G4မှ စကားသံများနှင့် ကျွန်ုပ်လူသူတော်အင်းဝ

၁၆ရက်နေ့သ၌ ကျွန်ုပ် လူသူတော်အင်းဝတစ်ယောက် ဖေ့ဘွတ်User အပေါင်းတို့ အေးချမ်းသာယာစိမ့်သောငှာ
မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနေပေသည်။

အိမ်းးး ဟိုကောင်မလေး ကိတ်သဟ . . . ဟာ စကီလေး လန်းသဟ. . အလို. . ဒါလေးက တစ်မျိုးချော ပြန်သဟ . . . ဟင် ဒီခလေးမလေးကလည်း Cuteသဟ . . ဟင်. . . ဟိုတစ်ယောက်ကောပဲ . . . အကုန်လုံးက. .အနိပ်စား . . .အနိပ်စားပ့လား . . .

အဲလေ မှားလို့ အကုန်လုံးက အနိစ္စပါတကား. . . ကိတ်တာသည်လည်း အနိစ္စ. . . ချောတာသည်လည်း အနိစ္စ . . . မတည်မြဲခြင်းသဘောတွေပ့လား ဟူ၍ တွေးရင်း မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနေတုန်း
"ဘိုတောက် . . .ဘိုတောက် . . .ကလောင် . . ကလင် " ဟူ၍ အသံပေါင်းစုံ တဝုန်းဝုန်း မြည်လာလေသည်။

အလို. . .ဘာပါလိမ့်ဟ ဆိုပြီး အာရုံမှာ ပုံရိပ်ဖမ်း မှန်းဆကြည့်လိုက်တော့ သြော် ဟိုအရိပ်မဲ့ဂျီပုန်းသိုင်းသမားလေး Sl ဦးဆောင်သည့် ဂျီပုန်းဂိုဏ်း သောင်းကျန်းနေခြင်းပေတည်း။
(အရိပ်မဲ့ဆိုသည်မှာ လူတစ်ကိုယ်လုံးမည်းနက်နေသဖြင့် အရိပ်မပေါ်ခြင်း ဂုဏ်ပုဒ်ပိုင်ဆိုင်သောကြောင့် ဖြစ်ပေသည်)

အိမ်း . . . ဒီအနက်ရောင်ဂိုဏ်းတော့ ဆုံးမ အုံးမှဟဲ့ လို့ တွေးရင်း (ဂိုဏ်းတစ်ခုလုံး အသားမည်းသောကြောင့် အနက်ရောင်ဂိုဏ်း မြည်ပေ၏) ဂျီပုန်း ဂိုဏ်းအတွင်းသို့ ဝင်၍ စနည်းနာ ကြည့်လေမိလိုက်လေသည်။

အမယ်. . . အနက်ရောင်သိုင်းဂိုဏ်း ပီသစွာ လူသူတော် အကျွန်ုပ်အား နောက်ကွယ်ကနေ စကားလုံး လက်နက်ပုန်းတွေဖြင့် ချုံခို တိုက်ခိုက်နေကြပါလေရောလား . . .အင်းပြောင် . . ခေါ်လိုက် အင်းဥ သွားတူးတယ် ပြောလိုက်ဖြင့် စော်တကား မော်တကား အချင်းအရာတို့ဖြင့် စကားလက်နက်ဖြင့် ပစ်ခွင်းနေကြတာများ ပိုးစိုးပက်စက်ပင်။

image

ကဲ ဒီတော့ . . . တွေ့ကြပြီပေါ့ကွာ . . . အနက်ရောင်ဂျီပုန်းဂိုဏ်းကို ဖြိုခွင်းဖို့ လူသူတော်အင်းဝ လာပ့ဟေ့လို့ ကြွေးကြော်ကာ လက်သီးလက်မောင်းတန်းလိုက်စဉ်. . . ,

image

အလွန်တရာမှ သနားစဖွယ် ကောင်းလှသော အသံသေး အသံညှောင်တို့ဖြင့် ယောက်ျားမိန်းခင်ခင် (ယောက်ျားစိတ်ပေါက်နေ၍) နှင့် လေပွေစု (လေသိုင်းချည့် ကျင့်သောကြောင့်) တို့ ညဉ်းတွားနေသည်ကို တွေ့မြင်လိုက်ရလေသဖြင့်
"ပညာရှိ အမျက်အပြင် မထွက်"ဆိုသကဲ့သို့ ဒေါသကို မြိုသိပ်ကာ ယောက်ျားပီသစွာဖြင့် သူတို့လေးတွေ ဘာဖြစ်နေပါလိမ့်ဟု စပ်စုကြည့်လိုက်ရာ. . .

image

ကျွန်ုပ်တို့ အဖြူအမည်း သိုင်းလောကသိုင်းတိုင်း နေထိုင်မှီတည် ကျင်လည်ကျက်စားရာ စတီးမစ်သိုင်းလောကကြီး အခြေအနေ မငြိမ်မသက် လှုပ်ခတ်နေသောကြောင့် ထိုသူငယ်မ နှစ်ယောက် သနားစဖွယ် ယောက်ယက်ခတ်နေခြင်း ဖြစ်သည် ဆိုသော အကြောင်းအရင်းကို သိရှိလိုက်ရလေ၏။

