Photo Outdoor ပညာရေးစုံညီပွဲတော်

Photo Outdoor ပညာရေးစုံညီပွဲတော်

မနေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အင်ငူ ကျေးရွာ မှာ ပညာရေးစုံညီ ပွဲတော်နှင့် ဆုပေးပွဲ အခမ်းအနားကို သွားပြီး ဓာတ်ပုံ ရိုက်ပေးဖြစ်ပါတယ်။ အဲ့ဒီ ရွာ ကျောင်းကတော့ ကျွန်တော့် အမျိုးသမီး ကျောင်း ဆရာမ အနေဖြင့် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းပဲဖြစ်ပါတယ်။

wdh6cy8j9j.jpg

ကျွန်တော် တို့မှာ မနက် ဝေလီဝေလင်း အချိန်ကထဲက အိပ်ယာမှ ထ ပြင်ဆင်ပြီး စောစော ကျောင်းသို့ ထွက်ခဲ့ကြပါတယ်။ ကျောင်းရောက်လို့ မှ မကြာသေး အရုပ်သည် ရောက်လာလို့ သားတော်မောင် က နားပူ နားဆာဖြင့် ကား ဝယ်ခိုင်းနေလို့ ဈေးဦးပေါက် 6000 ဖိုး ကုန်သွားပါတယ်။ မဝယ်ပေးလို့ကလည်းမဖြစ်ပေ ကျွန်တော်တို့ အလုပ်ရူပ်နေတဲ့နောက် တစ်ကောက်ကောက်လိုက်ပူဆာနေတာကိုး ခင်ဗျာ။

6mut19q2z0.jpg

ဒီလိုနဲ့ တစ်နေ့လုံး တစ်မနက်လုံး လုပ်ပေးစရာ ပြင်ဆင် စရာတွေ ရှိတာ ပြင်ဆင်ပေးပြီးသည်နှင့်
အခမ်းအနားစတင်ပါတော့တယ်။
မြို့နယ် လက်ထောက်ပညာရေးမူး မှစကာ အခမ်းအနား စတင်ဖွင့်လှစ်ပြီး မကြာမီ ဆုပေးပွဲ အစီအစဉ်ကို စတင်ခဲ့ပါတယ်။
ကျွန်တော်မှာ ဓာတ်ပုံရိုက် ပြီးအလုပ်ရူပ်နေပါတော့တယ်။

q5rfrwwjte.png

ဆုပေးပွဲ ပြီးသည်နှင့် ကလေး များရဲ့ အက ဖျော်ဖြေမူများ စတင်ကာ ကပြပါတယ်။
အစီအစဉ်တွေ အားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့
ကျွန်တော့်မှာ ထမင်းစားပြီး အိမ်ပြန်ရအောင်ပြင်ဆင်ခဲ့ရပါတယ်။ဒီနေ့လည်း ဓာတ်ပုံရိုက် ရှိသေးတာကြောင့် မအားတဲ့ကြားက အမြန်ပဲ စာရေးလိုက်ရပါတယ်ဗျာ။

MSC 045
@lwanwai

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center