PSI S2AEC HD User များအတွက် သတင်းကောင်းလေး

ဒီ တစ်ခေါက်ပြောပြပေးမှာကတော့
PSI AEC HD စက်သမားများအတွက် အကျိုးရှိစေမဲ့ အကြောင်းလေးဖြစ်ပါတယ်။

image

ဘာအကြောင်းလဲဆိုတော့ ခု အချိန်ကြည့်လို့ရနေတဲ့ Free လွင့်နေတဲ့ မြန်မာစာတန်းထိုး ရုပ်ရှင်
လိုင်း ထည့်သွင်းနည်းလေးပဲဖြစ်ပါတယ်။
လိုင်းကတော့ 4TV ကနေ လောလောဆယ် Free လွင့်ပေးနေတဲ့ Canal + Action Movies လိုင်းဖြစ်ပါတယ်။
မြန်မာ စာတန်းထိုး နိင်ငံခြား ဇတ်လမ်းတွေကို အခွန်မဆောင်ရပဲ တစ်ဝ ကြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။
PSI စက်မှာ မပါတဲ့အတွက် သီးသန့်လိုင်းကို ထည့်သွင်းကြည့်ရမှာဖြစ်ပါတယ်။

ကဲ ထည့်သွင်းနည်း ကို ပြောပြပေးပါ့မယ်ဗျာ ။

မိမိ စက် Remote Control မှ Menu ကိုနိပ်ပါ။

image

password 4 လုံးပေါ်နေပါလိမ့်မယ်။
သုံည ၄ လုံးရိုက်ပြီး ဝင်လိုက်ပါ။

image

သက်ဆိုင်ရာ system တွေ ကျလာပါလိမ့်မယ်။
ဘာကိုမှ သွားမရွှေ့ပါနဲ့။
Installation ကို သွားပြီး ok နိပ်ပေးပါ။

image

နောက်ထပ် သက်ဆိုင်ရာ စနစ်တွေ ကျလာပါ လိမ့်မယ်။ ဘာမှသွားမနိပ်ပါနဲ့။
TP အသစ်ထည့်ရမှာဖြစ်တာကြောင့် ပုံ အောက်ဆုံးမှာ စာရေးထားတဲ့အတိုင်း မိမိ Remote Control မှ Satmail ဆိုတဲ့ ခလုတ်ကို ရှာ ပြီးနိပ်ပါ။
နိပ်လိုက်သည်နှင့် နောက် စနစ်တစ်ခု ကျခဲ့ပါမယ်။

image

လိုင်းအသစ်သွင်းမှာ ဖြစ်တာကြောင့် ပုံမှာ ပြထားသည့်အတိုင်း
Add အနီရောင် ခလုတ်ကို Remote မှ နိပ်ပါ။

image

ဒီလိုပေါ်လာပါ လိမ့်မယ်။
အပေါ်အကြောင်းမှာ 12520 ကိုရိုက်ပါ။
အောက်အကြောင်းမှာ 25000 ဟုရိုက်ပါ။

အောက်က အကြောင်းမှာ H ကို Remote မှ ဘေးမြှားဖြင့် V ကို ပြောင်းပါ။

image

ဒီလိုဖြစ်လျှင် Save ကိုနိပ်ပါ။

image

ဒီလို အောက်ဆုံးမှာ မိမိ ရိုက်ထည့် လိုက်သော စာကြောင်း ရောက်နေပါလိမ့်မယ်။
အောက် အကြောင်းက Signal မတက်ခဲ့ရင်တော့ မိမိ စလောင်းဗန်းကို အနည်းငယ် ကစားပေးရမှာဖြစ်ပါတယ်။ များသော အားဖြင့် ကစားစရာ မလိုပါဘူး မရမှပါ။

လိုင်းသွင်းတော့မှာ မို့ Scan ကိုနိပ်ရမှာပါ။ Scan မှာ အပြာရောင်ပြထားတာမို့ Remote မှ အပြာရောင် ခလုတ်ကိုနိပ်ပါ။

image

ဒီလိုပြနေပါလိမ့်မယ် ။
ဒါဆို Search ကို နိပ်ပါ။

image

လိုင်း အသစ် တွေကျလာပါပြီ။
ပြီးလျှင် Ok နိပ်ပေးပါ။
ဒီလိုင်းတွေထဲမှာ ဇတ်ကားလိုင်း တစ်လိုင်းထဲပွင့်မှာပါ။

image

ok နိပ်ပြီး ရှာကြည့်လိုက်ပါ ။
698 ဆိုသည့် Channel နံပတ်တွင် မိမိ သွင်းလိုက်သည့် ဇတ်လမ်း လိုင်း အသစ်ကို သွားရောက် ကြည့်ရှု့ နိင်ပါပြီ။

image

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အဆင်မပြေတာများရှိခဲ့ရင်
ကျွန်တော့် Facebook Messenger မှာ လာရောက် မေးမြန်းနိင်ပါတယ် ခင်ဗျာ။
ဒါကတော့ ကျွန်တော့် Facebook linkပါ။

https://www.facebook.com/kaw.lin.31

@lwanwai
MSC - 045
Photo Credit From My Phone

H2
H3
H4
3 columns
2 columns
1 column
Join the conversation now