တရား​သ​ဘော . . .သ​ဘောတရား

တရား​သ​ဘော . . .သ​ဘောတရား

အတိတ်​က အ​ကြောင်းဆက်​ ကံ​တွေနဲ့ ရုပ်​နဲနာမ်​ ရကာ လူဖြစ်​လာခဲ့ကြရတယ်​။

ရရှိထား​သော ရုပ်​နဲ့နာမ်​ကို အစွဲပြုပြီး ငါ့ခန္ဓာ ငါ့စိတ်​ ငါပိုင်​​သော ငါ ငါနဲ့ တငါထဲ ငါပြီး ငါ့ရုပ်​​လေး ကြည့်​​ကောင်း​အောင်​လို့ လူ​တော​တိုး​အောင်​လို့ ပြင်​ကြ ဆင်​ကြ ခြယ်​မှုန်းကြရ ! ငါ့ခန္ဓာ​လေး အများအမြင်​မှာ လှပတင့်​တယ်​​နေ​အောင်​ ဆင်​ယင်​ထုံးဖွဲ့ ဝတ်​စားကြရ !

အမယ်​​လေးး ​လေး ငါ့မျက်​နှာမှာ ဝက်​ခြံ​တွေပ့လား ? အမယ်​​လေး ငါ့မျက်​နှာ​လေး ​နေ​လောင်​လို့ မည်း​နေ​ပေါ့. . . မဖြစ်​​သေးပါဘူး ဝက်​ခြံ​ပျောက်​​​အောင်​ လုပ်​အုံးမှ ! မဖြစ်​​သေးပါဘူး ​နေ​လောင်​ထား​တော့ (SLလို) မည်းညို​နေ​ပေါ့ အသားအ​ရေ​ ဝင်းပ​နေ​အောင်​ ပြန်​လည်​ပြုပြင်​အုံးမှ . . . ။

ဟင်း. .ငါ့ဗိုက်​​ခေါက်​ကြီးက ထူလိုက်​တာ . .. ဗိုက်​ပူကြီးဖြစ်​ပြီး မလှမပ ဖြစ်​​နေပ့လား စိတ်​ညစ်​ပါတယ်​ဟယ်​. . .ဟင်း ငါ့ကိုယ်​လုံးကလည်း ခင်​သန္တာသက်​ချိုပြုံးကြီး ဖြစ်​​နေပာ​ရောလား . . . အရင်​လိုလည်း မလှ​တော့ဘူး ဘယ်​လိုလုပ်​ရပ့ . . . ဂျင်​ ​ဆော့ရင်​​ကောင်းမလား ? လမ်း​လျှောက်​ ​လေ့ကျင့်​ခန်းလုပ်​ရင်​​ ​ကောင်းမလား ? လားး လားး?

IMG_20180520_115742.jpg

ဒါ​တွေက ဘာ​တွေလည်းဆို​တော့ ရရှိထား​သော ခန္ဓာကြီးကို တွယ်​ငြိစွဲမက်​​နေ​တော့ ရုပ်​ခန္ဓာ၏ မတည်​မြဲမှုသ​ဘော . .​ဖောက်​ပြန်​မှုသ​ဘော​တွေကို မမြင်​မ​တွေ့နိုင်​ပဲ. . ငါ့ခန္ဓာ ငါ့ရုပ်​နာမ်​ကြီးဆိုပြီး အစွဲကြီးစွဲမိကြပြီး
အများသူငှာ အမြင်​မှာ တင့်​တယ်​​လှပ ​ကျော့ရှင်း​နေလို​သော ​လောကီဂုဏ်​ကို မက်​​နေမိကြခြင်းပါ ။

ကိုယ့်​ခန္ဓာကို ကိုယ်​ပိုင်​တယ်​လို့ ​လောကီသ​ဘောနဲ့ချည့်​ ခွမြင်​​နေကြ​တော့ ​မလိုလားအပ်​​သော ​သောကအပို​တွေ ပွားရပါတယ်​ ဒီလိုလူ​တွေဟာ ခန္ဓာကိုယ်​ကြီး တစ်​ခုခုဖြစ်​ရင်​ ပိုစိတ်​ဆင်းရဲ​သောက ​ရောက်​ရပါတယ်​။

