မယ်ကြည်နှင့် ကျောင်းသူဘဝ အမှတ်တရများ

FB_IMG_1515443754603.jpg

မှတ်မိသေးသည် မယ်ကြည် GTC second years တွင် Btech ပါတော့ မယ်ကြည် မုံရွာ (နည်းပညာ) တက္ကသိုလ်မာ လာတက်ရပေသည်..။AGTI က စက်မူ့လက်မူ့သိပ္ပံ(စစ်ကိုင်း) ယခု နည်းပညာတက္ကသိုလ်( စစ်ကိုင်း )တွင် တက်ရောက်ခဲ့ရပီး မယ်ကြည်တို့နှစ်က TU မပြောင်းသေးလို့ BTech အတန်းကို မုံရွာ နည်းပညာတက္ကသိုလ် တွင် လာတက်ရတာဖြစ်ပါတယ်..။ မယ်ကြည့်မိဘတွေက အဲ့ဒီချိန်တုံးက စစ်ကိုင်းမာ ဝန်ထမ်းတွေ ဆိုတော့ မယ်ကြည်လေးတယောက် ယောင်တောင်နဲ့ မုံရွာ ရွှေမြို့တော်ကြီး ရောက်လာတာပါပဲ...။
FB_IMG_1515444004700.jpg

မယ်ကြည်နဲ့အတူတူ ကျောင်းလာတက်ကြက စစ်ကိုင်း ကျောင်းက သူငယ်ချင်းနဲ့ အတူ လာကြတာပါ..။မယ်ကြည်တို့နှစ်ယောက် မြေနဲဆိုတဲ့ ရွာမာ ဆင်းပီး ဗောဓိတစ်ထောင်သို့ ဆိုတဲ့ လမ်းအတိုင်း သေတ္တာတစ်လုံးစီ၊ အိတ်တစ် လုံးစီ ဆွဲခြင်းတစ်လုံးစီနဲ့ မြင်းလှည်းငှါး ကျောင်းဘက် ထွက်ခဲ့ကြရော..။ အဆောင်လဲ မငှါးရသေးဘူး တခြားသူငယ်ချင်းတွေရော ဘယ်မာနေကြတယ်မသိရသေးဘူ...။
FB_IMG_1515444336114.jpg

မြင်းလှည်းဆရာက စိတ်ရှည်ရှည်နဲ့ ပို့ပေးရှာပါတယ် မယ်ကြည်တို့ နေချင်တယ့် အဆောင် မရမချင်း လိုက်ပို့ပေးပါတယ်..။နောက်ဆုံး ကျောင်းနားက ငွေကြယ်စင်ဆိုတဲ့ အဆောင်မာ နေဖြစ်ကြရော..။အဆောင်က အသားနဲ့ထရံကာ နှစ်ထပ်လေး ဝရံတာ ပတ်ပတ်လည် နဲ့ ချစ်စရာလေး.. ။မယ်ကြည်တို့ နှစ်ယောက်တစ်ခန်း အပေါ်ထပ်မာ နေရာချ ဖျာခင်း သေတ္တာနေရာချ မလွယ်ဘူးလေ ဒါတောင် အဆောင်က ကိုယ့်ရှေ့ ရောက်နှင့်သူတွေ ကူညီကြလို့သာပါ..။ မယ်ကြည်တွက် အရာရာ ကိုယ့်အားကိုယ်ကိုးဖို့ ပထမ ခြေလှမ်းတွေပါ..။စစ်ကိုင်းကျောင်းတုံးက ကျောင်းကားနဲ့ အမေထည့်ပေးတဲ့ ထမင်းထုတ်ယူ ကျောင်းတက်ရုံပဲ..။ခုကျ ကိုယ့်အဝတ်အစား ကိုယ်လျော်၊ ကိုယ့်ထမင်းကိုယ်ချက်စားရတော့မည် ဖြစ်သဖြင့် မယ်ကြည် အလွန် စိတ်ဝင်စားပါသည်။တစ်ခါမ ဘာမှ မလုပ်ဖူးသူနှင့် တွေ့ကြပီလေ..။မယ်ကြည်နဲ့ အတူနေ သူငယ်ချင်းက စစ်ကိုင်း ကျောင်းမာ တက်ခနဲက သူက အဝေးက လာတက်သူမလို့ အရာရာ အကျင့်ရပီးသားပင်..။အစပိုင်းတော့ သူ ချက်ကြွေးတာ စားသည်...။နောင်ပိုင်း မယ်ကြည့်ကို ချက်တတ်အောင် သင်ပေးသည်..။ပထမဆုံး ထမင်းစချက်ရသည့်နေ့.. ။ချက်ရတာက မီးသွေးမီးဖိုနှင့် မီးသွေးလဲ မမွှေးတတ်သေးသည့် အချိန်..။
FB_IMG_1515444718515.jpg

ထမင်းအိုးက မီးသွေးဖိုပေါ် ပွက်ပွက်ဆူလာပီ မယ်ကြည် သေချာ ယောင်းမနှင့်မွှေ ငှဲ့ရတော့မလား မသိဘူး ဇဝေဇဝါနှင့် "မပွင့်ရေ မပွင့် လာကြည့်ပေးဦး ငှဲ့ရတော့မလား" ထိုကဲ့သို့ ၁၀ခါထက်မနဲ ခေါ်ပီး လာကြည့်ပေးလို့ အဆင်ပြေ ချောချောမွေ့မွေ့ ကျက်လာသည့် ထမင်းတစ်အိုး..။အဲ့ဒီနေ့က ချက်သည့်ဟင်းက ဆူးပုတ်ရွက်ကို ကြက်ဥ နှင့် အချပ်လိုက်ကြော်ခဲ့သည်ပင်..။
FB_IMG_1515444838987.jpg

အစစ အဆင်ပြေချောမွေ့ သဖြင့် အတူနေ သူငယ်ချင်းကတောင် ချီးကျူးလေသည်..။မယ်ကြည်တော်သည်ဟု..။ ပထမဆုံး ခြေလှမ်းက အဆင်ပြေတော့ နောက်ခြေလှမ်းတွေလဲ အသာလေးပင် အဆင်ပြေခဲ့သည်..။အကျီလျော်ရမလား ထမင်းအိုးဆေး ဟင်းအိုးဆေး ပန်းကန်ဆေး အကုန်လုပ်နိုင်ပြီ ဖြစ်သည်..။မယ်ကြည့်အမေက မယ်ကြည် အငယ်ဆုံးမလို့ ချစ်သည် အိမ်တွင် ဘာမှ မခိုင်း ထို့ကြောင့် မယ်ကြည် အိမ်မူ့ကိစ္စ ဘာမှ မလုပ်တတ်ပေ..။
ဆက်လက် ဖတ်ရူ့ပါရန်.....။received_1081955981947213.gif
Author :@kyi
MSC No 050
Photo facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center