပြန်မိုက် ပေ
တေလိုက်တာ သုံးနှစ်တာပေါ့။ခုနေခါ ပြန်စဉ်းစား လုပ်ခဲ့တာတွေ
မသေရုံတမယ် ။ဘယ်မှာလဲပျော်စရာ အဲ့လိုအချိန်မှာသိရမှာလေ။
မိသားစုကလဲ အယုံကြည်မဲ့ ကျောင်းပါထွက်ခဲ့ရပါသည်။ခုချိန်ထိပင် ဘွဲ့မရသေးပါ။ရှေ့ဆက်ရမဲ့ ဘဝအတွက် လိုလာတော့မှသိခဲ့ရတဲ့ အ သိနဲ့နောင်တ အချိန်ကို နောက်ပြန်ဆုတ်၍ မရတော့။
image
ထို့ကြောင့် မူးယစ်ဆိုတာစလို့ဆေးဝါးဆိုတာကပ်လျှက်ပါလာတာပါ။အစရှိအနောင်နောင်ဆိုတဲ့ ဆိုရိုးစကား အစကိုမရှိစေချင်ပါ။ကျွန်တော်လို အစဆိုတာ ရှိခဲ့လျှင် အနောင်နောင်ဖြစ်သွားပေလိမ့်မည်။အကြောင်းသိအောင် စမ်းတာပါဟု ပြောချင်လျှင် မစမ်းသပ်ပဲ အကြောင်းသိချင်ရင် ရှေ့လူပြောစကား နားထောင် သိချင်တဲ့
အကြောင်းရာ စာတွေရှာကာဖတ်လို့ စမ်းကြည့်တာထက် ပိုသိပါလိမ့်မည်။မိမိရှေ့တွင် စမ်းရင်းနဲ့စခဲ့ကြ စခဲ့ကြလို့အနောင်နောင်ဖြစ် မူးယစ် ဆေးနဲ့ နစ်မြောသွားတာ ဘဝများစွာပါ။ယခုစာရေးသူကိုယ်တိုင် ခံစားခဲ့ရတဲ့ဘဝ လူငယ်အများ နားလည်သွားနိုင်ပါစေ ဆုပန်ခြွေလျက်
မြန်မာပြည်ဖွား တိုင်းရင်းသားများ နှလုံးလှဖြူစင် မူးယစ်ကင်းစင် နိုင်
ကြပါစေခဗျာ။
image
google photo
မြန်မာလူငယ်များအနေနဲ့ မူးယစ်ဆေးဝါးကို အစမလုပ်မိဖို့ ဘဝ
လက်တွေ့ သင်ခန်းစာ ချပြကာဖြင့်မြန်မာလူငယ်များနှင့်မူးယစ်ဆေး
အန္တရာယ်ခေါင်းစဉ် အောက်မှ မြန်မာလူငယ်များ မူးယစ်ကင်းစင်ကာ
မြန်မာနိုင်ငံအတွက် လင်းလက်သောကြယ်ပွင့်လေးများ ဖြစ်နိုင်ကြပါစေဟု ဆုတောင်းရင်း ရေးသားတင်ပြအပ်ပါသည်။

ရေးသားသူ - msc - 042
@mgmgaumg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now