Steem ကို စိတ်ပျက်​နေပြီ

​ပြောရမယ် ဆိုရင်​တော့ steem ကို ​တော်​တော် စိတ်ပျက်​နေပြီ ကျွန်​တော် steem account ​တွေထဲမှာ steem power ​တွေ ၁၀၀၀ ​ကျော်​ကျော် ဝယ်ထားတယ် ကံမ​ကောင်းချင်​တော့ ဝယ်တဲ့အချိန်က လွန်ခဲ့တဲ့ ​လေးငါးလ​လောက်က အဲဒီတုန်းက steem ​စျေးက ​ဒေါ်လာ ပြား ၄၀ က​နေ ၅၀ ကြား​လောက် ​ပေါက်တယ် အဲဒီတုန်းက နည်းနည်းချင်း ဝယ်စုလာတာ မြန်မာ​ငွေ ၇ သိန်းက​နေ ၈ သိန်း ကြား​လောက် ရှိမယ်။ အခု steem ​စျေးက ၁၄ ပြားအထိ ကျသွားပြီ အဲ​တော့ ဝယ်ထားတဲ့ တန်ဖိုးက ၃ သိန်းက​နေ ၄ သိန်းကြားပဲ ရှိ​တော့တယ် ကိုယ့်ငွေ​တွေ ​လျော့သွားတာကို ​ပြောတာ steem ကို ကြည့်ရတာလည်း အရင်ကလို ပြား ၄၀ ပြား ၅၀ ​လောက်အထိ ပြန်တက်လာမယ့် အလားအလာလည်း မ​တွေ့ရ ကြည့်ရတာ ၁၄ ပြားက steem ရဲ့ ပုံမှန်​စျေး ဖြစ်သွားပုံရတယ် steemit မှာ post ​တွေ ​ရေးတင်ပြီး ရတဲ့ reward ကလည်း ကျွန်​တော်ပဲ ညံ့လို့လား မသိဘူး တစ်လမှ ၂ steem ၃ steem ထက် မ​ကျော်ဘူး မြန်မာ​ငွေနဲ့ ​ပြောရင် ၄၀၀ ကျပ် ၅၀၀ ကျပ် ​လောက်ရတယ် တစ်လကို ​ပြောတာ post upvote ရဖို့ idea စဥ်းစားရတာလဲ ​ခေါင်း​ခြောက်​နေပြီ ​တော်​တော် ​ကောင်းတဲ့ blogging website steem ပဲ​နော် ကျွန်​တော် အ​တွေ့အကြုံနဲ့ ​ပြောရင်​တော့ steem က ​ငွေရဖို့ ထက် ​ငွေကုန် ဖို့သာ များ​နေပြီ steem ​စျေး ပြား ၄၀ ​လောက် ပြန်မတက်မချင်းတော့ ကျွန်​တော် ဘယ်​လောက်ပဲ ကြိုးစား reward ရှာရှာ အရင်း ပြန်ရဖို့​တောင် မလွယ်ကူ​တော့ပါ​ကြောင်း

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center