ဆပ်ပြာရည်လုပ်နည်း

536c9a19e357aasahi.jpg

Images Credit - Original Source
လိုအပ်သောပစ္စည်း
မီးဖိုပြာအနုကို ဇကာချထားတဲ့ ပြာမှုန် ၁ပြည်
ရေသန့် ၈ဗူး
ရှောက်သီး (သို့မဟုတ်) သံပရာသီး ၁ပိဿာ
N-70 1 ကီလို
ဆား ၅၀ ကျပ်သား
ရေစစ်၊ ဇကာ၊ ထည့်စရာ ဇလုံ၊ ရေသန့်ဗူးများ၊ မီးဖို၊ ဒန်အိုး၊ ယောက်မ၊
ပြုလုပ်နည်း
ဇကာချထားတဲ့ မီးဖိုပြာမှုန် ၁ပြည်ကို ရေသန့် ၈ဗူးဖြင့် ၇ရက်ပြည့်အောင် စိမ်ပါ။ ၇ရက်ကြာသောအခါ ရေမှာ ချွဲနေပါမည်။ ထို အချွဲရည် အရည်ကြည် ၆ ပုလင်းရအောင် စစ်ယူပြီး ရှောက်သီး (သို့မဟုတ်) သံပရာသီး ၁ပိဿာကို မီးဖိုပေါ်တွင် ဒန်အိုးဖြင့် ရေ ၂ဗူးစာ ကျန်သည်အထိ ပြုတ်ပါ။
ထို ပြုတ်ရေ ၂ဗူးစာကို N-70 ၁ကီလို နှင့် ဆား ၅၀ကျပ်သား ရောမွှေပါ။ ၃နာရီကြာအောင် ဆားများပျော်သွားသည်အထိ မွှေပါ။ ထို့နောက် ၁ညသိပ်ထားပါ။
အနံ့ကြိုက်သူများအတွက် သံပရာ အနံ့ စသဖြင့် ထည့်နိုင်ပါတယ်။

ရန်ကုန် ၂၇ လမ်းဝန်းကျင်က ဓာတုပစ္စည်းဆိုင်၊ အကယ်ဒမီ၊ အင်ပါယာ စတဲ့ ဆိုင်တွေမှာ အနံ့နဲ့ ပတ်သတ်တာ၊ အရောင်နဲ့ပတ်သတ်တာ၊ N-70 စတာတွေ ၀ယ်နိုင်ပါတယ်။
ပြာစိမ်ရည် ကပြုတ်စရာမလိုပါ သံပရာပြုတ်ရည်နဲ့ ရောရမှာပါ။ ဆိုတော့ အရည် ၆ပုလင်းနဲ့ ၂ပုလင်း ၈ပုလင်း ရပြီး N-70 ၁ကီလိုနဲ့ ဆား ၅၀သား ရောမွှေမှာပါ။
အရောင်အနေနဲ့ ၀ါအောင် ဆနွင်းကို သုံးနိုင်ပါတယ်။
ဆနွင်းကို ရှောက်သီးပြုတ်ရေ စစ်ယူပြီး မီးဖို မှ မွှေ ချိန် မှာ ထည့်ပါတယ်..။ အော်ဂဲနစ်အနံ့ ကတော့ရှောက်သီး တောရှောက်ခါးသီးများ သုံးနိုင်ပါတယ်..။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center