☺🌹 ကိုယ့်အကြောင်းကိုယ်သိရင်ရပါပြီ 🌹☺

☺🌹 ကိုယ့်အကြောင်းကိုယ်သိရင်ရပါပြီ 🌹☺



လူဆိုတာ

တန်ဖိုးရှိလာလေ တိတ်ဆိတ်လေပဲ

တန်ဖိုးမဲ့လာလေ  ဆူညံလေပဲ



လူဆိုတာ

မြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ

ယုတ်နိမ့်လာလေ ဘရုတ်ကျလေပဲ



လူဆိုတာ

သီလရှိလေ စကားနည်းလေပဲ

သီလမဲ့လေ စကားများလေပဲ



လူဆိုတာ

အမှားများလာလေ ဖုံးဖိနေရလေပဲ

အမှားနည်းလာလေ

 တည်ငြိမ်အေးချမ်းလာလေပဲ



လူဆိုတာ

အလိုကြီးလေ  ရန်သူပေါလေပဲ

အလိုနည်းလေ  မိတ်ဆွေပေါလေပဲ



လူဆိုတာ

အတ္တကြီးလေ  ခက်ထန်လာလေပဲ

အတ္တနည်းလေ မျက်နှာချိုအေးလေပဲ



လူဆိုတာ

စိတ်ထားကောင်းလေ ခွင့်လွတ်နိုင်လေပဲ

စိတ်ထားပုတ်လေ အငြိုးအာဃာတကြီးလေပဲ



ကိုယ့်သိက္ခာ ကိုယ်ယုံရင်

ဘယ်သူ့ကိုမှ ကြောက်စရာမလို ပါ ဘူး



ကိုယ့်အရည်အချင်း ကိုယ်ယုံရင်

ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာမလို ပါဘူး



ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင်

ဘယ်သူ့ကိုမှ ရှင်းပြစရာမလို ပါဘူး



ကိုယ့်စေတနာ ကိုယ်မှန်နေရင်

ဘယ်သူ့ကိုမှ ဟန်လုပ်စရာမလိုပါ ဘူး



ကိုယ့်အကြောင်း ကိုယ်သိနေရင်

ဘယ်သူ့ကိုမှ ကြွားပြောနေစရာမလို ပါ ဘူး



သီလမလုံတဲ့သူက

လူတိုင်းကို ကြောက်နေရတတ်တယ်



အရည်အချင်းမရှိတဲ့သူက

ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်တယ်



ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့သူက

သူများကို မယုံမကြည်ဖြစ်တတ်တယ်



ကိုယ့်စေတနာ မမှန်တဲ့သူက

စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်



ကိုယ့်အကြောင်းကိုယ်

ကောင်းကောင်းမသိတဲ့သူက

သူများသိအောင်  လုပ် နေ ရတတ်ကြတယ်



ဟန်လုပ်ဖို့ မလိုသလို

မာန်တက်ဖို့လည်း မလိုဘူး



ကြွားနေဖို့ မလိုသလို

ဖားနေဖို့လည်း မလိုဘူး



ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ရင်

ဘယ်သူ့ဘယ်သူအပေါ်မှ

မနာလိုဖြစ်စရာမရှိသလို

ကြောက်နေဖို့လည်း မလိုဘူး



💐☺ အရင်းစစ်တော့

ကိုယ့်အကြောင်းကိုယ်သိပြီ

ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ဖို့ပါပဲ ☺💐 image

Follow me

@mamaeainjal

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center