1'Years Anniversary on "Steemit"

Steemit တွင် တစ်နှစ်ပြည့်မြောက်ခြင်း

Hello , all steemit member .

ဒီနေ့ဟာဆိုရင် ကျမ steemit account ရရှိ ပြီး steemit plaform
ပေါ်တွင် ဝင်ရောက်အသုံးပြု သုံးစွဲခဲ့သည် တစ်နှစ်ပြည့်မြောက်သောနေ့
ဖြစ်ပါသည်

image

လွန်ခဲ့သောနှစ် 2017 ခုနှစ် jun လ 30 ရက် နေ့ တွင် fb သုံးရင်း
steemit မှာ နေ့စဉ်ဝင်ငွေရှာကြမယ် ဆိုတဲ့ ကိုဥာဏ်လင်း တင်ထားတဲ့
post လေးကို ကျမရဲ့ wall ပေါ်မှာတွေ့ရှိခဲ့ရာမှ စတင် account ဖွင့်ခဲ့ပီး လေးရက်မြောက်နေ့ july 4 ရက်နေ့ မှာမှ ကျမရဲ့ mail ထဲတွင်
steemit password ကျလာပြီး steemit account ရရှိကာ စတင်
အသုံးပြု ခဲ့ပါတော့တယ်

steemit မှာစတင်ဝင်ရောက်ခဲ့ချိန်ကတော့ မှတ်မှတ်ရရ ရှိလှပါတယ်
လွန်ခဲ့သော နှစ် များတွင် ကျမသည် online ငွေရှာ site မျာစွာတွင်
ဝင်ရောက် လုပ်ကိုင်နေသောကြောင့် free site , invest site , coin
တွေ့မြင်သမျှ အားလုံး ဝင်ရောက် လုပ်ကိုင် account ဖွင့် invest လုပ်
မြင်တွေ့သမျှ ကောင်းနိုးရာရာ လုပ်နေချိန် ဖြစ်ပါတယ်

2017, jun 30 ရက်န့ နနက်စောစော 2:00 AM အချိန် ဝေလီဝေလင်းအချိန် တွင် သွားစရာကိစ္စတစ်ခု ပေါ်လာသည့်လအတွက် နံနက်လင်းမှ သွားမည် ဆိုပါကလည်း အလုပ်ပျက်မည်ဖြစ်သောကြောင့် မအိပ်ဘဲ အစောပိုင်း
ခရီးထွက်ခဲ့ရင်း လမ်း၌ ပျင်းပျင်း နှင့် fb ဖွင့် လိုက်တာနှင့် စတင်တွေ့ရှိသော
steemit post ကို အမြင်မှာ online ငွေရှာ group တွေမှာ share
လုပ် ချက်ခြင်း steemit account ထဖွင့် နောက် steemit pass
ကျ မလာတော့မှ post တင်တဲ့ ကိုဥာဏ်လင်း ကို လှမ်းမေး တော့
ချက်ခြင်းပြန်ဖြေ ပေးပါတယ်

steemit pass က 24 hour မှ 5 days ခန့် ကြာ
တတ်ကြောာင်း steemit plaform ရဲ့ လုပ်ဆောင်ပုံ စတာတွေ ကို
မေးသမျှ စိတ်ရှည်လက်ရှည် ဖြေပေး ပါတယ်
ခဏအကြာမှ ကျမလည်း ညနက်ပိုင်းဆိုတာ သတိရ သွားပြီး

"ဟယ် … ငါက ခရီသွားနေရင်း မအိပ်တတ်လို့ လိုင်းဖွင့် သုံးနေတာ
နင်က ဒီအချိန်ထိ လိုင်းပေါ်မှာ မအိပ်သေးဘူးလား… ဟု မေးရာ "
fb မှာ " steemit မှာ ငွေရှာမယ် " ဆိုတဲ့ post တင်လိုက်ကတည်းက
တစ်နေ့လုံး ဘယ်လိုလုပ်ရတာလဲ account ဘယ်လ်ု ဖွင့်ရတာလည်းဟု
မေးနေကြသည့် အတွက် မနက်ဖြန် လုပ်ဆာင်နည်း အသေးစိပ် ကို video ဖိုင် တင်ပးမလို့ လုပ်နေတာအခုထိ မအိပ်ရသေးဘူး … အမ တဲ့လေ
အခုအိမ်တော့မလို့လုပ်တုန်း
အမ မေးထားတာတွေ့လို့ ရှင်းပြနေတာပါတဲ့ အခု အိပ်တော့ မှာပါတဲ့လေ
ကိုဒေလည်း အဲ့ဒီတော့မှ အားနာရမှန်းသိ ပြီး အခုထိမှတ်မိနေပါတော့တယ်

steemit စတင်ခြင်းရဲ့ အမှတ်တရ ကတော့ ညနက်သန်းခေါင် fb သုံးရင်း
steemit plaform ကို စတင်တွေ့ရှိခဲ့ခြင်း လို့ဆိုရမှာ ဖြစ်ပါတယ်

