Sagaing Fruit (Part-4)

စစ်ကိုင်းသီး (or) တရုတ်ဇီးသီးအကြောင်း (အပိုင်း-၄)

Hello , all steemit member .

တရုတ်ဇီးသီး ရရှိချိန်တွင် အပင်ပြတ်လည်း မရောင်း ကိုယ်တိုင်လည်း
မခူးဆွတ်နိုင်ကြသည့် သက်ကြီးရွယ်အိုများ ဝန်ထမ်းများသာ ရှိသည့် မအားလပ်ကြသည့် အပင်ပိုင်ရှင်များကတော့ အပင်၌ "မည်သူမဆို လာရောက်ခူးဆွတ်စားသောက်နိုင်ပါသည် " ဟူသည့် ဆိုင်းဘုတ်ပင် ချိတ်ဆွဲ ထားကြပါ
သည်

image

တရုတ်ဇီးသီး ကို စစ်ကိုင်းသီး ဟုခေါ်ကြသည် မှာ တရုတ်ဇီးသီးပင်များသည် စစ်ကိုင်းမြို့ တွင်အများဆုံး ပေါက်ရောက်သောကြောင့် စစ်ကိုင်းသီးဟု
ခေါ်ကြခြင်း ဖြစ်ပါသည်

ယခုအခါတွင်တော့ တစ်ခြားနယ်များတွင်ပါ စိုက်ပျိုး ဖြစ်ထွန်းလာပြီး ဒေသ အခေါ် ဝေါ်ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြားစွာ ခေါ်တွင် ကြပါသည်

စစ်ကိုင်းမြို့ တစ်မြို့လုံး ရှိအိမ်တိုင်းနီးပါးတို့တွင် တရုတ်ဇီးသီးပင်များ ရှိကြပါတယ်အလေ့ကျပေါက်သည့် အပင်များရှိသလို စနစ်တကျ စီးပွားဖြစ် စိုက်ပျိုး
သူများလည်း ရှိပါတယ်

ကျမတို့ငယ်စဉ်အချိန်တုန်းကတော့ ယခုလို တရုတ်ဇီသီး ရသည့် အချိန်များ
တွင် အသီးရင့်မှည့်ပါက ခူးဆွတ်၍ အိမ်နီးနားချင်းများအား လက်ဆောင်ပေး
တနယ်တစ်ကျေး ရှိဆွေမျိုးသားခြင်းများအား ရထား ကားဂိတ်တို့မှနေ၍
လက်ဆောင်ပို့ပေး ဝေငှပေး ပြီး တရုတ်ဇီးသီးပင် မရှိသည့် အိမ်ပင်လျင်
အဝစားကြရပါတယ်

နောက်ပိုင်းတွင် ဟိုတစ်မြို့ သည်တစ်နယ် လက်ဆောင်များပေးရာမှ စတင်ကာအခြားမြို့နယ်များတွင် စိုက်ပျိုး ကြည့် ကြရာ မှ တစ်ချို့နေရာများ၌ အပင်
ဖြစ်ထွန်း အသီး ထွက်ရှိလာကြပါသည်

ယခုဆိုလျင် စစ်ကိုင်းမှထွက်ရှိသည့် တရုတ်ဇီးသီး များအား တရုတ်ပြည်တွင်
မျိုးစေ့ ထုတ်စိုက်ပျိုးထားပြီး တနှစ်ပတ်လုံး တာရှည်ခံစေရန် ဆေးဝါးများဖြင့်
ပက်ဖျန်းထားသော တရုတ်ပြည် မှလာသည့် တရုတ်ဇိးသီးများသည်
မြန်မာပြည် သို့ပင်ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါသည်

တရုတ်မှ ဝင်ရောက်လာသော တရုတ်ဇီးသီးမှာ စစ်ကိုင်း မှတွက်ရှိသောတရုတ်ဇီးသီးထက် ပုံသဏ္ဌာန်တူပြီးအရွယ်အစား ကြီးသော်လည်း အရသာမှာ
မတူပါ

စစ်ကိုင်းမှထွက်သော တရုတ်ဇီးသီးသည် ချိုပြီး အရသာကောင်းကာ လူတိုင်းနှစ်ခြိုက် ကြပါသည်
တရုတ်ဇီးသီး ရရှိသည့် အချိန်သည် ဝါဆိုလ ဝါခေါင်လ မှ နောက်အကျဆုံး
တော်သလင်း လလောက်ထိသာ ရရှိစေနိုင်ပါသည်