သို့ကြောင့် လူသူတော် ပညာရှိပီပီ အဓိကနှင့် သာမညကို ခွဲခြားသိသောကြောင့် ဤစတီးမစ်သိုင်းလောကကြီး တည်ငြိမ်ဖို့ အရေးက ပို အရေးကြီးသည် ။ ဂျီပုန်းအနက်ရောင်ဂိုဏ်းကိုက နောက်မှ ချေမှုန်းမည်ဟု စိတ်ဝယ်တွေး၍ စတီးမစ်သိုင်းလောကကြီး တည်ငြိမ်ဖို့ နည်းလမ်း ကြံဆနေမိလေတော့၏။

နောက်ဆုံးတော့ ကျွန်ုပ်လူသူတော်အင်းဝ မကယ်လျှင် သေဖွယ်ရာ ရှိသော စတီးမစ် သိုင်းလောကကြီးအား ကယ်မရန် အလိုငှာ . . . သိုင်းလောက၌ ကျွန်ုပ်တစ်ဦးတည်းသာ တတ်ကျွမ်းသော မနောမယ ဆိုက်ညှို့နည်း (စိတ်ညှို့ မဟုတ်ပါ Siteညှို့ပါ) ဆိုက်ညှို့သိုင်းဖြင့် ဆာဗာhackကာ Steemit Teamနန်းတွင်းထဲသို့ ဝင်ရောက်ခဲ့လေတော့သည်။

Steemit Teamနန်းတွင်းထဲသို့ ရောက်သော် စတီးမစ်သိုင်းလောကကြီး မတည်ငြိမ်အောင် နင်တို့တွေ ဘာတွေ မွေနေသလဲဟေ့ . . . စသည်ဖြင့် ဘာဖြစ်တယ် . . ညာဖြစ်တယ် ဟိန်းဟောက်လိုက်လေရာ

စတီးမစ် စတင်တည်ထောင်သူ တိုင်းတစ်ပါးသား သိုင်းညီနောင်များမှာ ပျာပျာသလဲ ရှိခိုးဦးခိုက်ကာ
" အရှင် လူသူတော်ကြီးခင်ဗျား. . ကျနော်မျိုးတို့ အမိုက်အမဲလေးတွေကို ခွင့်လွှတ်ပေးပါ . . . ကျနော်မျိုးတို့ မူးမူးရူးရူးဖြင့် လက်ကမြင်းမိကာ စတီးမစ်သိုင်းလောကထဲ ဝင်မရအောင် တံခါးပိတ်မိသွားတာပါ ခင်ညား . . နောက်မဖြစ်စေရပါဘူး ခင်ညား"နဲ့ တောင်းပန်တိုးလျှိုးကြလေတော့၏။

ကျွန်ုပ်မှာ ငါ လုပ်ရင်လည်း ဒင်းတို့ပဲ နာ တော့မည် ။
လူသူတော်ပီပီ သည်းခံမှ ဟူ၍ တွေးကာ "အိမ်း ဒီတစ်ခါ ရှိစေတော့ . . .နောက်မဖြစ်စေနဲ့ ကြားလား အခု စတီးမစ်သိုင်းလောက တံခါးကြီး ပြန်ဖွင့်လိုက်တော့ "ဟူ၍ ဆိုဆုံးမ ငေါက်ငမ်းကာ စိတ်တန်ခိုးဖြင့် ပြန်လာခဲ့လေ၏။

ဤသို့ဖြင့် ယနေထဲက ဝင်၍ မရဖြစ်ခဲ့သော စတီးမစ်သိုင်းလောက တံခါးကြီး ပြန်ပွင့်ကာ ဂျီပုန်းအနက်ရောင် သိုင်းသမားများမှာ ပြန်ရပြီ ဝင်ရပြီ ဆိုပြီး ပျော်ရွှင် ကခုန်နေကြလေတော့သသည်။

image

ကျွန်ုပ် လူသူတော်အင်းဝမှာကား ကိုယ့်ကိုကိုယ် ဖေါ် မသူတော် ဖြစ်မှာစိုး၍ ဤ စတီးမစ်သိုင်းလောက တံခါးကြီး ပြန်ဝင်ခွင့်ရအောင် ဤသို့စွမ်းစွမ်းတမံ ပြုလုပ်ခဲ့သည်ကို မည်သူ့ကိုမှ အသိမပေးပဲ တိတ်တဆိတ် နှုတ်ပိတ်ကာ
အများပျော်နေသည်ကို ပီတိဖြာကာ အေးဆေးစွာ ထိုင်ကြည့်နေလိုက်လေတော့သတည်းးးးးး ။ ။

(လွန်တာရှိ တောင်းပန်ပါ၏)
@masterinnwa
MSC-253

H2
H3
H4
3 columns
2 columns
1 column
Join the conversation now