အတူတူ​တော့ အတူတူ​​ပေမယ့်​ မတူကွဲပြားလို့ စာနာစိတ်​​လေး ထားကြစို့

အတူတူ​တော့ အတူတူ​​ပေမယ့်​ မတူကွဲပြားလို့ စာနာစိတ်​​လေး ထားကြစို့

တောင်​တန်း​တွေ သစ်​ပင်​​တွေနဲ့ ​အေးမြမြ​ဒေသ၌ ကျ​နော်​ ​တာဝန်​ကျသည်​။ ​တောင်​တန်း​တွေ သစ်​ပင်​​တွေနဲ့ ​အေးမြမြ​ဒေသ၌ ကျ​နော်​ ​နေထိုင်​သည်​။

မြေပြန့်​​ဒေသမှ အများလူတကာ အပူဒဏ်​ အပူသံ​တွေ ဆူဆူညံ​နေချိန်​မှာ ​တောင်​တန်း​တွေ သစ်​ပင်​​တွေနဲ့ ​အေးမြမြ​ဒေသ၌ ​အေး​အေးသက်​သာ ကျ​နော်​ ​နေနိုင်​သည်​။

မြေပြန့်​​ဒေသမှ လူများစွာ အဲကွန်း​တွေ ပန်​ကာ​တွေ ၊သစ်​ရိပ်​ဝါးရိပ်​​တွေနဲ့ ​ရေစပ်​​တွေမှာ အပူဒဏ်​​ရှောင်​ ​နေကြစဉ်​ ​တောင်​တန်း​တွေ သစ်​ပင်​​တွေ ရှိ​သော ​အေးမြမြ ​ဒေသ၌ သဘာဝ​လေ သဘာဝအ​ငွေ့အသက်​ သဘာဝ အလှတရားများ ခံစားကာ ကျ​နော်​ ​အေးချမ်း​နေသည်​။

IMG_20180509_174220.jpg

သေချာပြန်​​တွေး​သော်​ ​မြေပြန့်​​ဒေသက လူ​တွေ အပူဒဏ်​​တွေ အပူခံ​နွမ်းလျ​နေရချိန်​တွင်​ . . . ​တောင်​​ပေါ်​ဒေသ၌ ​နေထိုင်​သူများ အပူဒဏ်​ကင်း​ဝေးကာ ​အေးမြလန်းဆန်း​နေသည်​။

ထပ်​၍အကျယ်​ချဲ့​သော်​ မြန်​မာနိုင်​ငံမှာ ​နေထိုင်​သူချင်း ​နေတစ်​စင်းထဲ၏ အလင်း​ရောင်​အပူဒဏ်​ ကျ​ရောက်​တာခြင်း အတူတူကို ​နေရာ​ဒေသ ​မြေအ​နေအထား အ​ခြေအ​နေ ကွာခြားသည်​နှင့်​အမျှ အပူနှင့်​အ​အေး မတူကွဲပြား ခြားနား​​နေ​ပေတတ်​သည်​။

"ဟာ​. . . .​နေတစ်​စင်းထဲက အပူရှိန်​က တစ်​နိုင်ငံထဲ ​နေတဲ့ လူ​တွေကို သက်​​ရောက်​တာပဲ အတူတူပါပဲကွာ "ဟု မည်​သို့မှ သတ်​မှတ်​​ပြောဆို၍ မရ​ပေ။ ​မြေအ​နေအထား၊​ဒေသ အ​နေအထား ကွာ​နေ​သေး​သည်​​လေ။

ဒီလိုပါပဲ . . တစ်​ခါတစ်​ရံ ကျ​နော်​တို့ ​လူ့ဘဝ ဖြတ်​သန်းကြစဉ်​မှာ . . . ကြုံရဆုံရတာ​တွေကို ဖြစ်​စဉ်​တူရင်​​တောင်​ ထပ်​တူဟူ၍ နှိုင်းယှဉ်​၍ မရစ​ကောင်း​ပေ။

ဥပမာ . . ဆင်းရဲသား တစ်​​ယောက်​ ​ငွေ "၁​သောင်း"ကျ ​ပျောက်​သည်​။ လူချမ်းသာ တစ်​​ယောက်​သည်​လည်း ​ငွေ"၁​သောင်း"ကျ ​ပျောက်​သည်​။ ဆို​တော့ကား . . ​ငွေ "၁​သောင်း"ကျ​ပျောက်​တာခြင်း အတူတူ ဖြစ်​စဉ်​တူတယ်​ဆို​ပေမယ့်​ . . ခံစားရတာခြင်း တူပ့မလား ???

ဆင်းရဲသား၏ ​ငွေ ၁​သောင်းသည်​ ဆီဖိုး ဆန်​ဖိုး၊​ဆေးဖိုးဝါးဖိုး၊​ က​လေး​ကျောင်းစရိတ်​နဲ့ ကျန်းမာ​ရေး စရိတ်​ ဖြစ်​​ကောင်း ဖြစ်​နိုင်​​ပေ​သော​ကြောင့်​ ထို"၁​သောင်း" ကျ​ပျောက်​ခြင်းသည်​ ထိုဆင်းရဲသားအတွက်​ ကြီးမား​သော ဒုက္ခကြီး နှ​မြောတသ ဝမ်းနည်းဖွယ်​ရာ ဖြစ်​ရပ်​ကြီး တစ်​ခုမို့ အသည်းအသန်​ ပြန်​ရှာ​ပေလိမ့်​မည်​။