ဥပမာ. . ​နေမ​ကောင်းဖြစ်​​နေတဲ့သူ​တစ်​​ယောက်​ ​နလံပြန်​ထ ​နေ​ကောင်းလာပါတယ်​ ဆိုပါ​တော့ . .. ​ ရုပ်​နဲ့ခန္ဓာကို တပ်​မက်​မှုအားကြီး​နေသူဆိုပါက . . မှန်​​လေး ကြည့်​လိုက်​ ​နေမ​ကောင်းထားလို့ ဂျုံးဂျုံးကျထားတဲ့ ကိုယ့်​ရုပ်​ကို မြင်​လိုက် . . .ငါ့မျက်​နှာ​လေး အရင်​လို မဟုတ်​ပ့လား . . .ငါ့ခန္ဓာကိုယ်​လည်း အရင်​လို မလှ​တော့ဘူး . .​ချောင်​ကျ​နေတာပဲ . . . ဒုက္ခပါပဲ. . . ဒီရုပ်​ ဒီပုံနဲ့​တော့ အပြင်​သိပ်​ထွက်​လို့ မဖြစ်​​သေးပါဘူး စိတ်​ညစ်​ပါတယ်​ . . .ဆိုပြီး ​သောကဆင့်​ပွားခံစား​နေရပါလိမ့်​မယ်​။

ရုပ်​ခန္ဓာကြီးကို ကိုယ်​က အမှန်​တကယ်​ မပိုင်​​မှန်း အသိတရားရှိသူက​တော့ . .. .​သြော်​ မဖျားချင်​လည်း ဖျားရ. . မနာချင်​လည်း နာရသည်​​ကော . . .
ရုပ်​ခန္ဓာက မတည်​မမြဲ​ဖောက်​ပြန်​တတ်​​သော သ​ဘောရှိပါတကား . .. . ဘယ်​အရာမှ မတည်​မြဲပ့လား . .. အခု မ​သေလို့ ​နေပြန်​​ကောင်းလာပြီဆို​တော့ ကိုယ်​လုပ်​စရာရှိတာ​တွေလည်း လုပ်​ရင်း . .
ကုသိုလ်​​ကောင်းကျိုး အများအတွက်​သယ်​ပိုးသွားအုံးမှ . . .ဆို​သော အ​တွေးများနဲ့ . . . . ။

ရုပ်​ခန္ဓာကို ပိုင်​သည်​ဆိုင်​သည်​ဟု ယူဆကာ
တဏှာသ​ဘောဖြင့်​ တပ်​မက်​​မောသူက အချိန်​များစွာကို ဒီရုပ်​ဒီခန္ဓာကြီး အတွက်​ ပြင်​ဆင်​ခြယ်​မှုန်း ပြုပြင်​ခြင်းတို့ဖြင့်​ အသုံးပြုကြတယ်​။ ဟယ်​​ချောလိုက်​တာ မှုန်​​နေတာပဲ . . .လှ​နေတာပဲ ဆို​သော ​ပြောစကား​တွေကို ချီးကျူးသံ​တွေကို တပ်​မက်​မိကြတယ်​။ လှ​ပ​နေဖို့ ပြုပြင်​ခြယ်​မှုန်းလိုက်​. . .လူ​တွေက လှတယ်​ ​ပြောလိုက်​ ..နဲ့ ​နောက်​ဆုံးမှာ​တော့ လူ​တွေအမြင်​မှာ လှပ​နေ​စေဖို့အတွက်​ ရုပ်​ကြီးကို ပြင်​ ခန္ဓာကြီးကို ထိန်းသိမ်းရင်း ​နေ့စဉ်​တိုင်​ပတ်​ကာ စွဲလမ်းမှုတရားနဲ့ ပူ​လောင်​နေရ ။

လောကရဲ့မမြဲခြင်းသ​ဘော ခန္ဓာကိုယ်​၏ ​ဖောက်​ပြန်​ခြင်း သ​ဘောကို သိသူက​တော့ . . . ရရှိပိုင်​ဆိုင်​ထား​သော ရုပ်​နဲ့ခန္ဓာကို ​အလုပ်​ပတ်​ဝန်းကျင်​နဲ့ လိုက်​ဖက်​ညီ​စွာရှိ​နေရုံ​လောက်​သာ သင့်​တင့်​ရုံ ပြင်​ဆင်​ပြီး ​နေတတ်​​တော့ အပိုအပူ​သောက​တွေကြား ဗျာများမှု ကင်းသဖြင့်​ ​အေးချမ်းလျှက်​​နေနိုင်​ကြတယ်​။

ခန္ဓာကိုယ်​ကြီးကို ကိုယ်​ပိုင်​တယ်​ထင်​ပြီး တပ်​မက်​လွန်း စွဲလမ်းလွန်း​ရင်​ ဘာ​တွေဖြစ်​လာသလဲ ဆို​တော့ . . .
အများနဲ့ ယှဉ်​ရင်​ ပိုလှချင်​လာတယ်​. . ပတ်​ဝန်းကျင်​က ဂရုစိုက်​တာ ခံချင်​လာတယ်​. . .ဘယ်​​နေ့ဘယ်​အချိန်​မှာ ပျက်​ဆီးယိုယွင်းသွားမလဲ မသိနိုင်​တဲ့ ရုပ်​နဲ့ခန္ဓာကြီးကို မြဲမြံတယ်​လို့ ထင်​မှတ်​ကာ ဂုဏ်​​မောက်​မှု​တွေနဲ့ ရှင်​သန်​​နေထိုင်​တယ်​။

