ရေးချင်တဲ့ အကြောင်းအရာတွေ
ခေါင်းထဲမှာ ပြည့်နှက်နေပေမဲ့
ချရေးပြဖို့ ခက်ခဲနေဆဲပဲ ………………
နေဝင်ချိန် အတွေးတို့…………… ရောထွေးယှက်တင်
တိမ်တိုက်တွေ မပီဝိုးတဝါး………… ။
အဝေးက မီးခိုးငွေ့တွေကို ကြည့် ပြီး …………
တစ်ယောက်တည်း စီးမျောနေလိုက်တယ်……… ညနေဟာ
ပိတ်ကားတစ်ချက်လို သက်ဝင်လှုပ်ရှားနေခဲ့ …… ။
ရင်မောစရာတွေ ……………
ခဏတာ မေ့ပျောက်သွားစေခဲ့တဲ့ အရသာလေး ………………
သက်ပြင်းတွေကို အခါခါ ချရင်း ………ငါပြန်ခဲ့ပြီ ……
ဝပ်ကျင်းရှိရာ အမေ့အိမ်ကို …… ။
သဘာဝအတိုင်း စီးမြောနေရင်း…………
ဘယ်လို အဆုံးသတ်မလဲ မသိနိုင်တဲ့ မနက်ဖြန်ပေါင်းများစွာ
ငှက်ကလေးတွေကို အားကျမိတယ် ။ ပျံချင်ရာ ပျံသန်းပြီး တွေ့ရာမှာ နားခိုလိုက်ချင်ရဲ့ ……………
လူ့ဘဝ ဘောင်ထဲမှာ ရုန်းထွက်နိုင်ဖို့ ခက်ခဲဆဲ ………
လူဆိုတာ……………… ဆိုတဲ့ စကားနဲ့ စပြီး
မိန်းကလေးဆိုတာ…… နဲ့……… အလယ်
ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှု့နဲ့ အဆုံးသတ် စကားတွေမှာ
ရုန်းမထွက်နိုင်သေးဘူး ။
မနေ့က သက်ပြင်းနဲ့ ဒီနေ့ သက်ပြင်း ဘယ်ဟာ ပိုကျယ်သလဲ ငါမသိတော့ဘူး ။
အရူးတစ်ယောက်လို လွင့်မြောလိုက်ချင်ရဲ့ …………
ပြောသမျှ စကားတိုင်းဟာ
ခေတ်တိုင်းသုံးနေကျ စကားလုံးချည်ပဲ …………
အသစ်အဆန်း မရှိဘူး ………
ဒါပေမဲ့ …………………………
ထူးဆန်းနေဆဲ ……
ကြောက်ရွံ့နေဆဲ……………
အားငယ်နေဆဲ ………
စိုးထိတ်နေဆဲ…… ။ မနက်ဖြန်ရဲ့ မနက်ဖြန်ပေါင်းများစွာ
နောက်နှစ်ပေါင်းများစွာ …………………
ဘယ်တော့ အဆုံးသတ်မလဲ ………
ဘယ်အချိန် အဆုံးသတ်မလဲ……………
ဘယ်လို အဆုံးသတ်မလဲ……………
ဘယ်မှာ အဆုံးသတ်မလဲ …………
ဘာနဲ့ အဆုံးသတ်မလဲ ………
ဘာဆက်ဖြစ်မလဲ ……………
တိမ်တွေကို အားကျတယ်
ငှက်တွေကို အားကျတယ်
သဘာဝအတိုင်း စီးမျော လိုက်ချင်ရဲ့…………
ခဏတာ စီးမြောခဲ့သော နေဝင်ချိန် အတွေးများ ……။
Writing by@maeiei
photo by google