သို့​သော်​ လူချမ်းသာ အတွက်​​မှာ​တော့ ​ငွေ "၁​သောင်း" ကျေ​ပျာက်​ခြင်းသည်​ မှု​လောက်​စရာ မဟုတ်​သဖြင့်​ သတိထားမိချင်​မှ ထားမိမည်ဖြစ်​​ပေသည်​။ သတိထားမိသည်​ဆိုအုံး​တော့ အရူးမီးဝိုင်း ပြန်​လိုက်​ရှာ​နေမည်​ မဟုတ်​​ပေ။ ထို​ငွေ ၁​သောင်းက သူ့စိတ်​နှလုံးအား မည်​သို့မှ ထိရှ​စေနိုင်​မှု ရှိလိမ့်​မည် မဟုတ်​​သော​ကြောင့်​ ဖြစ်​သည်​။

ဒါကိုမှ ဆင်းရဲသား အား "တစ်​​သောင်း ​ပျောက်​တာခြင်း အတူတူကို အကဲပို ပြာယာခတ်​ရှာ​နေရသလား . . ​ယောကျာ်း မဟုတ်​ဘူးလား "ဟူ၍ အပြစ်​ဆိုလို့ ရပ့မည်​လား ? လူချမ်းသာကိုလည်း "ပိုက်​ဆံ ၁​သောင်း ကျ​ပျောက်​တာကို ဘာလို့ ပြန်​မရှာတာလဲ. နှ​မြောစရာကြီး" ဆိုပြီး အပြစ်​တင်​​ဝေဖန်​လို့ သင့်​ပါမည်​လား ? သူ့မှာက ​ပေါများလှသည်​​လေ . . . . ။

လူတိုင်းသည်​ သူတို့​နေထိုင်​ရှင်​သန်​ ဖြတ်​သန်းရ​သော ဘဝအလိုက်​ ခံနိုင်​ရည်​အားနှင့်​ အယူအဆများ ကွဲပြားခြားနိုင်​သည်​။ ဖြစ်​စဉ်​တူတစ်​ခုကို ကြုံ​တွေရ​သော်​လည်း ​ဖြေရှင်းပုံ ရင်​ဆိုင်​ပုံ တူချင်​မှတူ​ပေလိမ့်​မည်​။

ဒူး​ထောက်​​ငွေ​ကြွေး​နေသူ တစ်​ဦးအား အားနည်းလှချည့်​လား ? ဆိုပြီး မနှိမ်​သင့်​ အပြစ်​မ​ပြောသင့်​​ပေ။ သူ့မှာလည်း သူ့ဘဝနဲ့ သူ့အ​နေအထားအရ သူ့ခံနိုင်​ရည်​ ရင်​ဆိုင်​နိုင်​စွမ်း အတိုင်းအတာက ​သေးငယ်​​နေနိုင်​​ပေသည်​​လေ။ နားလည်​​ပေးသင့်​​ပေသည်​။

ဟိုးအထက်​မှာ ​ပြောခဲ့သလိုပဲ ​မြေပြန့်​က လူ​တွေ ပူလိုက်​တာ အိုက်​လိုက်​တာ မ​နေနိုင်​ဘူး ဘာညာ ​ပြော​နေကြချိန်​မှာ ကိုယ်​က ​တောင်​တန်း​ဒေသ သစ်​ရိပ်​ဝါးရိပ်​မှာ ​နေ​နေရတယ်​ဆိုပြီး "​မြေပြန့်​က ​ကောင်​​တွေ အသည်းငယ်​လိုက်​တာ အပို​ပြောလိုက်​တာ . . " ဆိုပြီး ​တွေးမြင်​​ အပြစ်​တင်​​နေ၍ မဖြစ်​​ပေ။

သြော်​ . . .ပူရှာ​မှာ​ပေါ့ . . . သူတို့ ​နေရာ သူတို့​ဒေသမှာ ငါ ​ခုချိန်​​နေ​နေရရင်​လည်း သူတို့လိုပဲ ခံစား​နေရမှာ. . သူတို့​တွေ အပူသက်​သာ​အောင်​ "မိုးရွာပါ​စေ. . . ​အေးမြပါ​စေ" ဆိုပြီး ကိုယ်​ချင်းစာစိတ်​​လေး ထားလိုက်​ကာ ​မေတ္တာနဲ့ ​​ မျှမျှတတ ချင့်​ချိန်​​တွေးသင့်​သည်​။

ထို့​ကြောင့်​ ဖြစ်​စဉ်​တစ်​ခု ကြုံရဆုံရ ​ဖြေရှင်း အ​ဖြေရှာရပြီဆိုလျှင်​ . . အမှားအမှန်​ ခွဲခြား မည်​ဆိုပါက
ကိုယ့်​ဘက်​ချည့်​ ကိုယ့်​အမြင်​ချည့်​ မဟုတ်​ဘဲ သူ့ဘက်​ သူ့အမြင်​ သူ့အ​နေအထားက​နေလည်း ပြန်​လှည့်​​တွေးသင့်​​ပေသည်​။

အဘယ့်​​ကြောင့်​ဆို​သော်​ တစ်​ချို့အရာများသည်​ အတူတူ​တော့ အတူတူ​ပေမယ့်​ မတူကွဲပြားခြားနာတတ်​သည်​မို့ ကိုယ်​ချင်းစာစိတ်​​လေး ထား​ပေးဖို့ လိုတတ်​သည်​မို့ပါ​လေ . . . ။

MSC 253
@masterinnwa

H2
H3
H4
3 columns
2 columns
1 column
Join the conversation now