ဒီ​တော့ ဒီရုပ်​ခန္ဓာကြီး ထိန်းသိမ်းရင်း အချိန်​​တွေကုန်​ . . .ကိုယ့်​ထက်​ သူများသာ သွားမှာ မလိုစိတ်​​တွေဝင်​လာပြီး ​သောက​တွေ အဆင့်​ဆင့်​ ပွားလာကြ​ရော။ ​နောက်​ဆုံးမှာ​တော့ ဘယ်​သူ​တွေက "လှလိုက်​တာ​နော်​ ဘာညာနဲ့ ဘယ်​လို ချီးကျူး ချီးကျူး " ကိုယ့်​မှာ​တော့ အလိုမကျမှု​တွေ ​မောက်​မာမှု​တွေ မနာလိုမှု​တွေ ​သောက​တွေ အပူ​တွေနဲ့ အမှန်​တကယ်​ လိုအပ်​​သော စိတ်​ချမ်းသာမှု စိတ်​​ကောင်းထားမှု​တွေ ​ပျောက်​ဆုံး လူဖြစ်​ရှုံးရမှု​တွေ ဖြစ်​လာ​ရော။

ရုပ်​နဲ့ခန္ဓာရဲ့ မတည်​မြဲခြင်းသ​ဘော ဖြစ်​ခြင်း ပျက်​ခြင်း သ​ဘောတရား​တွေကို နားလည်​တဲ့သူ​က​တော့
ဒီဘဝမှာ ရထား​သော အငှားခန္ဓာရုပ်​ကြီးကို သင့်​တင့်​ရုံ ပြင်​ဆင်​​နေထိုင်​တယ်​။ မတည်​မြဲ​သော ဘဝမှာ ကြိုမမြင်​နိုင်​သော အဆုံးသတ်​ ​နေ့စွဲ​တွေ မ​ရောက်​ခင်​အထိ
ကိုယ်​လုပ်​စရာ ရှိတာ​တွေကို လုပ်​ပြီး အများအတွက်​ ကိုယ်​ကူညီနိုင်​တာ ကူညီကာ ​နေထိုင်းရင်း ကိုယ့်​ထက်​သာသူ​တွေ့ပါက မုဒိတာပွား၊ နိမ့်​ကျသူ​တွေ့ပါက ကရုဏာထားပြီး ဆက်​ဆံ​ဖေးကူရင်း ​အေးချမ်းစွာ ဖြတ်​သန်းသွားကြ​လေ့ရှိတယ်​. . .။ ​ စိတ်​ဟာ ​အေးချမ်းတဲ့အတွက်​ ရုပ်​မှာ သွား​ပေါ်ပါတယ်​။ ဒီ​တော့ ​အေးချမ်းတဲ့အလှတရားကို အလိုလို ပိုင်​ဆိုင်​သူအဖြစ်​ ဝံ့ထည်​စွာ လူချစ်​လူခင်​များ​သော သူအဖြစ်​ ​ရောက်​ရှိနိုင်​ပါတယ်​။

ဒါ​ဟာ တရားသ​ဘောရဲ့ အ​ခြေခံ သ​ဘောတရား​လေး မျှသာပါပဲ. . . ! ဒီမမြဲခြင်း သ​ဘောတရား​လေး တစ်​ခုကို အမှန်​တကယ်​သိရုံနဲ့ နားလည်​ရုံနဲ့ ဘဝရဲ့​နေ့ရက်​​တွေမှာ ​အေးချမ်း​စေ ! အပိုအပူအပင်​​တွေ ထိုက်​သင့်​သ​လောက်​ ကင်း​ဝေးပြီး ​အေးချမ်း​သော အလှတရားကို ပိုင်​ဆိုင်​နိုင်​မှာ ဖြစ်​ပါ​ကြောင်း . နဲ့. . . ကျ​နော့်​ရဲ့ မိတ်​​ဆွေ အ​ပေါင်းအသင်းများလည်း ပူပင်​​သောကကင်း​ဝေး​သော ​အေးချမ်း​သော အလှပိုင်​ရှင်​များဖြစ်​ကာ လူချစ်​လူခင်​​ပေါများနိုင်​ကြပါ​စေ​ကြောင်း ​မေတ္တာ​လောင်းလျှက်
MSC-253
@masterinnwa

H2
H3
H4
3 columns
2 columns
1 column
Join the conversation now