မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ သို့ ( အပိုင်း ၁ )

ကျွန်တော် နှင့်အတူ တွေ့ဆုံပွဲ သို့သွားမည့် သူငယ်ချင်း ဆရာသမားများ မှာ ကောလင်းမှ ၆ ယောက် ဝန်းသိုမှ ၁ ယောက် စုစုပေါင်း ၇ ယောက် နှင့် ဝန်းသို ကားဂိတ် တွင် လက်မှတ်ဖြတ်ထားခဲ့ကြပါတယ်။

image

ခရီးထွက်မည့် ၂၂ ရက်နေ့ည ၈ နာရီတွင် အဖွဲ့သားတွေ စုကာ ကားဖြင့် မန္တလေးမြို့သို့ စတင်ခရီးထွက်ခွာခဲ့ကြပါတယ်။
စကားမစပ် တစ်ခုပြောရအုံးမယ်။
ကျွန်တော်က ကားမူးတတ်သေးတယ် ခင်ဗျ။
စီးရမည့်ကား က ရောက်ခဲ့တော့ မှန်လုံ ကားလေး ကျွန်တော်တို့ ဆီ အခေါ် အန်စာတုံး ကားပေါ့ဗျာ။
ဒီက ကားမြင်ကတည်းက မူးချင်နေပြီ ရယ် ။
ထင်ထားတာက ကားကြီးစီးမယ်ပေါ့ဗျာ။

ဒီလိုနဲ့ လိုက်ခဲ့လိုက်တာ ကျွန်တော့် ဘေး နှစ်ယောက်ကျော်က အန်တီ က ကားမူးလိုက်တာ စထွက်ကတည်းကပဲ။ထိုး အန် နေတာကလည်း ကျွတ်ကျွတ်အိတ် တစ်အိတ် ပြီး တစ်အိတ် ပါပဲ။
အစကတည်းက မနည်းထိမ်းနေရတဲ့ ကျွန်နော်လည်း ဆွဲပီလေ ။
ညနေကို ဝါးထားတဲ့ အဟာရ တွေ ကုန်သွားမှ ပဲ နည်းနည်း သက်သာရာ ရတော့တယ်။ အိမ်အပြန် ကို ရထားစီးပြီး ပြန်မယ် လို့စဉ်းစားမိသေးတယ်။

ဒီလိုနဲ့ တစ်လမ်းလုံး မူးမူးနဲ့ အိပ်ပြီး လိုက်လာခဲ့တာ နောက်တစ်နေ့ 24 ရက်နေ့ မနက် ၆ နာရီ ရောက်တော့မှ ကျွန်တော်တို့ နေမယ့် ကနောင် ခန်းမကြီးရှေ့ ကို ရောက်လာတော့တယ်။

image

ခန်းမထဲကို လှမ်းကြည့်လိုက်တော့ ကိုယ့်ထက်အရင် ရောက်နေတဲ့အဝေးက ဆရာ တွေကို တွေ့ရတယ်လေ။
ဒါနဲ့ ကျွန်တော်တို့ အဖွဲ့လည်း အထုတ် ကိုယ်စီဆွဲ လို့ ခန်းမထဲ ဝင်ခဲ့ကြပါတယ်။

အရင်ရောက်နှင့်နေတဲ့ ဆရာတွေက နေရာပေးလို့ အဆင်ပြေတဲ့နေရာမှာ နေရာ ချထားခဲ့ကြပါတယ်။
ခနနေတော့ နေရပ်လိပ်စာ ပေးပြီး စရင်းပေးကြရပါတယ်။
အနယ်နယ် အရပ်ရပ်က ဆရာတွေ စုပေါင်းပြီးတွေ့နေရတာ အများကြီးရယ်။

image

ကိုယ့်ရဲ့ Facebook မှာ Friend ဖြစ်နေတဲ့ ဆရာတွေတောင် အပြင်မှာ တစ်ခါမှ မတွေ့ဘူးတော့
တစ်ယောက်နှင့်တစ်ယောက် မမှတ်မိကြပါဘူး။
ကျွန်တော့် Facebook အကောင့်က ဘာ နာမည် ပါဆိုပြီး မိတ်ဆက်ကြမှ တစ်ယောက်နှင့်တစ်ယောက် သိကြတာ။
မြင်ရတဲ့မြင်ကွင်းတွေက ပျော်ရွှင် ကြည်နူး စရာ ကောင်းလှပါတယ်။

image

မတ်လ ၂၂ရက်နေ့ထုတ်သတင်းစာမှာ ဖိတ်ကြားထားပုံ

ကျွန်တော်လည်း ညနေမှ ကနောင် ခန်းမ မှာ အစုံ ဆိုတော့ ညီ ဘွဲ့ယူဖို့လိုက် လာတဲ့ အမေ အဖေ နှင့် တွေ့ဖို့ အဖော်တွေကို ပြောပြီး သွားတွေ့လိုက်ပါတော့တယ်။

အပိုင်း ( 2 ) ဆက်ရန်

@lwanwai
Photo - FB image
msc - 045

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center