တစ်ခြား online ငွေရှာsite များတွင် ဝင်ရောက်လုပ်ကိုင် ခဲ့ဖူးသည့်
အတွက် steemit account ရရှိချိန်တွင် ခက်ခက်ခဲခဲ မရှိခဲ့သလို
လုပ်ဆောင်ပုံ အသေးစိပ်ကိုတော့ နားမလည်ခဲ့ပါ

steemit မှာ app သုံးလျက်ရကြောင်းသိရသည်နှင့် esteem app အား
ဒေါင်ူလုပ် ဆွဲ ပြီး မြင်မြင်သမျှ follow လုပ် vote ပေး comment မှာ upvoted ဟု ရေး
ရလာသည့် ပြားဂဏန်း ငွေ ကိုမြင်တော့ ဝမ်းသာ ဒါလောက်ပါ
intro ဘယ်လိုရေးရမှန်းမသိ tags ဆိုတာ ဘာမှန်းနားမလည် rp ဆိုတာလည်းမသိ အကုန်လုံး ယောင်ဝါးဝါး တစ်ယောက်သိသမျှ ကျန်တစ်ယောက် ကို မျှဝေရှင်း လက်တွဲခေါ် ရင်းနဲ့စတင်ခဲ့ကြတဲ့ မြန်မာ tag အောက်မှာ steemit လုပ်ဆောင်ကြတဲ့ လူတွေကတော့ ထိုအချိန်က ဆယ်ဂဏန်းသာသာ လောက်သာ ရှိခဲ့ကြတာပါ

အခုချိန်မှာတော့ steemit ရဲ့ myanmar tags အောက်တွင်ဝင်ရောက်
လုပ်ကိုက်နေကြသော လုပ်ကိုင်နေကြသူများ များပြားလာပြီ ဖြစ်သလို
အုပ်စုများလည်း ကွဲပြားလျက် ရှိနေကြပါတော့တယ်

steemit မှာတစ်နှစ် ပြည့်ပြီဆိုတော့ steemit ကနေ ဘယ်လောက်ငွေ
တွေဝင်ထားပြီလဲဟု မေးလျင်တော့ တစ်ပြားနသ်ချပ်မှ မရဘူးသေးဘူးဟု
ဆိုရမှာပါ ရထားသည့် sbd တစ်ချို့ကို coin invest လုပ်ကျိဖူးတာကလွဲ
ရင် ငွေဝင်ရရှိထားခြင်း မရှိသေးပါ steemit စတင်သည့် အချိန် မှစတင်ကာ
ယနေ့ တစ်နှစ်ပြည့်မြောက်သည့် ကာလ အထိ steemit account သို့
ဝင်ရောက်ရန် သုံးဆွဲခဲ့ရသည့် internet ဖုန်း bill ကတော့ ကျပ် ၃-သိန်း
ခန့် သုံးစွဲကုန်ကျထားပြီး ဖြစ်ပါသည်

ဘယ်လိုပင် ဖြစ်ပါစေ steemit တွင် ဝင်ရောက်လုပ်ကိုင်ချိန်မှ စတင်ကာ
post တင်ဖို့ရာအတွက် စာရေးရပါတာ့တယ် စာရေးဖို့ရာအတွက်ဆိုရင်လည်း ကိုယ်ရေးသားချင်တဲ့ အကြောင်းအရာ ဗဟုသုတ တို့ရရှိစေရန်
စာဖတ်ရပါတယ် တစ်ခြားသူတွေ တင်ထားတဲ့ post တွေကိုဖတ်ရာတွင်လည်း ဗဟုသုတများစွာ အသိပညာ များစွာတွေ ကိုလည်း ရရှိစေတဲ့ အတွက်
steemit plaform ဆိုတာ ငွေရှာယုံ သက်သက် site တစ်ခု မဟုတ်ဘဲ
အသိဥာဏ်ပညာ တိုးပွားလာစေမယ့် နေရာတစ်ခု အဖြစ် ယုံကြည်ရင်း
ရှေ့ဆက် လျောက်လှမ်းသင့်တဲ့နေရာတစ်ခုအဖြစ် မှတိယူရင်း

steemit မှာ တစ်နှစ်တာ ကို ရေးသားလိုက်ရပါသည်

@mamamyanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center