တရုတ်ပြည်မှလာသော တရုတ်ဇီးသီး များသည် ရောင်းတန်းဝင် အသီးချော
သော်လည်း အရသာမှာ အချိုဓာတ် ပါဝင်မှု နည်းပါးပြီး အရသာလည်း မရှိပါ
ဆေးဝါးများဖြင့် တားရှည်ခံစေရန် ပြုပြင်ထားပြီး တစ်နှစ်ပတ်လုံး ရရှိစေနိုင်ပါသည်

ထို့ကြောင့် တရုတ်ဇီးသီး ဝယ်ယူစားသောက်မည် ဆိုပါက တရုတ်ဇီးသီး
ထွက်ရှိချိန် ဝါဆို ဝါခေါင်လ တို့တွင် ရရှိပြီး အရသာမြည်းကြည့်ပါက ချို နစ်
နေပါ မှ စစ်ကိုင်းမြို့ မှ ထွက်ရှိသည့် တရုတ်ဇီးသီး ဖြစ်ပါသည်

image

တရေုတ်ဇီးသီး စားသုံးခြင်းဖြင့် ရရှိစေနိုင်သောကျန်းမာရေးအကျိုး ကျေးဇူးများ
ကတော့

  • နှလုံးကိုကျန်းမာစေတယ်

  • ဦးနှောက်ကို ကျန်းမာစေပါတယ်

  • မျက်လုံးကိုကျန်းမာစေပါတယ်

  • အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်ပါတယ်

  • အသားအရေကိုနုပျိုစေပါတယ်

  • အမြင်အာရုံကိုကောင်းမွန်စေပါတယ်

  • သွားနဲ့သွားဖုံးကိုလည်းကျန်းမာစေပါတယ်

-ကိုယ်ခံအားစနစ်ကိုကောင်းမွန်​ စေပါတယ်

  • အရိုးသန်မာစေပါတယ်

  • ခံတွင်းဆိုင်ရာ ပြဿဿ နာ တွေကိုလည်းဖြေရှုင်း ပေးနိုင်ပါတယ်

ချိုပါသည် အရသာရှိပါသည် ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကတာ့ တရုတ်ဇီးသီးကို အများအပြားမစားသင့် ဟု သိရှိရပါသည်
တရုတ်ဇီးသီးတွင် အပူဓာတ်မြင့်မားစွာ ပါဝင်သည့်အတွက် သန္ဓေသားမူမမှန်တာ မျိုး ဖြစ်စေနိုင်သည် ဟု သိရှိရပါသည်

တရုတ်ဇီးသီး တွင် ဗီတာမင် C မြင့်အားစွာပါဝင်ပါသည်

တရုတ်ဇီသီးတွင် ကြေးနီဓါတ်ပါဝင်သည့်အတွက် စားပေးသင့် တဲ့အသီးတစ်မျိုးဖြစ်ပါသည်

ကြေးနီ ဓာတ်ပါဝင်မှုနည်းရင် အရိုးပွရောဂါ အရိုးပျော့ရောဂါ ဖြစ်နို်င်ချေ များပါတယ်

ထို့ကြောင့် တရုတ်ဇီး သီးမှာ ကြေးနီဓာတ်မြင့်မားစွာပါဝင်သည့်အတွက် အရိုးကျန်းမာရေးအတွက်စား ပေးသင့်ပါတယ်

အအေးမိ ဖျားနာတာမျိုးအလွယ်တကူ ဖြစ်ပေါ်မှုကိုကူညီပေးနိုင်ပါတယ်

အစာအိမ်နာခြင်း အိပ်မပျော်ဖြစ်ခြင်း သတိမေ့ခြင်း များ ကိုလည်းသက်သာ
ပျောက်ကင်းစေပါတယ်

သွေးကိုအဟာရဓာတ် ဖြည့်ပေးနိုင်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်

သံဓါတ်မြင့်မားစွာပါဝင် ပြီးသွေးအားနည်းရောဂါဖြစ်ပွားမှု ကိုကာကွယ်ပေးနိုင်ပါတယ်

တရုတ်ဇီးသီး သည်အလှအပ အတွက်လည်းအထူးကောင်းမွန်စေတဲ့ အသီး
ဖြစ်ပါသည်

စစ်ကိုင်းသီး ခေါ် တရုတ်ဇီးသီး ၏ အကြောင်း အား ဗဟုသုတလ ရရှိစေရန်
နှင့် ကျန်​မာ​ရေးနဲ့လှပစေဖို့ Organic Fruid ဖြစ်တဲ့ တရုတ်ဇီးသီး ကို စားသုံး ပေးသင့်ကြောင်း ရေးသားမျှဝေ လိုက်ရပါသည်

@mamamyanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now