👑🗽လူတစ်​​ယောက်​ရဲ့ တန်​ဖိုး 🗽👑

👑🗽လူတစ်​​ယောက်​ရဲ့ တန်​ဖိုး 🗽👑



သင့်ကိုမချစ်နိုင်တဲ့သူတစ်ယောက်ကို အတင်းကြီးတွယ်ကပ်မနေပါနဲ့

သူတို့ဟာ သင်ထင်သလို

တန်ဖိုးမကြီးလှပါဘူး



တန်ဖိုးဆိုတာ

သင့်စိတ်က သတ်မှတ်​နေတာပါ ပိုင်ဆိုင်လိုစိတ်ကြီးမားလာတာနဲ့

အမျှတန်ဖိုးက တက်လာပါတယ်

ပိုက်ဆံနှစ်ရာလောက်သာတန်တဲ့ ဖောင်တိန်တစ်ချောင်းကို

တန်ဖိုးကြီးတယ်လို့

သတ်မှတ်လိုက်တာနဲ့

ဖောင်တိန်ရဲ့ တန်ဖိုးဟာ

 မြင့်တက်သွားနိုင်ပါတယ်



သင်ဟာ လူတစ်ယောက်ကို အရမ်းပိုင်ဆိုင်လိုချင်ပြီဆိုတာနဲ့

သင်ဟာသူ့အပေါ်မှာ

တန်ဖိုးထားလာပါပြီ

သူ့ကို ပိုင်ဆိုင်လိုက်တာနဲ့

သင့်ဘဝဟာ ပြီးပြည့်စုံပြီလို့

 ထင်ကောင်းထင်လာနိုင်ပါတယ်



အဲ့လိုထင်လိုက်မယ်ဆိုရင်

သင့်ဘဝထဲကို

စိတ်ညစ်စရာတွေ

အလုံးအရင်း ဝင်လာနိုင်ပါတယ်

ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့အရာကို

ပိုင်ဆိုင်ခွင့် မရတော့ဘဲ

ပျက်စီးဆုံးရှုံးသွားမှာကို မခံစားနိုင်ကြပါဘူး



အခုလက်ရှိတန်ဖိုးထားတဲ့ အရာတစ်ခု ပျောက်သွားတယ်ဆိုရင်ဘဲ

ဘယ်လို ခံစားရမလဲ

ဖုန်းအသစ်လေးတစ်လုံး ဝယ်လာပြီဆိုရင်

အဲ့ဒီဖုန်းလေး ပျက်စီးသွားမှာ

ကွဲသွားမှာကို သေမလောက်အောင် ကြောက်နေပါလိမ့်မယ်



သင့်ဖုန်းလေးကို သေချာထိန်းသိမ်းဖို့ အမြဲတမ်းစဉ်းစားနေရပါပြီ

သင့်စိတ်တွေဟာ အရင်ကလို လန်းဆန်းမှုမရှိတော့လောက်အောင် ဖြစ်လာနိုင်ပါတယ်

သင့်ရဲ့လွတ်လပ်မှုတွေ

ပျောက်ဆုံးလာပါလိမ့်မယ်



 လူတစ်ယောက်ကို ချစ်မိလို့

သူ့အပေါ်မှာ တန်ဖိုးထား

လာပြီဆိုရင်

သင့်စိတ်ထဲမှာ

သူနဲ့ပတ်သက်ပြီး သဝန်တိုမှုတွေ

 စိတ်ချုပ်ထွေးမှုတွေ၊ ခံစားရတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်

အဲ့ဒီအခါ သင့်ရဲ့ပျော်ရွှင်မှုတွေဟာ

အဝေးကို လွင့်ထွက်သွားပါလိမ့်မယ်



လူတစ်ယောက်အပေါ်မှာ

ချစ်လို့ရပါတယ်

တန်ဖိုးလည်းထားရပါမယ်

အရမ်းကြီးတန်ဖိုးထားမိရင်တော့ သင်အမှားကြီးမှားသွားလိမ့်​မယ်

တကယ်ပိုင်ဆိုင်ခွင့်ရလာတဲ့

တစ်နေ့မှာ သူဟာ သင်ထင်သလို အရမ်းကြီးတန်ဖိုးမကြီး ဘူးဆိုတာ





သင်ဟာ ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်နေပါစေ

တန်ဖိုးမသိတတ်တဲ့သူကတော့

သင့်ကို တန်ဖိုးမထားပါဘူး



 ကိုယ့်ကိုတန်ဖိုးမထားရကောင်းမလား

ဆိုပြီး ဒေါသထွက်တာ

စိတ်ဆင်းရဲတာမျိုးတွေ မဖြစ်ပါစေနဲ့

တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့စိတ်နဲ့ပဲ

ဆိုင်တယ်ဆိုတာ နားလည်ထားပါ



⭐🏩💒 တန်​ဖိုးရှိ​အောင်​​နေပါ ⭐🏩💒

🗽👑 တန်​ဖိုးရှိတဲ့သူကိုလည်းတန်​ဖိုးထားပါ 🗽👑 image

Follow me

@mamaeainjal

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center