Altar , Recitation and Devotees ( Part - 1)

ဆွမ်းတော်ကြီး အာရုံတော် ဝတ်အသင်း (အပိုင်း - ၁)

Hello , all steemit member.

image

စစ်​ကိုင်းမြို့တွင် ဝါးတွင်းကာလ ဘုရားပွဲ​တော်​များ၊သာမက ဘဲ ဘာသာရေးပွဲ အခမ်းအနားများတွင် ထူးခြားသော ရိုးရာအစဉ်အလာဖြင့် လုပ်ဆောင်လျက်ရှိကြသော ရပ်​ကွက် ​ဆွမ်း​တော်​ကြီးအရုဏ်​တော် ဝတ် အသင်းများနှင့်​ ​အ​ကြောင်း ဗဟုသုတ ရရှိစေရန် ရေားသားလိုက်ပါသည်

"အရုဏ်စစ်ကိုင်း သင်္ကြန်မန္တလေး"ဟုသောစကားအရ အရုဏ်တော်ဝတ်အသင်းဆိုရင်အခြားမြို့ များထက်စစ်ကိုင်းအရုဏ်တော်များသည်သာလွန်လှပါသည်

image

စစ်ကိုင်းမြို့ရှိအရုဏ်တော်ဝတ်အသင်းအချို့သည် မြန်မာသက္ကရာဇ် ၁၁၀၀ပြည့်နှစ်ဝန်းကျင်ခန့်မှစတင်ပေါ်ပေါက်ခဲ့ပါသည်
နာင်သောအခါမြန်မာသက္ကရာဇ်၁၁၅၆ခုနှစ် ဘိုးတော်ဦးဝိုင်းလက်ထက်တွင် ကျေးရွာဇနပုဒ်များပါမကျန် အရုဏ်တော်ဆွမ်းကပ်လှူ သည့်ဓလေ့စတင်ခဲ့ကြပါသည်

စစ်ကိုင်းမြို့ရှိ ရပ်ကွက်အရုဏ်တော်ဆွမ်းတော်ကြီး ဝတ်အသင်းများသည် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပသည့် စေတီပုထိုးများ ဘာသာရေး အခမ်းအနားပွဲများ အလှူတော် မင်္ဂလာပွဲများ ဘုရားထီးတော်ပင့်ဆောင်ခြင်း တင်လှူ ခြင်းအခမ်းအနား များ သိုဖိနပ်မပါ ခြေလျင်ဖြင့်  ပိတ်ဖြူ စင်ကျယ်များ တူညီစွာဝတ်ဆင်ထားကြသော ဆွမ်းတော်ကြီး အဆောင်အယောင် ပစ္စည်းများစုံလင်စွာ သာဿ နာ့ အလံများ လွင့်ထူလျက် ဆွမ်းတော်ကြီးအာရုံတော် ဝတ်အသင်းများမှ သွားရောက်ကပ်လှူ ပူဇော် လေ့ ရှိကြပါသည်

စစ်ကိုင်းမြို့၏ ဆွမ်းတော်ကြီးကပ်လှူသည့် ဓလေ့သည် (၁၁၅၆)ခုနှစ်၊ ဘိုးတော်ဘုရားလက်ထပ်က စတင်ခဲ့ပြီး " ဥသြမြည်ဟီး - ဆွမ်းတော်ကြီး " ဟု
ပေါရာဏလင်္ကာ ဖြင့် အမှတ်အသားပြုခဲ့ကြသည် ဟု ဆိုပါသည်

image

ဘိုးတော်ဦးဝိုင်းလက်ထပ်တွင် မိုးခေါင်ရေရှားကာ တိုင်းသူပြည်သားများ အငတ်ဘေးနှင့် ကြုံတွေ့ကြရသဖြင့် ဆရာတော်၊ သံဃာတော်များ၏ မိန့်ကြားမှုကြောင့် နန်းတွင်းရှိ မင်းညီ မင်းသားများအား ဘုရားစေတီပုထိုးများတွင် ဆွမ်းတော်ကပ်စေခြင်း သံဃာတော်များအား စာရေးတံမဲများ လောင်းလှူ စေခြင်း မှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်

ဘကြီးတော်မင်းလက်ထပ်တွင် ဆွမ်းတော်ကြီးအသင်းများ၏လှုပ်ရှားမှု ရပ်ဆိုင်းသွားခဲ့သော်လည်း သက္ကရာဇ် (၁၁၉၉) ခုနှစ် သာယာဝတီမင်းလက်ထပ်တွင် ဆွမ်းတော်ကြီးအသင်းများကို မင်းညီမင်းသား၊ နန်းတွင်းအဝတ်အစား အသုံးအဆောင်များနှင့် လှည့်လည်ပူဇော်သည့် အစဉ်အလာ စတင် စေခဲ့ပါသည်

မင်းတုန်းမင်းလက်ထပ်တွင် ဆွမ်းတော်ကြီးအသင်းများ ပိုမိုတိုးတက်လာခဲ့ပြီး သီပေါမင်း ပါတော်မူပြီး (၉)နှစ်တာမျှ ပြန်လည်ပျောက်ကွယ်သွားခဲ့ ပြီးနောက် သက္ကရာဇ် (၁၂၅၆) ခုနှစ်တွင် ရွှေဘိုမြို့ဝန် စာရေးဦးမူ၏ ဦးဆောင်မှုဖြင့်
စစ်ကိုင်း ရွှေဘို အင်းဝ အမရပူရ မန္တလေး စသည့် မြို့များတွင် ဆွမ်းတော်ကြီးအာရုံတော် ဝတ်အသင်းများကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကြပါသည်

…… ဆက်ရန် ……

@mamamyanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now