ကျွန်တော်နှင့် တစ်ထောင်တန် -4

ကျွန်တော်နှင့် တစ်ထောင်တန် -4

ကျွန်တော်ဆီ မှာ ဘီယာဝယ်သောက်တဲ့ သူငယ်ချင်းနှစ်ယောက်က သောက်လို့အပြီးမှာ ပိုက်ဆံရှင်းမယ်
ဆိုတော့ ကျွန်တော်သွားတောင်း လိုက်တယ်။
သူက ပိုက်ဆံ ပေးလိုက်တော့ ကျွန်တော် ယူပြီး
ငွေ 8000 ပြန်အမ်းပေးလိုက်တယ်။

fglgxi.png

ငွေယူပြီးသူတို့က မပြန်သေးဘူး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး စပ်ကျဲကျဲ မျက်နှာပေးတွေ ဖြစ်နေတော့ ကျွန်တော် သိပ်ပြီး မသင်္ကာချင်တော့ဘူး။

ဒါနဲ့ ခုနက ပေးထားတဲ့ ပိုက်ဆံ ကို ပြန်ကြည့် လိုက်တယ်။ လား လား ငွေ တစ်ထောင်တန် ကျပ်ချွတ် ကလေး အပြာရောင်လေးကို သန်းလို့ ။
ကျွန်တော်လိုချင်တဲ့ တစ်ထောင်တန် ဗိုလ်ချုပ် ငွေ စက္ကူကို ဘီယာ တစ်လုံး ငွေ 8000 နဲ့ လဲပေးလိုက်မိတော့ မလို့ ပါလား။
သူတို့သာ ပြန်သွားရင် ကျွန်တော် သတိထားမိတော့မှာ မဟုတ်ဘူးလေ။

35mdtk.jpg

တစ်ကယ်တမ်းက သူတို့က ဗိုလ်ချုပ်ပုံ ပါတဲ့ဖက်ကို အောက်ကထားပြီးပေးလိုက်တာ ယူတော့ လူပုံမပါဘူး အပြာရောင် ငွေစက္ကူ ဆိုတော့ စိတ်ထဲက တစ်သောင်းတန်လို့ပဲ မှတ်ယူလိုက်တယ်။

ဒီလိုနဲ့ ကျွန်တော် ငွေ 8000 ဆုံးရူံးတော့ မလို့ပါဗျာ။
ဒီတော့ မှ ကျွန်တော် လိုချင်လှပါတယ် ဆိုတဲ့ ဗိုလ်ချုပ်ပုံ ငွေစက္ကူ ကို အတင်းပြန်ပေးပြီး
ခုနက ပေးထားတဲ့ ငွေ 8000 ဇွတ်ပြန်တောင်းရတော့တယ်လေ။

MSC 045
@lwanwai

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center