အိပ်မက် ည

အိပ်မက် ည

အိပ်မက် မက်တယ် ဆိုတာ မကြုံဘူးတဲ့လူရယ်လို့ရှိမှာ မဟုတ်ပါဘူး။
ကလေး လူငယ် လူကြီး အကုန်လုံးဟာ အိပ်မက်မက်ဖူးကြပါတယ်။
တစ်ချို့က ပျော်စရာတွေ မက်ကြတယ် အဲ့ဒီ ပျော်စရာ အိပ်မက်တွေနဲ့ပဲ ပြန်ပြီး ပျော်စရာတွေ စိတ်ကူးယဉ်ကြပြန်တယ်။

oy05wtr2rl.jpg

တစ်ချို့က အိပ်မက်ထဲမှာ ငိုကြွေးစရာတွေ ဝမ်းနည်း စရာတွေကြုံလာတဲ့အခါမှာ တစ်ကယ်ကို ဖြစ်ပျက်နေသကဲ့သို့ပဲ အပြင်မှာပါ အိပ်နေရာကနေ ဝူးဝူးဝါးဝါးထပြီး အော်ဟစ်ငိုယိုကြပြန်တယ်။
အိပ်နေရာကနေ လှန့်နိုးပါမှ အမောပြေစိတ်အေးရပြန်တယ်လေ။

ဒီလိုပါပဲ ကြောက်စရာတွေနဲ့ ကြုံလို့ ထွက်ပြေးမယ်ဆို
ကိုယ့်ခြေထောက်က ထွက်ပြေးဖို့အားအင်မရှိတော့လို့
တစ်ယောက်ယောက် တက်ဖိထားသလို ခံစားမိဖူးကြမှာပါ။ရန်တွေ ဖြစ်ကြရရင်တောင် ကိုယ့်ကိုယ်ကို စိတ်ရှိလက်ရှိ လုပ်ခွင့်မရလို့ စိတ်တိုနေမိသေးတယ်လေ။

ဆောင်းတွင်းလည်း ရောက်နေပြီ။
ညတာရှည်တဲ့ ‌ညတွေမှာ အိပ်မက်တွေက အစမရှိ အဆုံးမရှိ ဘယ်ကလာလို့ ဘယ်မှာ ဆုံးမယ်မသိဘူး။
ဒါကြောင့် လူကြီးတွေက ပြောကြတယ်
ဆောင်းတွင်း အိပ်မက် ကယောက်ကယက် တဲ့။

ဟိုမရောက် ဒီမရောက် အိပ်မက်ထဲ ပျော်စရာလေးတွေ နဲ့ပဲ တွေ့ချင်မိတော့တယ်။

MSC 045
@lwanwai

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center